ကျန်းမာရေး ဗဟုသုတ အစားအစာ

အသီးအရွက်တွေ ကြာရှည်အထားခံတဲ့ နည်းလမ်းများ

အသီးအရွက်တွေ ကြာရှည်အထားခံတဲ့ နည်းလမ်းများ

သိသလောက်စဉ်းစားလို့ရသလောက် ရေးလိုက်ပါတယ်.လိုတာရှိ ထပ်ဖြည့်ပေးကြပါရှင်.

ကျောက်ဖရုံ /ရွှေဖရုံ စသည်တို့ကအထားခံဆုံးပါအေးပြီး ခြောက်သွေ့တဲ့နေရာ သို့ ကြိုးနဲ့ဆိုင်းပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ချိတ်ဆွဲထားပါ.

အာလူး /ကန်စွန်းဥ / ပိန်းဥ စသဖြင့်တို့ကို..ရေလုံးဝမထိစေပဲ.ခြောက်သွေ့အေးမြတဲ့နေရာမှာ ထားပါ.

အလင်းရောင်မရတဲ့နေရာ ဆို ပိုအထားခံပါတယ်အိမ်မှာတော့ကြွပ်ကြွပ်အိတ်အမည်းထဲ ထည့်ပြီး မီးဖိုချောင်ရဲ့ အေးတဲ့နေရာမှာ ထားပါတယ်

ကြက်သွန်နီ ဖြူ တို့ကို ရောမထားပဲ သတ်သတ်စီထားပါ.အပုပ်အနာ ပါတာများ သေချာရွေးပြီးဖြန့်ထားလို့ရရင် ဖြန့်ထားပြီး သိမ်းပါ.

ခရမ်းချဉ်သီး ကိုရေမဆေးပဲ ၁အဝတ်ခြောက်နဲ့ သေချာသုတ်ပြီးဘူးနဲ့ ရေခဲသေတ္တာ ထဲ ထည့်သိမ်းနိုင်ပါတယ်၂ အစေ့ထုတ် ကြိတ်ကာအထုပ်ငယ်များထုပ် အခဲခန်းထဲသိမ်းနိုင်ပါတယ်၃ဆီများများနဲ့ အနှစ်လုပ်ကြော်ကာ ရေခဲသေတ္တာထဲ ထည့်သိမ်းနိုင်ပါတယ်..၄သဲစိုစိုပေါ် ဖြန့်ခင်းကာ သိမ်းနိုင်ပါတယ်၅အညှာပါ ပါကအညှာများကို ကြိုးနဲ့ချည်ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ ချိတ်ဆွဲ သိမ်းနိုင်ပါတယ်.

ဒန့်ဒလွန်သီးကို.အသားခြစ်ပြီး အထုပ်ငယ်များ ထုပ်ကာအခဲခန်းထဲ သိမ်းနိုင်ပါတယ်..

ပန်းဂေါ်ဖီ အဖြူ အစိမ်းတို့ကို.ရေနွေးဆူဆူဖျောကာ.ရေစစ်ပြီးအထုပ်ငယ်များထုပ်ကာအခဲခန်းထဲ သိမ်းနိုင်ပါတယ်.

ငရုတ်စိမ်းများကို.၁. ရေမဆေးပဲ ဘူးနဲ့ ရေခဲသေတ္တာ ထဲ သိမ်းနိုင်ပါတယ်. ၂.ခြောက်သွေ့အေးမြတဲ့နေရာမှာဖြန့်ကျင်း ထားနိုင်ပါတယ် ၃. ဆား နဲ့ ဆီ..ပါလေကာထည့်ကာ ပြုတ်ပါနူးလာရင်.blender နဲ့ မညက်တညက်ကြိတ်ပြီး အထုပ်ငယ်များနဲ့ ရေခဲသေတ္တာ ထဲ ထည့်သိမ်းနိုင်ပါတယ်..

ဂေါ်ဖီကို အထုပ်လိုက်သိမ်းရင် နေရာယူပါမယ် အခြမ်းများခြမ်းကာplastic wrap နဲ့ ပိတ်ပြီး..ရေခဲသေတ္တာ ထဲ သိမ်းလို့ရပါတယ်.

မုန်လာဥနီ/ဥဖြူ တို့ကို.အရွက်မပါ ဥချည်းသီးသန့်.plastic wrap နဲ့ တစ်တောင့်ချင်း ပိတ် ပြီး ရေခဲသေတ္တာထဲ သိမ်းနိုင်ပါတယ်.

