“ထိုင်းစတိုင် ကြာဇံရှုးရှဲချဉ်ငန်စပ်သုပ်” လုပ်နည်းလေး
ကဲ အားလုံးပဲ အရသာရှိရှိလေးတွေ လုပ်စားကြရအောင်နော်
အရမ်းကိုစားလို့ကောင်းတဲ့ ထိုင်းစတိုင် ကြာဇံရှူးရှဲချဉ်ငန်စပ်သုပ်လေး ချဉ်ငန်စပ်စပ်လေးလုပ်ရတာလဲ အရမ်းကိုလွယ်တယ်နော်
“ထိုင်းစတိုင် ကြာဇံရှုးရှဲချဉ်ငန်စပ်သုပ်” လုပ်ရန်အတွက်ပါဝင်ပစ္စည်းများ>>>
၁.ယိုးဇယားReadymade အပြာထုတ်၂ထုတ်
၂.CPကြက်ကြောလုံး လိုသလောက်,ဝက်သားပြုတ်အနဲငယ်(ဝက်သားကမထည့်လဲရ)
၃.ပဲပင်ပေါက်,ကြက်သွန်နီ,ဂေါ်ဖီထုတ် အနဲငယ်
၄.ငရုတ်သီးအတောင့်ကြော် (ထမင်းစားဇွန်း၅ဇွန်း)
၅.ကင်းမွန်ငံပြာရည် (ဟင်းခတ်ဇွန်း၃ဇွန်း)
၆.သံပုရာသီး ၃လုံး , ဟင်းချိုမှုန့်လိုသလောက်
“ထိုင်းစတိုင် ကြာဇံရှုးရှဲချဉ်ငန်စပ်သုပ်” ပြုလုပ်နည်း
အဆင့်ဆင့် >>>
၁ ပဲပင်ပေါက်,ကြက်သွန်နီ,ဂေါ်ဖီထုတ် အနဲငယ်ကို လှီးထားပါ
၂ CPကြက်ကြောလုံး လိုသလောက်,ဝက်သားပြုတ်အနဲငယ်(ဝက်သားကမထည့်လဲရ) ကြော်ထား,ပြုတ်ထားပါ
၃ ယိုးဇယားReadymade အပြာထုတ်၂ထုတ်ကို ပြုတ်ထားပါ (အရမ်းမပျော့ပါစေနဲ့)
၄ ပဲပင်ပေါက်,ဂေါ်ဖီထုတ် တွေကို ၅မိနစ်လောက် ပြုတ်ထားပေးပါ
၅ သုပ်နည်း>>> ငရုတ်သီးအတောင့်ကြော် (ထမင်းစားဇွန်း၅ဇွန်း)ကို ထည့်ပါ ကင်းမွန်ငံပြာရည် (ဟင်းခတ်ဇွန်း၃ဇွန်း)ထည့်ပါ သံပုရာသီး ၃လုံးကိုညှစ်ထည့်ပါ ဟင်းချိုမှုန့်လိုသလောက်ထည့်ပါ
၆ အပေါ့အငန်မြည်းပီး အချဉ်ရည်စပ်စပ်လေး ရပါပီ
၇ အချဉ်ရည်ထဲကို ကြက်သွန်နီလှီးထားတာတွေထည့်ပီးနှယ်ပါ CPကြက်ကြောလုံး လိုသလောက်,ဝက်သားပြုတ်အနဲငယ်(ဝက်သားကမထည့်လဲရ) ကြော်ထား,ပြုတ်ထားတာတွေထည့်ပီးနှယ်ပါ
၈ သမအောင်နှယ်ထားပါ
၉ အကုန်လုံးရောနှယ်ထားတဲ့အချဉ်ရည်ထဲကို ကြာဇံပြုတ်တ်ထားတွေထည့်ပီး သမအောင်ထပ်ရောနှယ်ပါ
၁၀ နောက်တော့ ပဲပင်ပေါက်,ဂေါ်ဖီထုတ် တွေကို ပြုတ်ထားတာတွေထည့်ပီး သမအောင်ထပ်ပီးနှယ်ပါ
၁၁ ပီးရင် ကြာဇံထုတ်ထဲကပါသော ဆီထုတ်တွေကို ဖောက်ထည့်ပီး သမအောင်ထပ်နှယ်ပါ
၁၂ ကဲ…………နောက်ဆုံးမှာတော့ အရမ်းကိုအရသာရှိပီး ချဉ်ချဉ်စပ်စပ်အရသာလေးနဲ့ “ထိုင်းစတိုင် ကြာဇံရှုးရှဲချဉ်ငန်စပ်သုပ်” လေးကို စားလို့ရပါပီအရသာကတော့ ဘန်ကောက်မှာစားဖူးတဲ့အရသာတွေအတိုင်းဘဲလုပ်စားကြည့်ကြနော်
Crd
Zawgyi
၎.ငရုတ်သီးအတောင့်ကြော် (ထမင်းစားဇွန်း၅ဇွန်း)
အဆင့်ဆင့် >>>
၎ ပဲပင်ပေါက်,ဂေါ်ဖီထုတ် တွေကို ၅မိနစ်လောက် ပြုတ်ထားပေးပါ
၈ သမအောင်နှယ်ထားပါ
Crd