ပိုက်ဆံတစ်ကျပ်မှကုန်စရာမလိုဘဲ ယင် မလာအောင်ပြုလုပ်နည်
အကုန်အကျမရှိပဲယင်မလာအောင်လုပ်နည်း
သင်နေတဲ့နေရာမှာ ယင်ကောင်တွေ အရမ်းပေါနေလား
စားသောက်ဆိုင်တွေ လက်ဖက်ရည်ဆိုင်တွေ ထမင်းဝိုင်းတွေမှာ ယင်ကောင်တွေ တရုန်းရုန်းနဲ့ဆိုရင် အော်ဂလီဆန်စရာပါ။
ယင်ကောင်ဟာ ရောဂါပိုးတွေ အများကြီး သယ်ဆောင်လာလို့ယင်နားစာကို မစားဖို့သတိပေးတယ် မဟုတ်ပါလား။
ယင်မလာအောင်လည်းလုပ်ချင်တယ်ပိုက်ဆံကလည်းမကုန်ချင်ကြဘူးမလား
ဒါကြောင့် ယင်ကောင်မလာစေချင်ရင် ပုံမှာပြထားတဲ့အတိုင်း ဇီးဖြူခက်ကလေးတွေကို ထမင်းဝိုင်းမှာ ချထားလိုက်ရုံပါပဲ။
စားရတဲ့ဇီးဖြူသီးသီးတဲ့ အပင်က အခက်ကလေးတွေပါကြာလေ ပိုအစွမ်းထက်လေဆိုပဲ မေမြို့က လက်ဖက်ရည်ဆိုင်မှာ တွေ့ခဲ့တဲ့ နည်းလေးပါ။
တကယ် ယင်မလာတော့ပါ လက်တွေ့ပါ..ကဲ လုပ်ကြည့်လိုက်ကြစို့။
Zawgyi
Crd