ေဝဟင္အျမင့္ေပ(၂၅၀၀၀)ကေန ေလထီးလုံးဝမသုံးဘဲ ခုန္ဆင္းျပခဲ့တဲ့ အာဂစတန္႔သမား
အျမင့္(၁၀)ေပေက်ာ္ကေန ျပဳတ္က်ရင္ အသက္မေသေတာင္ ေျခေတြလက္ေတြ က်ိဳးသြားႏုိင္တယ္ဆုိတာ အားလုံး သိမယ္ထင္ပါတယ္။ တစ္ခါတေလ ကံရာမသင့္ရင္ တစ္ေပေလာက္ကေန ျပဳတ္က်ရင္ေတာင္ ေျခက်ိဳးလက္က်ိဳး ျဖစ္တတ္ေသးသလုိ၊ တစ္ခါတေလမွာ ေခ်ာ္လဲ႐ုံနဲ႔ အသက္ထြက္သြားတတ္ပါတယ္။
အခု လူစြန္႔စားတစ္ေယာက္ကေတာ့ အျမင့္ေပ (၂၅၀၀၀)ကေန ေလထီးလုံးဝမသုံးဘဲ ခုန္းဆင္းျပခဲ့တာပါ။ သူရဲ႕ စတန္႔ျပကြက္ဟာ တျခားသူေတြ လုိက္လုပ္ဖုိ႔ အလြန္ခက္ခဲၿပီး၊ သူ ခုန္ဆင္းဖုိ႔ ရည္မွန္းထားတဲ့ မူလေနရာကေန ေသြဖယ္သြားၿပီဆုိရင္ေတာ့ အ႐ုိးတျခား အသားတျခားနဲ႔ ဘဝဆုံးရေတာ့မွာ ျဖစ္ပါတယ္။
Photo Credit
အဆုိပါ လူစြန္႔စားဟာ ေဝဟင္အျမင့္ (၇၆၂၀)ကေန ခုန္ဆင္းျပခဲ့တာ ျဖစ္ပါတယ္။ ေလထီး လုံးဝအသုံးမျပဳပါဘူး။ သူ႕ေဘးကေန အေဖာ္ေတြ ရံလုိက္လာခဲ့ၿပီး၊ သူတုိ႔တစ္ေတြကေတာ့ ေလထီးေတြကိုယ္စီ မျဖစ္မေန သုံးခဲ့ပါတယ္။ အဲဒီဗြီဒီယုိဖုိင္ဟာ လူမႈကြန္ရက္မွာ ေရပန္းစားေနၿပီး ၾကည့္႐ႈသူ (၃.၅)သန္းအထိ ရွိေနပါတယ္။
Photo Credit
လူစြန္႔စားရဲ႕အမည္ကေတာ့ Luke Aikins ပါ။ သူဟာ အ်သက္(၄၇)ႏွစ္ ရွိၿပီျဖစ္ၿပီး၊ BASE Jumper အျဖစ္လည္းေကာင္း၊ ေလယာဥ္မွဴးအျဖစ္လည္းေကာင္း၊ ေဝဟင္ဓာတ္ပုံဆရာအျဖစ္လည္းေကာင္း စြယ္စုံရ ေဝဟင္သရဲျဖစ္ပါတယ္။ အခုဆုိရင္ သူဟာ လုံေလာက္တဲ့အျမင့္ကေန ေလထီးမပါဘဲ ေဘးကင္းကင္နဲ႔ ခုန္ခ်ႏုိင္တဲ့ ပထမဆုံး လူစြန္႔စား ျဖစ္ခြင့္ရခဲ့ပါၿပီ။
ထူးျခားတာက သူဟာ အခု ခုန္ခ်တဲ့အေတာအတြင္းမွာ Wngsuit လုိ႔ေခၚတဲ့ အေတာင္ပံပါဝတ္စုံကိုေတာင္ ဝတ္မထားပါဘူး။ သူဟာ ဒီစတန္႔ျပကြက္အတြက္ ရက္ေပါင္းမ်ားစြာ ေလ့က်င့္ခဲ့ရသလုိ၊ ေလတုိက္ႏႈန္းနဲ႔ ေအာက္က ခံထားတဲ့ ပိုက္ကြက္ထဲကို ကြက္တိက်ဖုိ႔ကိုလည္း တြက္ခ်က္မွတ္သားမႈေတြ ျပဳလုပ္ခဲ့ရပါတယ္။
Photo Credit
