Health Knowledge ကျန်းမာရေး

ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင် ရှမ်းနံနံ

ဆေးဖက်ဝင်တဲ့ ဟင်းခတ်အမွှေးအကြိုင် ရှမ်းနံနံ

ရှမ်းနံနံသာ ပြောရတယ်၊ ရှမ်းတွေပဲစားကြတဲ့ ဟင်းခတ် မဟုတ်ပါဘူး။ မွန်ဟင်းတွေမှာလည်းပါတယ်၊ ရခိုင်ဟင်းတွေမှာလည်းပါတယ်၊

မြန်မာဟင်းတွေမှာလည်းပါတယ်၊ မြန်မာနိုင်ငံအနှံ့အပြားက နေရာဒေသအမျိုးမျိုးရဲ့ ဒေသအစားအစာတွေမှာ ပါဝင်လေ့ရှိပါတယ်။

ဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများတယ်ဆိုပေမယ့် ကျိုက်ထီးရိုးတောင်ပေါ်မှာ စားခဲ့ရတဲ့ မုန့်ဟင်းခါးမှာ ရှမ်းနံနံတွေ နိုင်းချင်းထည့်စားကြတာ တွေ့ဖူးတယ်။

ရှမ်းနံနံက အစိမ်းပဲစားစား၊ ဟင်းထဲပဲ ခတ်ခတ် အညှီပျောက်တယ်၊ ဟင်းအနံ့ကို ပိုမွှေးစေတယ်လေ။

အစကတော့ မြန်မာမှာပဲ သုံးကြတယ်ထင်နေတာ။ သူ့နာမည်က ရှမ်းနံနံဆိုတာကိုး။ ဒါပေမယ့် သူ့အကြောင်းရှာကြည့်လိုက်တော့မှ မက္ကဆီကိုနဲ့ တောင်အမေရိကမှာရော၊ ကာရေးဘီးယား၊ လက်တင်အမေရိကတို့မှာပါ အသုံးများတာသိလိုက်ရတယ်။

ဆေးဖက်ဝင်လို့ ဆေးတွေတောင် ထုတ်တာနော်။ သွေးတိုးကျတယ်၊ အစာကြေတယ်၊ စတဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကြောင့် အရှေ့တောင်အာရှမှာဆို မြန်မာအပြင် အိန္ဒိယ၊ ကိုရီးယား၊ ဗီယက်နမ်နဲ့ထိုင်းမှာလည်း စားသုံးကြပါတယ်။

ထိုင်းဟင်းလျာတွေမှာဆို နံနံပင်အမြစ်၊ ရှမ်းနံနံအမြစ်တွေထောင်းထည့်တော့ မွှေးနေရော။ သူတို့တွေဆီမှာ ဘယ်ရောဂါတွေအတွက် သုံးကြလဲဆိုတော့ –

ပန်းနာရင်ကျပ်

ဗိုက်အောင့်ခြင်း

နားကိုက်ဝေဒနာ

အစာခြေစနစ်ပြဿနာတွေ( သန်ထတာ၊ ဝမ်းပျက်တာ)

အင်းဆက် အကိုက်ခံရတာ

အဖျားတက်တာ

ငှက်ဖျားရောဂါတို့အတွက် ကုသနည်းအဖြစ်တောင် ထည့်သွင်းအသုံးပြုကြပါတယ်။

ဘယ်လိုအကျိုးကျေးဇူးတွေရှိတာလဲ-

မရှိမဖြစ်အရေးပါတဲ့ အာဟာရဓာတ်တွေပါဝင်တယ်။ တုပ်ကွေးဖြစ်တဲ့အခါ သက်သာစေတယ်၊ သွေးတိုးကျစေတယ်၊ပန်းနာရင်ကျပ်ကို သက်သာစေတယ်၊ အရောင်ကျစေတယ် – နာကျင်တာ၊ ရောင်ရမ်းတာ၊ အဆစ်နာရောဂါတွေကိုသက်သာစေတယ်၊ အကိုက်အခဲပျောက်စေတယ်

