ခေါင်းလျှော်ပြီး ဆံပင်ရေစိုကြီးနဲ့ အိပ်ရာမဝင်သင့်တဲ့အကြောင်းရင်း(၅)ချက်
ညအိပ်ခါနီးခေါင်းလျှော်ပြီး ဆံပင်ရေမခြောက်ဘဲ ရေစိုကြီးနဲ့အိပ်ရာဝင်တာက ကျန်းမာရေးနဲ့အလှအပအတွက် လုံးဝမကောင်းပါဘူး ။
အထူးသဖြင့် အမျိုးသမီးတွေအတွက်ပါ။ ဆံပင်ရေစိုကြီးနဲ့ ဘာလို့အိပ်ရာမဝင်သင့်လဲဆိုတော့ ဒီလို ဆိုးကျိုးတွေကြောင့်ဖြစ်ပါတယ်။
(၁) ဦးရေပြားကိုထိခိုက်စေခြင်း
ဆံပင်ရေစိုကြီးနဲ့အိပ်ရာဝင်လိုက်တဲ့အခါ ဦးခေါင်းရဲ့အပူချိန်နဲ့ပေါင်းစပ်ပြီး ဘက်တီးရီးယားတွေပေါက်ဖွားနိုင်ပြီး ဦးရေပြားယားယံခြင်း၊ အနံ့အသက်ဆိုးတွေထွက်ခြင်းကိုဖြစ်စေတဲ့အပြင် ကြာလာတဲ့အခါ ဦးရေပြားမှာ အနာတွေဖြစ်လာနိုင်ပါတယ်။
(၂) ဆံပင်တွေကိုခြောက်သွေ့ကျိုးကြေစေခြင်း
ဆံပင်သားတွေက ရေစိုနေချိန်မှာ ပိုပြီး ပျက်စီးလွယ်ပါတယ်။
ဆံပင်မခြောက်ဘဲ အိပ်ရာဝင်လိုက်တဲ့အခါ ဆံသားတွေကို ဖိချေလိုက်သလိုဖြစ်စေတာကြောင့် ဆံပင်တွေကို ခြောက်သွေ့ကျိုးကြေစေပြီး ဆံပင်တွေဖွာစေပါတယ်။
(၃) ခေါင်းကိုက်စေခြင်း
ခေါင်းရေမခြောက်ခင် အိပ်လိုက်တဲ့အခါ ရေရဲ့အအေးဓာတ်နဲ့ ခန္ဓာကိုယ်အပူချိန်ကြောင့် ဦးခေါင်းပိုင်းကသွေးကြောတွေကို ကျုံ့စေပြီး ခေါင်းကိုက်စေပါတယ်။
ဒီလိုမကြာခဏဖြစ်တဲ့အခါ လေဖြတ်တဲ့အထိဖြစ်စေနိုင်ပါတယ်။
(၄) ဆံပင်အဖျားနှစ်ခွကွဲခြင်း
ဆံပင်မခြောက်ဘဲအိပ်လိုက်တဲ့အခါ ဆံပင်တွေကိုဖိချေလိုက်သလိုဖြစ်စေပြီး ဆံပင်အဖျားတွေကို ခြောက်သွေ့ကွဲအက်စေကာ အဖျားနှစ်ခွတွေဖြစ်စေပါတယ်။
(၅) မျက်နှာနဲ့လည်ပင်းအသားအရေကိုထိခိုက်စေခြင်း
ဆံပင်ရဲ့အစိုဓာတ်က ခေါင်းအုံးကိုပါစိုထိုင်းစေပြီး ဘက်တီးရီးယားနဲ့မှိုပေါက်ဖွားမှုကိုဖြစ်စေကာ မျက်နှာနဲ့လည်ပင်းအသားအရေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။
ဒါကြောင့် ဘယ်လောက်ပဲအချိန်မရဖြစ်နေပါစေ၊ ခေါင်းလျှော်ပြီး ဆံပင်ရေစိုနဲ့တော့ အိပ်ရာမဝင်လိုက်ပါနဲ့လို့ သတိပေးချင်ပါတယ်။
