International News ဗဟုသုတ

နယ်စပ်မှာ ဧရာမဆည်ကြီးဆောက်ပြီး အိန္ဒိယကို ဒုက္ခပေးဖို့ကြံစည်နေတဲ့စီလုပ်

နယ္စပ္မွာ ဧရာမဆည္ႀကီးေဆာက္ၿပီး အိႏၵိယကုိ ဒုကၡေပးဖုိ႔ႀကံစည္ေနတဲ့စီလုပ္

တ႐ုတ္ႏုိင္ငံဟာ အိႏၵိယနယ္စပ္မွာ ဧရာမဆည္ႀကီး တည္ေဆာက္ဖုိ႔ရွိေနၿပီး၊ နယ္စပ္အျငင္းပြားမႈေတြ ျဖစ္ေပၚလာပါက အဆုိပါဆည္ႀကီးကုိ ၿဖိဳခ်ၿပီး အိႏၵိယကိုဒုကၡေပးဖုိ႔ ႀကံစည္ေနတယ္လုိ႔ အိႏၵိယဘက္က စြပ္စြဲထားပါတယ္။

တ႐ုတ္ႏုိင္ငံဟာ နယ္စပ္တစ္ေနရာျဖစ္တဲ့ Yarlung Tsangpo ျမစ္ေပၚမွာ မဟာဆည္ႀကီး တည္ေဆာက္ဖုိ႔ ရွိေနပါတယ္။

အဆုိပါ စီမံကိန္းဆည္ဟာ Yarlung Tsangpo ျမစ္ေပၚမွာတည္ေဆာက္ခဲ့တဲ့ ဆည္ေတြထက္ (၃)ဆအထိ ပုိႀကီးႏုိင္ၿပီး၊ သုိေလွာင္ထားတဲ့ေရေတြကို မေတာ္တဆသေဘာမ်ိဳးနဲ႔ လႊတ္ခ်လိုက္ပါက-

Photo Credit

နယ္စပ္မွာေနထုိင္တဲ့ အိႏၵိယေဒသခံ ေသာင္းနဲ႔ခ်ီ ေဘးဒုကၡျဖစ္မွာ ေသခ်ာပါတယ္။ Yarlung Tsangpo ျမစ္ကို Yarlung Zangbo သုိ႔မဟုတ္ Yalu Zangbu ျမစ္လုိ႔လည္း ေခၚပါတယ္။ တိဘက္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသမွာတည္ရွိပါတယ္။ Yarlung Tsangpo ျမစ္ဟာ အိႏၵိယတ႐ုတ္ႏုိင္ငံႏွစ္ခုကို ျဖတ္သန္းစီးဆင္းတဲ့ျမစ္ ျဖစ္သည့္အေလွ်ာက္-

နယ္စပ္ေဒသလုံၿခဳံေရးအရ မၾကာခဏ အျငင္းပြားမႈေတြ ျဖစ္ေပၚေစတဲ့ ျမစ္လည္းျဖစ္ပါတယ္။ အထူးသျဖင့္ တ႐ုတ္ႏုိင္ငံဟာ ၎ႏုိင္ငံပုိင္နက္အတြင္းမွာ ဆည္ေျမာင္းေတြ တည္ေဆာက္ျခင္းေၾကာင့္ ျျမစ္ေရခမ္းေျခာက္ၿပီး ဒီျမစ္အေပၚမွာ အသက္ေမြးဝမ္းေၾကာင္းျပဳေနတဲ့ အိႏၵိယေဒသခံေတြဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္းမ်ားစြာကတည္းက ေရရွားပါးမႈဒဏ္ကို ခံေနခဲ့ရတာပါ။

မၾကာခဏဆုိသလုိ နယ္စပ္ပဋိပကၡေတြျဖစ္ပြားၾကတဲ့ တ႐ုတ္-အိႏၵိယႏွစ္ႏုိင္ငံအေနနဲ႔ အခုလုိ အျငင္းပြားစရာကိစၥရပ္ေတြဟာ သိပ္ၿပီး ထူးဆန္းေတာ့တဲ့ ကိစၥမဟုတ္ပါဘူး။

တ႐ုတ္ဘက္ကေတာ့ ဒီဆည္ႀကီး တည္ေဆာက္ၿပီးတာနဲ႔ သဘာဝေပါက္ပင္နဲ႔ သစ္ေတာေတြ ျပန္လည္ဖြံ႔ၿဖိဳးလာမွာျဖစ္ေၾကာင္း၊ အစိမ္းေရာင္စြမ္းအင္အတြက္ –