– trimethylbenzaldehydes ပါဝင်လို့ နာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်တယ်၊ နားကိုက်တာ၊ ဗိုက်အောင့်တာ၊ ခေါင်းကိုက်တာတွေအတွက် ရှမ်းနံနံရေနွေးကြမ်းကို သောက်သုံးကြလေ့ရှိပါတယ်။

ဆီးချိုကျစေတယ်၊ ဝမ်းချုပ်ခြင်းကို သက်သာစေတယ်၊ အဖျားကျစေတယ်၊ ပျို့အန်ခြင်း၊ ဝမ်းပျက်ခြင်း၊ အအေးမိခြင်း၊ နမိုးနီးယား၊ ဗိုက်အောင့်ဗိုက်နာခြင်းတွေအတွက် ရှမ်းနံနံကို အသုံးပြုလေ့ရှိပါတယ်။

ပင့်ကူကိုက်ခံရရင် ရှမ်းနံနံရွက်ကို ကြိတ်ခြေပြီးလိမ်းပေး၊ သက်သာတယ်လို့ ဆိုကြပါတယ်။ တခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီးရှိသေးတယ်ဆိုပေမယ့် ဒီလောက်နဲ့တင် ရှမ်းနံနံကို စားသင့်နေပါပြီနော့။

ဈေးမှာ ပေါတော့ ဝယ်ရလည်းလွယ်တယ်၊ အိမ်မှာစိုက်ချင်လည်း အရွက်ကိုသုံးပြီး ကျန်တဲ့အမြစ်လေးတွေ ရှိတဲ့ပန်းအိုးထဲ ထည့်စိုက်ထားလိုက်ရုံပဲ။ လိုမှခူးစားလို့ ရတာပေါ့။

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Credit -Hello ဆရာဝန်

Zawgyi
ေဆးဖက္ဝင္တဲ့ ဟင္းခတ္အေမႊးအႀကိဳင္ ရွမ္းနံနံ

ရွမ္းနံနံသာ ေျပာရတယ္၊ ရွမ္းေတြပဲစားၾကတဲ့ ဟင္းခတ္ မဟုတ္ပါဘူး။ မြန္ဟင္းေတြမွာလည္းပါတယ္၊ ရခိုင္ဟင္းေတြမွာလည္းပါတယ္၊

ျမန္မာဟင္းေတြမွာလည္းပါတယ္၊ ျမန္မာနိုင္ငံအႏွံ့အျပားက ေနရာေဒသအမ်ိဳးမ်ိဳးရဲ့ ေဒသအစားအစာေတြမွာ ပါဝင္ေလ့ရွိပါတယ္။ ဟင္းခတ္အေမႊးအႀကိဳင္အျဖစ္ အသုံးမ်ားတယ္ဆိုေပမယ့္ က်ိဳက္ထီးရိုးေတာင္ေပၚမွာ စားခဲ့ရတဲ့ မုန႔္ဟင္းခါးမွာ ရွမ္းနံနံေတြ နိုင္းခ်င္းထည့္စားၾကတာ ေတြ႕ဖူးတယ္။

ရွမ္းနံနံက အစိမ္းပဲစားစား၊ ဟင္းထဲပဲ ခတ္ခတ္ အညႇီေပ်ာက္တယ္၊ ဟင္းအနံ့ကို ပိုေမႊးေစတယ္ေလ။

အစကေတာ့ ျမန္မာမွာပဲ သုံးၾကတယ္ထင္ေနတာ။ သူ႔နာမည္က ရွမ္းနံနံဆိုတာကိုး။ ဒါေပမယ့္ သူ႔အေၾကာင္းရွာၾကည့္လိုက္ေတာ့မွ မကၠဆီကိုနဲ႔ ေတာင္အေမရိကမွာေရာ၊ ကာေရးဘီးယား၊ လက္တင္အေမရိကတို႔မွာပါ အသုံးမ်ားတာသိလိုက္ရတယ္။

