Knowledge Sharing ဗဟုသုတ အစားအစာ

အိမ်နေရင်းချဥ်ပေါင်ယို ချဥ်ချဥ်စပ်စပ်လေး လုပ်စားမယ်

ချဉ်ပေါင်ရွက်ယို

ချဉ်ပေါင်ရွက်ကို ဟင်းအဖြစ်သာမက ကျန်းမာရေးဓာတ်စာအဖြစ်လည်း အသုံးပြုနိုင်သည်။

ကျန်းမာရေး အခြေအနေကြောင့် ခံတွင်းပျက်နေလို့ဖြစ်စေ၊ ရာသီဥတုကြောင့် အစားမချိုလျှင် ခံတွင်းမြိန်အောင် ချဉ်ပေါင်ရွက်ကို မျှစ်နှင့်ကြော်စားကြမလား ဒါမှမဟုတ် အချဉ်ဟင်းပဲချက်စားမလား၊ ချဉ်ပေါင်ယိုထိုးပြီး သေရစာလိုပဲစားမလား ပုံစံအမျိုးမျိုးဖြင့် စားသုံးနိုင်ပါတယ်။

ချဉ်ပေါင်ရွက်ရဲ့ အကျိုးကျေးဇူးတွေကတော့ အအေးမိဖျားနာခြင်းကို သက်သာစေသလို၊ သံဓာတ်ပါဝင်တဲ့အတွက် အားနည်းခြင်းရောဂါအတွက် အထူးသင့်လျော်သော ဓာတ္စာတစ္ခု ဖြစ်ပါတယ်။

ချဉ်ပေါင်ယို ပြုလုပ်တဲ့အခါမှာတော့ ချဉ်ပေါင်အသီးကိုဖြစ်စေ၊ ချဉ်ပေါင်ရွက်ကိုဖြစ်စေ အသုံးပြုနိုင်ပါတယ်။

ချဉ်ပေါင်ရွက် ပေါများတဲ့အချိန်မျိုးမှာဖြစ်စေ ချဉ်ပေါင်သီးများပေါ်ချိန်တွင်ဖြစ်စေ ချဉ်ပေါင်ယိုများပြုလုပ်ပြီး သိမ်း ဆည်းထားနိုင်ပါသည်။

သိမ်းဆည်းထားသော ယိုမ်ားကို ထမင်းစားပြီး အချိုတည်းရာတွင်လည်း စားသုံးနိုင်ပါတယ်။

ချဉ်ပေါင်ရွက်ဟာ သံဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်တဲ့အတွက် သွေးအားနည်းသူများအတွက် ဓာတ္စာတစ္ခု အနေနဲ့လည်း အသုံးပြုနိုင်တယ်နော်။

ဗီတာမင်စီ ပါဝင်တဲ့အတွက် ကိုယ်ခံစွမ်းအားကို ကောင်းမွန်စေပါတယ်။

ပါဝင်ပစ္စည်းတွေကတော့

ချဉ်ပေါင်ရွက်/ ချဉ်ပေါင်သီး (၁) ပိဿာ

ထန်းလျက် (၅၀) ကျပ်သား

ဆား (၅) ကျပ်သား

ရေ (၁.၅) လီတာ

ငရုတ်သီးခြောက် (၅) ကျပ်သား

ပထမအဆင့်အနေနဲ့

ချဉ်ပေါင်ရွက်/ အသီးမ်ားကို ရေစင်အောင်ဆေးကြောပြီး နေလှန်း အခြောက်ခံထားပါ။

အရမ်းမစိုမခြောက် အနေအထားရောက်လျှင် သိမ်းထားနိုင်ပါသည်။

ဒုတိယအဆင့်အနေနဲ့

ထန်းလျက် (၅၀) ကျပ်သားကို ရေ (၁.၅) လီတာနှင့် ရောပြီးကြိုပါ။

ထို့နောက် ထန်းလျက်ရည် အနည်းငယ် ပျစ်လာလျှင် မီးဖိုမွခ်၍ ထန်းလျက်ရည်ကို စစ်ယူထားပါ။

အချို့က သကြားအသုံးပြုပြီး ယိုထိုးကြတယ်နော်။

သကြားဆိုရင်တော့ (၂၅ – ၃၀) ကျပ်သားလောက် ထည့်ကြပါတယ်။

ပြီးနောက် စစ္ထားတဲ့ ထန်းလျက်ရေထဲကိုအခြောက်ခံထားတဲ့ ချဉ်ပေါင်ရွက်များကို ထည့်ကြိုပါ။

တတိယအဆင့်အနေနဲ့

ဆား (၅) ကျပ်သားထည့်၍ မွှေပါ။ မီးအေးအေးနှင့် အဆက်မပြတ်မွှေပေးရန် လိုအပ်ပါတယ်။

အစပ်ကြိုက်တတ်သူများအတွက် ချဉ်စပ်အနေအထားလည်း ပြုလုပ်နိုင်ပါတယ်။

အစပ်ကြိုက်သူများ အတွက် ငရုတ်သီးအခြောက်များကို ကြိတ်ထားပြီး ဆားထည့်တဲ့အချိန်မှာ ငရုတ်သီးပါ ထည့်ပေးနိုင်ပါတယ်။

ခပ်ပျစ်ပျစ် အနေအထားရောက်ပြီဆိုရင်တော့ အအေးခံပြီး ဗူးထဲကိုထည့် စားသုံးနိုင်ပါပြီ။

zawgyi

ချဉ်ပေါင်ရွက်ယို











ထန်းလျက် (၅၀) ကျပ်သား

ဆား (၅) ကျပ်သား

ရေ (၁.၅) လီတာ


ပထမအဆင့်အနေနဲ့



ဒုတိယအဆင့်အနေနဲ့






တတိယအဆင့်အနေနဲ့





Crd