အခန္းက႑တစ္ေနရာကေန ပါဝင္ပံ့ပုိးႏုိင္မွာျဖစ္ၿပီး၊ (၂၀၆၀)ခုႏွစ္မွာ Carbon Neutral ႏုိင္ငံျဖစ္ဖုိ႔ ပစ္မွတ္ထားေနတဲ့ စီမံကိန္းအတြက္ အလားအလာအလြန္ေကာင္းတယ္လုိ႔ ဆုိထားပါတယ္။

ၿပီးခဲ့တဲ့ရက္ပုိင္းကပဲ အဆုိပါအျငင္းပြားျမစ္ေပၚမွာ ကမာၻ႕အႀကီးဆုံး ဆည္တည္ေဆာက္မယ္လုိ႔ ကြန္ျမဴနစ္ပါတီက ေၾကညာခဲ့ၿပီး၊


Photo Credit

အဓိကရည္မွန္းခ်က္ကေတာ့ လယ္ယာစုိက္ပ်ိဳးေရးနဲ႔ နယ္ေျမစိမ္းလမ္းသာယာေရးကို ဦးတည္တယ္လုိ႔ ေၾကညာခဲ့ေပမယ့္၊ ဒီေၾကညာခ်က္ေၾကာင့္ အိႏၵိယအာဏာပိုင္ေတြ အလြန္စိတ္ဆုိးခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။

ၾသစေတးလ်ႏုိင္ငံ မဲလ္ဘုန္းၿမိဳ႕ La Trobe University တကၠသုိလ္မွ ဟိမဝႏၱာ-တိဘက္အေရး သမုိင္းေၾကာင္းကၽြမ္းက်င္သူ ေဒါက္တာ Dr Ruth Gamble ကေတာ့-

ဒီလႈပ္ရွားမႈေတြဟာ မၾကာေသးခင္က တ႐ုတ္-အိႏၵိယနယ္စပ္တုိက္ခိုက္မႈေတြ ျဖစ္ပြားၿပီးေနာက္ တ႐ုတ္ဘက္က ဗ်ဴဟာက်က် လႈပ္ရွားလာတာျဖစ္ေၾကာင္း ေထာက္ျပခဲ့ပါတယ္။

Yarlung Tsangpo ျမစ္ဟာ ကမာၻႀကီးရဲ႕အေရးပါတဲ့ ေျမမ်က္ႏွာျပင္ျမင့္ျမစ္ႀကီးေတြထဲမွာ ပါဝင္ပါတယ္။ တ႐ုတ္-အိႏၵိယ-ဘဂၤလားေဒ့ရွ္ႏုိင္ငံေတြအတြင္း ျဖတ္သန္းစီးဆင္းၿပီး အရွည္ကီလုိမီတာအားျဖင့္ (၃၀၀၀)ေက်ာ္ရွိၿပီး မုိင္အားျဖင့္ (၁၈၆၀)ေက်ာ္ ရွည္လွ်ားေၾကာင္း သိရပါတယ္။

လင္းသူရိန္

Ref ; Mirror

တရုတ်နိုင်ငံဟာ အိန္ဒိယနယ်စပ်မှာ ဧရာမဆည်ကြီး တည်ဆောက်ဖို့ရှိနေပြီး၊ နယ်စပ်အငြင်းပွားမှုတွေ ဖြစ်ပေါ်လာပါက အဆိုပါဆည်ကြီးကို ဖြိုချပြီး အိန္ဒိယကိုဒုက္ခပေးဖို့ ကြံစည်နေတယ်လို့ အိန္ဒိယဘက်က စွပ်စွဲထားပါတယ်။

တရုတ်နိုင်ငံဟာ နယ်စပ်တစ်နေရာဖြစ်တဲ့ Yarlung Tsangpo မြစ်ပေါ်မှာ မဟာဆည်ကြီး တည်ဆောက်ဖို့ ရှိနေပါတယ်။

အဆိုပါ စီမံကိန်းဆည်ဟာ Yarlung Tsangpo မြစ်ပေါ်မှာတည်ဆောက်ခဲ့တဲ့ ဆည်တွေထက် (၃)ဆအထိ ပိုကြီးနိုင်ပြီး၊ သိုလှောင်ထားတဲ့ရေတွေကို မတော်တဆသဘောမျိုးနဲ့ လွှတ်ချလိုက်ပါက-