ကိုက်လန် /ဟင်းနုနယ် စတဲ့ အစိမ်းရွက်တွေကိုတော့..ဆီအနည်းငယ်ထည့်ထားတဲ့ ရေဆူဆူထဲ ထည့်ဖျောပြီး.ရေစစ်ကာ.တစ်ခါစား..အထုပ်ငယ်များ ထုပ်ပြီး.. အခဲခန်းထဲ ထည့်ထားလို့ရပါတယ်..

နံနံ /ပင်စိမ်း စတာလေးတွေက.အကြာကြီးမခံသလို.သိမ်းလို့ရတဲ့နည်းလေးတွေဝေမျှခဲ့ပြီးပါပြီ.အကောင်းဆုံး ကမျိုးစေ့များဝယ်ကာပန်းအိုးနဲ့ပျိုးထားလို့ ရပါတယ်နော်.

သံပရာသီး ကို.၁ ဘူးနဲ့ထည့်ရေခဲသေတ္တာ ထဲ ထည့်ထားပါတယ်၂မြေအိုး ကြွေအိုး စတဲ့အေးပြီး ခြောက်သွေ့တဲ့အိုးများထဲလေလုံအောင် ထည့်ထားလို့လည်း ရပါတယ်.

၃.အသီးမနာအောင် အရည်ညှစ်ပြီးရလာတဲ့ အရည်ကို.ရေခဲခွက်လေးတွေနဲ့ အခဲခံ.ခဲလာရင်ထုတ်ပြီး အခဲခန်းထဲ.အိတ်နဲ့သိမ်းလည်း ရပါတယ်..

မျှစ် ကို သေချာပြုတ်ကာအကြာထားစားနိုင်ပါတယ်မျှစ်ပြုတ်အိုးကိုနေ့တိုင်း ရေလဲပေးရပါမယ်အနည်းဆိုရင်တော့ပြုတ်ပြီးရေသေချာညှစ်ကာ ဘူးနဲ့ထည့်ရေခဲသေတ္တာ ထဲ ထားနိုင်ပါတယ်

ပိတ်စွယ်ချဉ် / ပိန်နဲကှငျး တို့ကို ပြန်ပြုတ်ပြီး ရေညှစ်ကာ ဘူးနဲ့ထည့် ရေခဲသေတ္တာ ထဲ ထည့်ထားနိုင်ပါတယ်

ဘူးသီးကအလုံးလိုက်ဆိုရင်၁ပတ်ခန့် အပြင်မှာ အထားခံပါမယ်.ခြမ်းထား စိတ်ထားရင်တော့.plastic wrap နဲ့ သေချာပိတ်ပြီး ရေခဲသေတ္တာ ထဲ ထားပါအကယ်၍ အများကြီးဆိုရင်တော့.

အချောင်းလေးများ လုပ်ပြီး ဆားပါလေကာ ဖြူးကာ နေလှန်းပါ.လုံးဝသွေ့ခြောက်သွားရင်.ဘူးထဲထည့်သိမ်းနိုင်ပါတယ်ရေမခြောက်ရင်.ထည့်မယ့်ဘူးကလေမလုံရင်မှိုတက်နိုင်ပါတယ်နော်.

ပဲသီးတောင့် / မုန်လာဥ ဖြူ နီ / ခရမ်းကစော့သီး / ပဲပင်ပေါက် / ကြောင်လျှာ / ကန်စွန်းရိုးနီ စသဖြင့်.ချဉ်ဖတ်လုပ်ကာသိမ်းဆည်းနိုင်ပါတယ်.မုန်ညင်းစိမ်းကို ကြာမဆိုင် လုပ်နိုင်ပါတယ်.

ခရမ်းသီး /မုန်လာဥ ဖြူ / ပန်းဂေါ်ဖီ /မျှစ် စသည်တို့ကို.နေလှန်းပြီး အခြောက်ခံ သိမ်းနိုင်ပါတယ်.ချဉ်ပေါင် / ကင်ပွန်းချဉ်ရွက်တို့ကို.ဆီနည်းနည်းထည့် ခြောက်နေအောင် လှိမ့်ပါအထုက်ငယ်များထုပ် အခဲခန်းထဲ ထည့်ထားနိုင်ပါတယ်..