ဒီလုိစတန္႔မ်ိဳးကို Heaven Sent လုိ႔လည္း ေခၚပါတယ္။ (၂၀၁၆)ခုႏွစ္ ဇူလုိင္မွာ စတင္ခဲ့ၿပီး၊ ဒီစတန္႔အတြက္ Luke ဟာ ကနဦးကတည္းက ေလထီးမပါဘဲ ခုန္ခ်ႏုိ္င္သူအျဖစ္ စံခ်ိန္သစ္ တင္ထားၿပီးသားပါ။ အခုက သူတင္ထားတဲ့ စံခ်ိန္ကို ျပန္ခ်ိဳးခဲ့တာ ျဖစ္ပါတယ္။
သူ႕ကို ခံယူမယ့္ ေျမျပင္ေပၚက ပုိက္ကြန္ကလည္း ဧရာမအရြယ္အစား ျဖစ္ပါတယ္။ အျမင့္ (၁၀၀)ေပျဖစ္ၿပီး၊ ကံဆုိးရင္ လြဲေခ်ာ္မႈ ျဖစ္သြားႏုိင္ပါတယ္။ ဒီမတုိင္ခင္မွ စတန္႔ျပကြက္အတြက္ သက္ဆုိင္ရာကို ခြင့္ျပဳခ်က္တင္ခဲ့ရာ အႀကိမ္ႀကိမ္ ျငင္းပယ္ခံခဲ့ရပါတယ္။ ေနာက္ဆုံးေတာ့ Luke ရဲ႕ ထက္သန္တဲ့ စိတ္ကို သက္ဆုိင္ရာက မျငင္းပယ္ေတာ့ပါဘူး။
သူနဲ႔အတူ လုိက္ပါခုန္ခ်တဲ့သူေတြကေတာ့ ေလထီးေတြနဲ႔ပါ။ သူတုိ႔ဆီမွာ အခ်က္ျပမီးခုိးေတြလည္း ပါသလုိ၊ အကယ္၍ ေျမခံပုိက္ကြန္နဲ႔ Luke လြဲေခ်ာ္ခဲ့မယ္ဆုိရင္ အေရးေပၚကယ္ဆယ္ဖုိ႔ အသင့္ေစာင့္ေနသူေတြလည္း ေျမျပင္မွာ ရွိခဲ့ပါတယ္။ Luke ကေတာ့ သူရဲ႕ အသည္းတေအးေအး ျပကြက္အတြက္ ဝမ္းသာဂုဏ္ယူေနပါတယ္။
Ref ; LadBible
အမြင့်(၁၀)ပေကျော်ကနေ ပြုတ်ကျရင် အသက်မသေတောင် ခြေတွေလက်တွေ ကျိုးသွားနိုင်တယ်ဆိုတာ အားလုံး သိမယ်ထင်ပါတယ်။ တစ်ခါတလေ ကံရာမသင့်ရင် တစ်ပေလောက်ကနေ ပြုတ်ကျရင်တောင် ခြေကျိုးလက်ကျိုး ဖြစ်တတ်သေးသလို၊ တစ်ခါတလေမှာ ချော်လဲရုံနဲ့ အသက်ထွက်သွားတတ်ပါတယ်။
အခု လူစွန့်စားတစ်ယောက်ကတော့ အမြင့်ပေ (၂၅၀၀၀)ကနေ လေထီးလုံးဝမသုံးဘဲ ခုန်းဆင်းပြခဲ့တာပါ။ သူရဲ့ စတန့်ပြကွက်ဟာ တခြားသူတွေ လိုက်လုပ်ဖို့ အလွန်ခက်ခဲပြီး၊ သူ ခုန်ဆင်းဖို့ ရည်မှန်းထားတဲ့ မူလနေရာကနေ သွေဖယ်သွားပြီဆိုရင်တော့ အရိုးတခြား အသားတခြားနဲ့ ဘဝဆုံးရတော့မှာ ဖြစ်ပါတယ်။
အဆိုပါ လူစွန့်စားဟာ ဝေဟင်အမြင့် (၇၆၂၀)ကနေ ခုန်ဆင်းပြခဲ့တာ ဖြစ်ပါတယ်။ လေထီး လုံးဝအသုံးမပြုပါဘူး။ သူ့ဘေးကနေ အဖော်တွေ ရံလိုက်လာခဲ့ပြီး၊ သူတို့တစ်တွေကတော့ လေထီးတွေကိုယ်စီ မဖြစ်မနေ သုံးခဲ့ပါတယ်။ အဲဒီဗွီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ရေပန်းစားနေပြီး ကြည့်ရှုသူ သန်းနဲ့ချီ ရှိနေပါတယ်။