နယ်စပ်မှာနေထိုင်တဲ့ အိန္ဒိယဒေသခံ သောင်းနဲ့ချီ ဘေးဒုက္ခဖြစ်မှာ သေချာပါတယ်။ Yarlung Tsangpo မြစ်ကို Yarlung Zangbo သို့မဟုတ် Yalu Zangbu မြစ်လို့လည်း ခေါ်ပါတယ်။

တိဘက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာတည်ရှိပါတယ်။ Yarlung Tsangpo မြစ်ဟာ အိန္ဒိယတရုတ်နိုင်ငံနှစ်ခုကို ဖြတ်သန်းစီးဆင်းတဲ့မြစ် ဖြစ်သည့်အလျှောက်-

နယ်စပ်ဒေသလုံခြုံရေးအရ မကြာခဏ အငြင်းပွားမှုတွေ ဖြစ်ပေါ်စေတဲ့ မြစ်လည်းဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံဟာ ၎င်းနိုင်ငံပိုင်နက်အတွင်းမှာ ဆည်မြောင်းတွေ တည်ဆောက်ခြင်းကြောင့် ြမြစ်ရေခမ်းခြောက်ပြီး ဒီမြစ်အပေါ်မှာ အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အိန္ဒိယဒေသခံတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ရေရှားပါးမှုဒဏ်ကို ခံနေခဲ့ရတာပါ။

မကြာခဏဆိုသလို နယ်စပ်ပဋိပက္ခတွေဖြစ်ပွားကြတဲ့ တရုတ်-အိန္ဒိယနှစ်နိုင်ငံအနေနဲ့ အခုလို အငြင်းပွားစရာကိစ္စရပ်တွေဟာ သိပ်ပြီး ထူးဆန်းတော့တဲ့ ကိစ္စမဟုတ်ပါဘူး။

တရုတ်ဘက်ကတော့ ဒီဆည်ကြီး တည်ဆောက်ပြီးတာနဲ့ သဘာဝပေါက်ပင်နဲ့ သစ်တောတွေ ပြန်လည်ဖွံ့ဖြိုးလာမှာဖြစ်ကြောင်း၊ အစိမ်းရောင်စွမ်းအင်အတွက် –

အခန်းကဏ္ဍတစ်နေရာကနေ ပါဝင်ပံ့ပိုးနိုင်မှာဖြစ်ပြီး၊ (၂၀၆၀)ခုနှစ်မှာ Carbon Neutral နိုင်ငံဖြစ်ဖို့ ပစ်မှတ်ထားနေတဲ့ စီမံကိန်းအတွက် အလားအလာအလွန်ကောင်းတယ်လို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အဆိုပါအငြင်းပွားမြစ်ပေါ်မှာ ကမ္ဘာ့အကြီးဆုံး ဆည်တည်ဆောက်မယ်လို့ ကွန်မြူနစ်ပါတီက ကြေညာခဲ့ပြီး၊

အဓိကရည်မှန်းချက်ကတော့ လယ်ယာစိုက်ပျိုးရေးနဲ့ နယ်မြေစိမ်းလမ်းသာယာရေးကို ဦးတည်တယ်လို့ ကြေညာခဲ့ပေမယ့်၊ ဒီကြေညာချက်ကြောင့် အိန္ဒိယအာဏာပိုင်တွေ အလွန်စိတ်ဆိုးခဲ့ကြတယ်လို့ ဆိုပါတယ်။

သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့ La Trobe University တက္ကသိုလ်မှ ဟိမဝန္တာ-တိဘက်အရေး သမိုင်းကြောင်းကျွမ်းကျင်သူ ဒေါက်တာ Dr Ruth Gamble ကတော့-

ဒီလှုပ်ရှားမှုတွေဟာ မကြာသေးခင်က တရုတ်-အိန္ဒိယနယ်စပ်တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးနောက် တရုတ်ဘက်က ဗျူဟာကျကျ လှုပ်ရှားလာတာဖြစ်ကြောင်း ထောက်ပြခဲ့ပါတယ်။

Yarlung Tsangpo မြစ်ဟာ ကမ္ဘာကြီးရဲ့အရေးပါတဲ့ မြေမျက်နှာပြင်မြင့်မြစ်ကြီးတွေထဲမှာ ပါဝင်ပါတယ်။ တရုတ်-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေအတွင်း ဖြတ်သန်းစီးဆင်းပြီး အရှည်ကီလိုမီတာအားဖြင့် (၃၀၀၀)ကျော်ရှိပြီး မိုင်အားဖြင့် (၁၈၆၀)ကျော် ရှည်လျှားကြောင်း သိရပါတယ်။

Crd