တပတ်စာကို ရေနွေးဖျော ရေညှစ်ပြီး အထုပ်ငယ်များထုပ် အခဲထားနိုင်ပါတယ်.

မှိုက အမျိုးအစားပေါ် မူတည်ပြီး ကြာကြထားရတာ.. ထားမရတာ ရှိတယ်ကောက်ရိုးမှို /ငွေနှင်းမှို စသဖြင့် ဒေသမှိုတွေကဆီနဲနဲ နဲ့ ဘာအရသာမှ မထည့်ပဲရေခြောက်အောင်..လှိမ့်ထားလို့ရပါတယ်.

Enoki လို korea မှိုတွေက..လေလုံအောင် ထုပ်ထားရင်.ရက်ကြာကြာအထားခံတယ် တောင်ပို့မှိုလို မှိုမျိုးကျ ဆီများများနဲ့ အခြောက်ကြော်ထားရင်နှစ်ပေါက်ခံပါတယ် ကောက်ရိုးမှိုကို အခြောက်လှိမ့်ပြီးဘူးနဲ့ခွဲထည့်.အခဲခန်းထဲ သိမ်းလို့ရပါမယ်

ပဲအမျိုးမျိုးကိုအများကြီး တစ်ခါတည်း သိမ်းထားတာထက်အထုပ်ငယ်များ..ထုပ်ပြီး.လေလုံအောင် သိမ်းပါတယ်.. ဝယ်လာပြီးနေပြပေးခြင်း.အမှုန်အမွှားလေ့ ပေးခြင်း..ပိုးပေါက်အနာအဆာများ သန့်စင်ပေးပြီးမှသိမ်းပါရှင်.အခြားအရွက်အသီး စဉ်းစားလို့ရသမျှ လာဖြည့်ရေးပေးပါဦးမယ်

Zawgyi
သိသေလာက္စဥ္းစားလို႔ရသေလာက္ ေရးလိုက္ပါတယ္.လိုတာရွိ ထပ္ျဖည့္ေပးၾကပါရွင္.

ေက်ာက္ဖ႐ုံ /ေ႐ႊဖ႐ုံ စသည္တို႔ကအထားခံဆုံးပါေအးၿပီး ေျခာက္ေသြ႕တဲ့ေနရာ သို႔ ႀကိဳးနဲ႕ဆိုင္းၿပီး ေလဝင္ေလထြက္ေကာင္းတဲ့ေနရာမွာ ခ်ိတ္ဆြဲထားပါ.

အာလူး /ကန္စြန္းဥ / ပိန္းဥ စသျဖင့္တို႔ကို..ေရလုံးဝမထိေစပဲ.ေျခာက္ေသြ႕ေအးျမတဲ့ေနရာမွာ ထားပါ.

အလင္းေရာင္မရတဲ့ေနရာ ဆို ပိုအထားခံပါတယ္အိမ္မွာေတာ့ႂကြပ္ႂကြပ္အိတ္အမည္းထဲ ထည့္ၿပီး မီးဖိုေခ်ာင္ရဲ႕ ေအးတဲ့ေနရာမွာ ထားပါတယ္

ၾကက္သြန္နီ ျဖဴ တို႔ကို ေရာမထားပဲ သတ္သတ္စီထားပါ.အပုပ္အနာ ပါတာမ်ား ေသခ်ာေ႐ြးၿပီးျဖန႔္ထားလို႔ရရင္ ျဖန႔္ထားၿပီး သိမ္းပါ.

ခရမ္းခ်ဥ္သီး ကိုေရမေဆးပဲ ၁အဝတ္ေျခာက္နဲ႕ ေသခ်ာသုတ္ၿပီးဘူးနဲ႕ ေရခဲေသတၱာ ထဲ ထည့္သိမ္းနိုင္ပါတယ္၂ အေစ့ထုတ္ ႀကိတ္ကာအထုပ္ငယ္မ်ားထုပ္ အခဲခန္းထဲသိမ္းနိုင္ပါတယ္၃ဆီမ်ားမ်ားနဲ႕ အႏွစ္လုပ္ေၾကာ္ကာ ေရခဲေသတၱာထဲ ထည့္သိမ္းနိုင္ပါတယ္..၄သဲစိုစိုေပၚ ျဖန႔္ခင္းကာ သိမ္းနိုင္ပါတယ္၅အညွာပါ ပါကအညွာမ်ားကို ႀကိဳးနဲ႕ခ်ည္ၿပီး ေလဝင္ေလထြက္ေကာင္းတဲ့ေနရာမွာ ခ်ိတ္ဆြဲ သိမ္းနိုင္ပါတယ္.

