သစ်ခွချစ်သူများအတွက် သစ်ခွပင်မျိုးပွားနည်းနှင့်စိုက်ပျိုးနည်း
သစ်ခွပင် ပြန်လည်ခွဲစိုက်ခြင်းရိုးရိုးရှင်းရှင်းလေးပါပဲ။စိုက်ပျိုး ရေးပညာရှင်တွေအတွက်တော့ မထူးဆန်းဘူးဆိုပေမယ့် လုံးဝမသိသေးတဲ့
နောက်ပြီး သစ်ခွကိုချစ်တဲ့ သူတွေအတွက် ရည်ရွယ်ပါတယ်။မိမိတို့အိမ်မှာအလှစိုက်ပျိုးထားတဲ့ သစ်ခွတွေ အပွင့်ပွင့်ပြီး
အပင်ကို ဒီအတိုင်းထားမယ့်အစား ပြန်လည်ခွဲစိုက်လိုက်မယ်ဆိုရင် သစ်ခွတွေ မျိုးပွားလာမှာ အမှန်ပါ။
ပထမ အပွင့်ပွင့်ပြီးအပင်ရိုးတံအား စတီးဓါးဖြင့် အပင်အရင်းနား ကပ်၍လှီးပါ။
(သံချေးတက်နေသောဓါး အသုံးပြုလျှင် စိတ်မချရပါ။ )ခပ်စောင်းစောင်းကလေး လှီးပေးပါ။
ထို့နောက် အုန်းဆံခွံအား နှစ်ပိုင်း ပိုင်း၍အပေါက်ဖောက်ပြီး ၎င်းလှီးထားသောအပင်အား တစ်လက်မခွဲခန့် ထိုးသွင်းလိုက်ပါ။
အုန်းဆံခွံ သို့မဟုတ် ခွက်တစ်ခုခုဖြင့်ထည့်ပြီး စုပေါင်းပျိုးထားပေးပါ။
နေရာင်ခြည်တိုက်ရိုက်မထိနိုင်သော အရိပ်အောက်၌ထားပါ။ ရေမခြောက်သွားအောင်တော့ ဂရုစိုက်ရပါလိမ့်မယ်။ သုံးရက်တစ်ခါရေလောင်းပေးပါ ။
တစ်လကျော်တာနဲ့အရိုးတံကနေ အစို့ကလေးထွက်လာပြီး သားတက်နှင့်တကွအမြစ်ပါ ထွက်လာပါလိမ့်မယ်။
သားတက် နှစ်လက်မအရွယ်ရောက်ပါကကြိုက်နှစ်သက်ရာ နေရာတွေမှာ စိုက်လို့ရပါပြီ။
Crd
Zawgyi