လူစွန့်စားရဲ့အမည်ကတော့ Luke Aikins ပါ။ သူဟာ အျသက်(၄၇)နှစ် ရှိပြီဖြစ်ပြီး၊ BASE Jumper အဖြစ်လည်းကောင်း၊ လေယာဉ်မှူးအဖြစ်လည်းကောင်း၊ ဝေဟင်ဓာတ်ပုံဆရာအဖြစ်လည်းကောင်း စွယ်စုံရ ဝေဟင်သရဲဖြစ်ပါတယ်။ အခုဆိုရင် သူဟာ လုံလောက်တဲ့အမြင့်ကနေ လေထီးမပါဘဲ ဘေးကင်းကင်နဲ့ ခုန်ချနိုင်တဲ့ ပထမဆုံး လူစွန့်စား ဖြစ်ခွင့်ရခဲ့ပါပြီ။
ထူးခြားတာက သူဟာ အခု ခုန်ချတဲ့အတောအတွင်းမှာ Wngsuit လို့ခေါ်တဲ့ အတောင်ပံပါဝတ်စုံကိုတောင် ဝတ်မထားပါဘူး။ သူဟာ ဒီစတန့်ပြကွက်အတွက် ရက်ပေါင်းများစွာ လေ့ကျင့်ခဲ့ရသလို၊ လေတိုက်နှုန်းနဲ့ အောက်က ခံထားတဲ့ ပိုက်ကွက်ထဲကို ကွက်တိကျဖို့ကိုလည်း တွက်ချက်မှတ်သားမှုတွေ ပြုလုပ်ခဲ့ရပါတယ်။
ဒီလိုစတန့်မျိုးကို Heaven Sent လို့လည်း ခေါ်ပါတယ်။ (၂၀၁၆)ခုနှစ် ဇူလိုင်မှာ စတင်ခဲ့ပြီး၊ ဒီစတန့်အတွက် Luke ဟာ ကနဦးကတည်းက လေထီးမပါဘဲ ခုန်ချနိုင်သူအဖြစ် စံချိန်သစ် တင်ထားပြီးသားပါ။ အခုက သူတင်ထားတဲ့ စံချိန်ကို ပြန်ချိုးခဲ့တာ ဖြစ်ပါတယ်။
သူ့ကို ခံယူမယ့် မြေပြင်ပေါ်က ပိုက်ကွန်ကလည်း ဧရာမအရွယ်အစား ဖြစ်ပါတယ်။ အမြင့် (၁၀၀)ပေဖြစ်ပြီး၊ ကံဆိုးရင် လွဲချော်မှု ဖြစ်သွားနိုင်ပါတယ်။ ဒီမတိုင်ခင်မှ စတန့်ပြကွက်အတွက် သက်ဆိုင်ရာကို ခွင့်ပြုချက်တင်ခဲ့ရာ အကြိမ်ကြိမ် ငြင်းပယ်ခံခဲ့ရပါတယ်။ နောက်ဆုံးတော့ Luke ရဲ့ ထက်သန်တဲ့ စိတ်ကို သက်ဆိုင်ရာက မငြင်းပယ်တော့ပါဘူး။
သူနဲ့အတူ လိုက်ပါခုန်ချတဲ့သူတွေကတော့ လေထီးတွေနဲ့ပါ။ သူတို့ဆီမှာ အချက်ပြမီးခိုးတွေလည်း ပါသလို၊ အကယ်၍ မြေခံပိုက်ကွန်နဲ့ Luke လွဲချော်ခဲ့မယ်ဆိုရင် အရေးပေါ်ကယ်ဆယ်ဖို့ အသင့်စောင့်နေသူတွေလည်း မြေပြင်မှာ ရှိခဲ့ပါတယ်။ Luke ကတော့ သူရဲ့ အသည်းတအေးအေး ပြကွက်အတွက် ဝမ်းသာဂုဏ်ယူနေပါတယ်။
Crd