Crd written by PP
Zawgyi
ေခါင္းေလွ်ာ္ၿပီး ဆံပင္ေရစိုႀကီးနဲ႕ အိပ္ရာမဝင္သင့္တဲ့အေၾကာင္းရင္း(၅)ခ်က္
ညအိပ္ခါနီးေခါင္းေလွ်ာ္ၿပီး ဆံပင္ေရမေျခာက္ဘဲ ေရစိုႀကီးနဲ႕အိပ္ရာဝင္တာက က်န္းမာေရးနဲ႕အလွအပအတြက္ လုံးဝမေကာင္းပါဘူး ။
အထူးသျဖင့္ အမ်ိဳးသမီးေတြအတြက္ပါ။ ဆံပင္ေရစိုႀကီးနဲ႕ ဘာလို႔အိပ္ရာမဝင္သင့္လဲဆိုေတာ့ ဒီလို ဆိုးက်ိဳးေတြေၾကာင့္ျဖစ္ပါတယ္။
(၁) ဦးေရျပားကိုထိခိုက္ေစျခင္း
ဆံပင္ေရစိုႀကီးနဲ႕အိပ္ရာဝင္လိုက္တဲ့အခါ ဦးေခါင္းရဲ႕အပူခ်ိန္နဲ႕ေပါင္းစပ္ၿပီး ဘက္တီးရီးယားေတြေပါက္ဖြားနိုင္ၿပီး ဦးေရျပားယားယံျခင္း၊ အနံ႕အသက္ဆိုးေတြထြက္ျခင္းကိုျဖစ္ေစတဲ့အျပင္ ၾကာလာတဲ့အခါ ဦးေရျပားမွာ အနာေတြျဖစ္လာနိုင္ပါတယ္။
(၂) ဆံပင္ေတြကိုေျခာက္ေသြ႕က်ိဳးေၾကေစျခင္း
ဆံပင္သားေတြက ေရစိုေနခ်ိန္မွာ ပိုၿပီး ပ်က္စီးလြယ္ပါတယ္။
ဆံပင္မေျခာက္ဘဲ အိပ္ရာဝင္လိုက္တဲ့အခါ ဆံသားေတြကို ဖိေခ်လိဳက္သလိုျဖစ္ေစတာေၾကာင့္ ဆံပင္ေတြကို ေျခာက္ေသြ႕က်ိဳးေၾကေစၿပီး ဆံပင္ေတြဖြာေစပါတယ္။
(၃) ေခါင္းကိုက္ေစျခင္း
ေခါင္းေရမေျခာက္ခင္ အိပ္လိုက္တဲ့အခါ ေရရဲ႕အေအးဓာတ္နဲ႕ ခႏၶာကိုယ္အပူခ်ိန္ေၾကာင့္ ဦးေခါင္းပိုင္းကေသြးေၾကာေတြကို က်ဳံ႕ေစၿပီး ေခါင္းကိုက္ေစပါတယ္။
ဒီလိုမၾကာခဏျဖစ္တဲ့အခါ ေလျဖတ္တဲ့အထိျဖစ္ေစနိုင္ပါတယ္။
(၄) ဆံပင္အဖ်ားႏွစ္ခြကြဲျခင္း
ဆံပင္မေျခာက္ဘဲအိပ္လိုက္တဲ့အခါ ဆံပင္ေတြကိုဖိေခ်လိဳက္သလိုျဖစ္ေစၿပီး ဆံပင္အဖ်ားေတြကို ေျခာက္ေသြ႕ကြဲအက္ေစကာ အဖ်ားႏွစ္ခြေတြျဖစ္ေစပါတယ္။
(၅) မ်က္ႏွာနဲ႕လည္ပင္းအသားအေရကိုထိခိုက္ေစျခင္း
ဆံပင္ရဲ႕အစိုဓာတ္က ေခါင္းအုံးကိုပါစိုထိုင္းေစၿပီး ဘက္တီးရီးယားနဲ႕မွိုေပါက္ဖြားမႈကိုျဖစ္ေစကာ မ်က္ႏွာနဲ႕လည္ပင္းအသားအေရကို ထိခိုက္ပ်က္စီးေစနိုင္ပါတယ္။
ဒါေၾကာင့္ ဘယ္ေလာက္ပဲအခ်ိန္မရျဖစ္ေနပါေစ၊ ေခါင္းေလွ်ာ္ၿပီး ဆံပင္ေရစိုနဲ႕ေတာ့ အိပ္ရာမဝင္လိုက္ပါနဲ႕လို႔ သတိေပးခ်င္ပါတယ္။
Crd written by PP