ဒန႔္ဒလြန္သီးကို.အသားျခစ္ၿပီး အထုပ္ငယ္မ်ား ထုပ္ကာအခဲခန္းထဲ သိမ္းနိုင္ပါတယ္..

ပန္းေဂၚဖီ အျဖဴ အစိမ္းတို႔ကို.ေရႏြေးဆူဆူေဖ်ာကာ.ေရစစ္ၿပီးအထုပ္ငယ္မ်ားထုပ္ကာအခဲခန္းထဲ သိမ္းနိုင္ပါတယ္.

င႐ုတ္စိမ္းမ်ားကို.၁. ေရမေဆးပဲ ဘူးနဲ႕ ေရခဲေသတၱာ ထဲ သိမ္းနိုင္ပါတယ္. ၂.ေျခာက္ေသြ႕ေအးျမတဲ့ေနရာမွာျဖန႔္က်င္း ထားနိုင္ပါတယ္ ၃. ဆား နဲ႕ ဆီ..ပါေလကာထည့္ကာ ျပဳတ္ပါႏူးလာရင္.blender နဲ႕ မညက္တညက္ႀကိတ္ၿပီး အထုပ္ငယ္မ်ားနဲ႕ ေရခဲေသတၱာ ထဲ ထည့္သိမ္းနိုင္ပါတယ္..

ေဂၚဖီကို အထုပ္လိုက္သိမ္းရင္ ေနရာယူပါမယ္ အျခမ္းမ်ားျခမ္းကာplastic wrap နဲ႕ ပိတ္ၿပီး..ေရခဲေသတၱာ ထဲ သိမ္းလို႔ရပါတယ္.

မုန္လာဥနီ/ဥျဖဴ တို႔ကို.အ႐ြက္မပါ ဥခ်ည္းသီးသန႔္.plastic wrap နဲ႕ တစ္ေတာင့္ခ်င္း ပိတ္ ၿပီး ေရခဲေသတၱာထဲ သိမ္းနိုင္ပါတယ္.

ကိုက္လန္ /ဟင္းႏုနယ္ စတဲ့ အစိမ္း႐ြက္ေတြကိုေတာ့..ဆီအနည္းငယ္ထည့္ထားတဲ့ ေရဆူဆူထဲ ထည့္ေဖ်ာၿပီး.ေရစစ္ကာ.တစ္ခါစား..အထုပ္ငယ္မ်ား ထုပ္ၿပီး.. အခဲခန္းထဲ ထည့္ထားလို႔ရပါတယ္..

နံနံ /ပင္စိမ္း စတာေလးေတြက.အၾကာႀကီးမခံသလို.သိမ္းလို႔ရတဲ့နည္းေလးေတြေဝမွ်ခဲ့ၿပီးပါၿပီ.အေကာင္းဆုံး ကမ်ိဳးေစ့မ်ားဝယ္ကာပန္းအိုးနဲ႕ပ်ိဳးထားလို႔ ရပါတယ္ေနာ္.

သံပရာသီး ကို.၁ ဘူးနဲ႕ထည့္ေရခဲေသတၱာ ထဲ ထည့္ထားပါတယ္၂ေျမအိုး ေႂကြအိုး စတဲ့ေအးၿပီး ေျခာက္ေသြ႕တဲ့အိုးမ်ားထဲေလလုံေအာင္ ထည့္ထားလို႔လည္း ရပါတယ္.

၃.အသီးမနာေအာင္ အရည္ညွစ္ၿပီးရလာတဲ့ အရည္ကို.ေရခဲခြက္ေလးေတြနဲ႕ အခဲခံ.ခဲလာရင္ထုတ္ၿပီး အခဲခန္းထဲ.အိတ္နဲ႕သိမ္းလည္း ရပါတယ္..