ေဆးဖက္ဝင္လို႔ ေဆးေတြေတာင္ ထုတ္တာေနာ္။ ေသြးတိုးက်တယ္၊ အစာေၾကတယ္၊ စတဲ့က်န္းမာေရးအက်ိဳးေက်းဇူးေတြေၾကာင့္ အေရွ႕ေတာင္အာရွမွာဆို ျမန္မာအျပင္ အိႏၵိယ၊ ကိုရီးယား၊ ဗီယက္နမ္နဲ႔ထိုင္းမွာလည္း စားသုံးၾကပါတယ္။

ထိုင္းဟင္းလ်ာေတြမွာဆို နံနံပင္အျမစ္၊ ရွမ္းနံနံအျမစ္ေတြေထာင္းထည့္ေတာ့ ေမႊးေနေရာ။ သူတို႔ေတြဆီမွာ ဘယ္ေရာဂါေတြအတြက္ သုံးၾကလဲဆိုေတာ့ –

ပန္းနာရင္က်ပ္

ဗိုက္ေအာင့္ျခင္း

နားကိုက္ေဝဒနာ

အစာေျခစနစ္ျပႆနာေတြ( သန္ထတာ၊ ဝမ္းပ်က္တာ)

အင္းဆက္ အကိုက္ခံရတာ

အဖ်ားတက္တာ

ငွက္ဖ်ားေရာဂါတို႔အတြက္ ကုသနည္းအျဖစ္ေတာင္ ထည့္သြင္းအသုံးျပဳၾကပါတယ္။

ဘယ္လိုအက်ိဳးေက်းဇူးေတြရွိတာလဲ-

မရွိမျဖစ္အေရးပါတဲ့ အာဟာရဓာတ္ေတြပါဝင္တယ္။ တုပ္ေကြးျဖစ္တဲ့အခါ သက္သာေစတယ္၊ ေသြးတိုးက်ေစတယ္၊ပန္းနာရင္က်ပ္ကို သက္သာေစတယ္၊ အေရာင္က်ေစတယ္ – နာက်င္တာ၊ ေရာင္ရမ္းတာ၊ အဆစ္နာေရာဂါေတြကိုသက္သာေစတယ္၊ အကိုက္အခဲေပ်ာက္ေစတယ္

– trimethylbenzaldehydes ပါဝင္လို႔ နာက်င္ကိုက္ခဲမႈကို သက္သာေစနိုင္တယ္၊ နားကိုက္တာ၊ ဗိုက္ေအာင့္တာ၊ ေခါင္းကိုက္တာေတြအတြက္ ရွမ္းနံနံေရေႏြးၾကမ္းကို ေသာက္သုံးၾကေလ့ရွိပါတယ္။ ဆီးခ်ိဳက်ေစတယ္၊

ဝမ္းခ်ဳပ္ျခင္းကို သက္သာေစတယ္၊ အဖ်ားက်ေစတယ္၊ ပ်ိဳ႕အန္ျခင္း၊ ဝမ္းပ်က္ျခင္း၊ အေအးမိျခင္း၊ နမိုးနီးယား၊ ဗိုက္ေအာင့္ဗိုက္နာျခင္းေတြအတြက္ ရွမ္းနံနံကို အသုံးျပဳေလ့ရွိပါတယ္။

ပင့္ကူကိုက္ခံရရင္ ရွမ္းနံနံရြက္ကို ႀကိတ္ေျခၿပီးလိမ္းေပး၊ သက္သာတယ္လို႔ ဆိုၾကပါတယ္။ တျခားက်န္းမာေရးအက်ိဳးေက်းဇူးေတြလည္း အမ်ားႀကီးရွိေသးတယ္ဆိုေပမယ့္ ဒီေလာက္နဲ႔တင္ ရွမ္းနံနံကို စားသင့္ေနပါၿပီေနာ့။

ေဈးမွာ ေပါေတာ့ ဝယ္ရလည္းလြယ္တယ္၊ အိမ္မွာစိုက္ခ်င္လည္း အရြက္ကိုသုံးၿပီး က်န္တဲ့အျမစ္ေလးေတြ ရွိတဲ့ပန္းအိုးထဲ ထည့္စိုက္ထားလိုက္႐ုံပဲ။ လိုမွခူးစားလို႔ ရတာေပါ့။

ေရးသားသူ Yun Sandi Nan Mon

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

Credit -Hello ဆရာဝန္