ဗဟုသုတ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တည်ထားပြီးစီးတော့မယ့် အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီး

ဘန်ကောက်မြို့က အကြီးဆုံး ဗုဒ္ဓရုပ်ပွားတော်ကြီး ဖြစ်တဲ့ မဟာဗုဒ္ဓ ရုပ်ပွားတော်ကြီး ပြီးစီးပါတော့မယ်

၆၉ မီတာ (၂၂၆ ပေ) မြင့်တဲ့ ဓမ္မကရာ သီပုန်းမုန်ကိုးဘုရားရုပ်ပွားတော်ကြီးကို ဘန်ကောက်မြို့ ဝက်ပခုက္ကူဖဆီချာရိုန်မှာ တည်ထားနေတုန်းပဲ ဖြစ်ပါတယ်။ အဆိုပါ ရုပ်ပွားတော်ကြီးဟာ အထပ် ၂၀ မြင့်တဲ့ အဆောက်အဦး ပမာဏ မြင့်မားပြီး ၂၀၂၁ ခုနှစ်မှာ ဆောက်လုပ်တည်ထားမှု ပြီးစီးမှာ ဖြစ်ပါတယ်

ကမ္ဘာ့အမြင့်ဆုံး ဗုဒ္ဓရုပ်ပွားတော်ဟာ တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းမှာ တည်ရှိပြီး ၁၂၈ မီတာ (၄၂၀ ပေ) မြင့်ပါတယ်။ ကမ္ဘာ့ဒုတိယ အမြင့်ဆုံး ရုပ်ပွားတော်ကတော့ မြန်မာနိုင်ငံက လေးကျွန်းစကြ်ာ ရပ်တော်မူ မြတ်စွာ ဘုရားကြီးပဲ ဖြစ်ပါတယ်

လေးကျွန်းစကြာ ရပ်တော်မူမြတ်စွာဘုရားကြီးသည် ၁၁၆ မီတာ (သို့မဟုတ်) ၃၈၁ ပေ မြင့်မားပါတယ်။ ရုပ်ပွား တော်မြတ်ကြီးသည် ၁၃.၅ မီတာ (၄၄ ပေ) အမြင့်ရှိ ပလ္လင်တော်ကြီးပေါ်တွင် ရပ်တော်မူလျက် အသွင်ဟန်ဖြင့် တည်ရှိပြီး၊ မြန်မာနိုင်ငံ၊ မုံရွာမြို့အနီး ခတက္ကန်တောင်ရွာ၊ ဇီးဖြူတောင်ပေါ်မှာ တည်ရှိပါတယ်

ထိုင်းနိုင်ငံဟာမြတ်စွာဘုရား ရုပ်ပွားတော်ကြီးများ အများ အပြားကို တည်ဆောက် ပူဇော်လေ့ ရှိတဲ့ ဗုဒ္ဓ ဘာသာ နိုင်ငံတခုလည်း ဖြစ်ပါတယ်

ယခု ရုပ်ပွားတော်ကြီးကလည်း ၂၀၂၁ ခုနှစ်မှာ ပြီးစီးနိုင်မယ်ဆိုတော့ ၂၀၂၁ ဟာ ကမ္ဘာကြီးအတွက် အမှောင်ကျနေတဲ့အထဲက ရုန်းထွက်နိုင်ပြီး ငြိမ်းချမ်းသာယာတော့မယ့် အတိတ်နိမိတ်ကို ဆောင်နေတာပဲ ဖြစ်ပါတယ်

မြတ်ဗုဒ္ဓ သတင်းများ

Zawgyi







မြတ်ဗုဒ္ဓ သတင်းများ