ဗဟုသုတ ဘာသာရေး

ခေတ်မီစက်ကြီးတွေနဲ့ scanဖတ်လိုက်ရာမှ ဖူးတွေ့ရတဲ့ မဟာမြတ်မုနိဘုရားကြီး၏ မူလပုံတော်အကြောင်း

ခေတ်မီစက်ကြီးတွေနဲ့ scanဖတ်လိုက်ရာမှ ဖူးတွေ့ရတဲ့ မဟာမြတ်မုနိဘုရားကြီး၏ မူလပုံတော်

မန္တလေး မဟာမြတ်မုနိဘုရားကြီးကို ခေတ်မီစက်ကြီးများဖြင့် Scan ဖတ်ပုံဖော်ကြည့်ရာတွင် နဂိုမူလပုံတော်ကို ဖူးမျှော်ခွင့်ရရှိခဲ့ပါတယ်။ မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော် ပလ္လင်တည်တံ့ ခိုင်ခံ့ရေးအတွက် ပြန်လည်ပြုပြင်တည်ဆောက်ရန်ပလ္လင်ခံဝန်ကို စမ်းသပ်ရာ ၁၅ တန်ခန့်သာရှိကြောင်း သိရှိရပါတယ်။

ဘုရားကိုယ်လုံးတော်၏ အလေးချိန်နှင့် ကပ်လှူ ထားသော ရွှေသင်္ကန်းထုတည်ပမာဏ အလေးချိန်ကိုတွက်ချက်နိုင်ရန် Scanning ပြုလုပ်ရာတွင် မဟာမြတ်မုနိဆင်းတုတော်၏ မူလဘူတ ကိုယ်တည်ကို ယခုကဲ့သို့ တွေ့မြင်ရခြင်းဖြစ်သည်။ “မဟာမြတ်မုနိဘုရားကြီးကိုရခိုင်မှ ပင့်ဆောင်ခဲ့ပုံ”။ ။

ရခိုင်ပြည် မင်းအဆက်ဆက်တို့လည်း ယင်းရုပ်ပွားတော်မြတ်ကို မဟာမုနိဘွဲ့အမည်ဖြင့် ကိုးကွယ်လာခဲ့ကြ၏။ အလွန် တန်ခိုးတော်

ကြီးမြတ်သည်ဟုဆိုသည်။ ထိုရုပ်ပွားတော်မြတ်ကို မြန်မာမင်းတို့ ကိုးကွယ်လို၍ ပုဂံပြည် အနော်ရထာမင်းစော လက်ထက်တွင် တစ်ကြိမ်၊ အလောင်းစည်သူမင်း

လက်ထက်တွင် တစ်ကြိမ် ပင့်ဆောင်ခဲ့ဖူးသော်လည်း မရရှိခဲ့ချေ။ ၁၇၈၄-ခုနှစ်တွင် အမရပူရမြို့တည် ဘိုးတော်မင်းတရားကြီး လက်ထက်ရောက်မှ ရခိုင်တပြည်လုံးကို

သိမ်းကျုံး အောင်မြင်တော်မူ၍သည်။ ထို့နောက် သားတော် မဟာဥပရာဇာသီရီ မဟာဓမ္မာဘိဓဇ သီဟသူရ ဘွဲ့ခံ အိမ်ရှေ့မင်းနှင့် သားတော်စကုမင်း၊ ကာမမင်းတို့ကို

သက္ကရာဇ် (၁၁၄၆-ခု)၊ တန်ဆောင်မုန်း လဆန်း(၄)ရက် (၁၆-၁ဝ-၁၇၈၄) နေ့တွင် အမရပူရမြို့မှ ထွက်ခွာစေပြီး မဟာမုနိရုပ်ပွားတော်မြတ်ကို ပင့်ဆောင်စေပါသည်။

၁၁၄၆-ခု၊ ပြာသိုလပြည့်ကျော် (၁ဝ) ရက်၊ အင်္ဂါနေ့ (၄-၁-၁၇၈၅)နေ့တွင် သီရိမဟာ ဘိဇယသီဟသူရဘွဲ့ခံ သားတော် အိမ်ရှေ့မင်းသည် မဟာမုနိဘုရားကြီးကို

ဓညဝတီမြို့မှ စတင်ပင့်ဆောင်သည်။ သက္ကရာဇ် ၁၁၄၆ ခုနှစ် တပို့တွဲလတွင် မြို့ဟောင်းမှ တောင်ကုတ်အထိ ရေလမ်းဖြင့် ဖောင်ဖွဲ့ပြီး ပင့်ဆောင်လာခဲ့သည်။

တောင်ကုတ် မှ တစ်ဖန် ကုန်းကြောင်းခရီးဖြင့် စက်ရထား စီရင်ပြီး ဥယျာဉ် ပုံကြောင်းမှ ရိုးမကို ခဲယဉ်းပင်ပန်းစွာ ဖြတ်ကျော်ခဲ့ရာ၊ ပြည်တစ်ဖက်ကမ်း ပန်းတောင်းမြို့သို့

ချောမောစွာ ဆိုက်ရောက်လာခဲ့သည်။ ပန်းတောင်းမြို့ဆိပ်ကမ်းအပါအဝင် ရေကြောင်း၊ ကြည်းကြောင်း စခန်းပေါင်း(၅၄)ခုနှင့် တောင်ပေါင်း(၁၃၈)လုံးကို ကျော်ခဲ့ပြီး

ရွှေဖောင်တော် နှစ်စင်းတွဲလျှက် ဧရာဝတီမြစ်ကို ဆန်တက်ခဲ့ရာ၊ သက္ကရာဇ် ၁၁၄၇ ခုနှစ် ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့တွင် စစ်ကိုင်းဆိပ်ကမ်းသို့ ရောက်ရှိတော်

မူလေသည်။ ဤသို့မြို့ဟောင်းမှ စစ်ကိုင်းမြို့သို့ ရေကြောင်း ကုန်းကြောင်းခရီးဖြင့် ပင်ဆောင်လာခဲ့ရာ စုစုပေါင်း ၄ လကျော်ကျော် ကြာခဲ့လေသည်။

ခရက်ဒစ်

Zawgyi