မွ်စ္ ကို ေသခ်ာျပဳတ္ကာအၾကာထားစားနိုင္ပါတယ္မွ်စ္ျပဳတ္အိုးကိုေန႕တိုင္း ေရလဲေပးရပါမယ္အနည္းဆိုရင္ေတာ့ျပဳတ္ၿပီးေရေသခ်ာညွစ္ကာ ဘူးနဲ႕ထည့္ေရခဲေသတၱာ ထဲ ထားနိုင္ပါတယ္

ပိတ္စြယ္ခ်ဥ္ / ပိန္နဲကွင်း တို႔ကို ျပန္ျပဳတ္ၿပီး ေရညွစ္ကာ ဘူးနဲ႕ထည့္ ေရခဲေသတၱာ ထဲ ထည့္ထားနိုင္ပါတယ္

ဘူးသီးကအလုံးလိုက္ဆိုရင္၁ပတ္ခန႔္ အျပင္မွာ အထားခံပါမယ္.ျခမ္းထား စိတ္ထားရင္ေတာ့.plastic wrap နဲ႕ ေသခ်ာပိတ္ၿပီး ေရခဲေသတၱာ ထဲ ထားပါအကယ္၍ အမ်ားႀကီးဆိုရင္ေတာ့.

အေခ်ာင္းေလးမ်ား လုပ္ၿပီး ဆားပါေလကာ ျဖဴးကာ ေနလွန္းပါ.လုံးဝေသြ႕ေျခာက္သြားရင္.ဘူးထဲထည့္သိမ္းနိုင္ပါတယ္ေရမေျခာက္ရင္.ထည့္မယ့္ဘူးကေလမလုံရင္မွိုတက္နိုင္ပါတယ္ေနာ္.

ပဲသီးေတာင့္ / မုန္လာဥ ျဖဴ နီ / ခရမ္းကေစာ့သီး / ပဲပင္ေပါက္ / ေၾကာင္လွ်ာ / ကန္စြန္းရိုးနီ စသျဖင့္.ခ်ဥ္ဖတ္လုပ္ကာသိမ္းဆည္းနိုင္ပါတယ္.မုန္ညင္းစိမ္းကို ၾကာမဆိုင္ လုပ္နိုင္ပါတယ္.

ခရမ္းသီး /မုန္လာဥ ျဖဴ / ပန္းေဂၚဖီ /မွ်စ္ စသည္တို႔ကို.ေနလွန္းၿပီး အေျခာက္ခံ သိမ္းနိုင္ပါတယ္.ခ်ဥ္ေပါင္ / ကင္ပြန္းခ်ဥ္႐ြက္တို႔ကို.ဆီနည္းနည္းထည့္ ေျခာက္ေနေအာင္ လွိမ့္ပါအထုက္ငယ္မ်ားထုပ္ အခဲခန္းထဲ ထည့္ထားနိုင္ပါတယ္..

တပတ္စာကို ေရႏြေးေဖ်ာ ေရညွစ္ၿပီး အထုပ္ငယ္မ်ားထုပ္ အခဲထားနိုင္ပါတယ္.

မွိုက အမ်ိဳးအစားေပၚ မူတည္ၿပီး ၾကာၾကထားရတာ.. ထားမရတာ ရွိတယ္ေကာက္ရိုးမွို /ေငြႏွင္းမွို စသျဖင့္ ေဒသမွိုေတြကဆီနဲနဲ နဲ႕ ဘာအရသာမွ မထည့္ပဲေရေျခာက္ေအာင္..လွိမ့္ထားလို႔ရပါတယ္.

Enoki လို korea မွိုေတြက..ေလလုံေအာင္ ထုပ္ထားရင္.ရက္ၾကာၾကာအထားခံတယ္ ေတာင္ပို႔မွိုလို မွိုမ်ိဳးက် ဆီမ်ားမ်ားနဲ႕ အေျခာက္ေၾကာ္ထားရင္ႏွစ္ေပါက္ခံပါတယ္ ေကာက္ရိုးမွိုကို အေျခာက္လွိမ့္ၿပီးဘူးနဲ႕ခြဲထည့္.အခဲခန္းထဲ သိမ္းလို႔ရပါမယ္

ပဲအမ်ိဳးမ်ိဳးကိုအမ်ားႀကီး တစ္ခါတည္း သိမ္းထားတာထက္အထုပ္ငယ္မ်ား..ထုပ္ၿပီး.ေလလုံေအာင္ သိမ္းပါတယ္.. ဝယ္လာၿပီးေနျပေပးျခင္း.အမႈန္အမႊားေလ့ ေပးျခင္း..ပိုးေပါက္အနာအဆာမ်ား သန႔္စင္ေပးၿပီးမွသိမ္းပါရွင္.အျခားအ႐ြက္အသီး စဥ္းစားလို႔ရသမွ် လာျဖည့္ေရးေပးပါဦးမယ္.

Crd