ဗဟုသုတ

ဖူးမျှော်ဖွယ်ရာ ဇိနသုခရန်အောင်ချမ်းသာလျောင်းတော်မူရုပ်ပွားတော်မြတ်ကြီး(မုဒုံ)

မြန်မာနိုင်ငံတဝှမ်းရှိ ဖူး‌မြော်ဖွယ်ရာ လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၉ ဆူရှိပါတယ်..ယခုဖော်ပြပေးမှာကာတော့ ဇိနသုခရန်အောင်ချမ်းသာလျောင်းတော်မူရုပ်ပွားတော်မြတ်ကြီး(မုဒုံ)သမိုင်းပဲဖစ်ပါတယ်

ဇိနသုခရန်အောင်ချမ်သာလျောင်းတော်မူရုပ်ပွားတော်မြတ်ကြီးမှာ မွန်ပြည်နယ်၊မုဒုံမြို့နယ်၊ မြိုင်ကုန်းကျေးရွာမှာ ကြည်ညိုဖွယ်ရာတည်ရှိနေတာဖြစ်ပါတယ်

လျောင်းတော်မူဘုရားကြီးမှာ အတောင်(၄၀၀)၊ပေ(၆၀၀)နဲ့အမြင့်ပေ(၁၇၀) ရှိတဲ့ ကမ္ဘ့ာအကြီးဆုံးလျောင်းတော်မူရုပ်ပွားတော်မြတ်တစ်ဆူအဖြစ်သိရှိရပါတယ်

အမြင့်ပေ(၁၂၀)ရှိတဲ့ တောင်စောင်းပေါ်မှာ တည်ထားကိုးကွယ်ထားတာဖြစ်တဲ့အတွက် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူတွေ အခက်အခဲမရှိရလေအောင် ကားတက်လမ်း၊တောင်တက်လမ်း၊အာရုံခံတန်ဆောင်းနတ်လမ်းဆိုပြီး လွယ်လင့်တကူတက်ရောက်ဖူးမြော်နိုင်ရန်စီမံပေးထားကြောင်းသိရှိရပါတယ်

ဝင်းစိန်တောရဆရာတော်ကြီးက လျောင်းတော်မူကြီးကို သံကူကွန်ကူရစ် ခေါင်းပွနဲ့တည်ဆောက်ထားပြီး ကိုယ်လုံးတော်အတွင်းပိုင်းကို (၂၂)ပေပတ်လည် ဗုဒ္ဓဝင် အခန်း၊ငရဲခန်းတို့နဲ့ပုံဖော်ထားပါတယ်

ဗုဒ္ဓဝင် အခန်း၊ငရဲခန်းထဲမှာ ရုပ်လုံးရုပ်ကြွနောက်ခံပန်းချီကားတွေကို ထည့်သွင်းထားပြီး အခန်းပေါင်း (၂၀၀၀)ကျော်ရှိတယ်လို့သိရပါတယ်။ အောက်ခြေကိုယ်လုံးတော်ကနေ ပခုံးတော်အထိ(၈)ထပ်ရှိပြီး ပေ(၁၇၀)ခန့်မြင့်ပါတယ်

ဆရာတော်ဘုရားကြီးရဲ့ သြဝါဒနဲ့အညီ နိုင်ငံတော်အစိုးရက ၁၉၉၃ခုနှစ်မှာ “ဇိနသုခရန်အောင်ချမ်းသာ” ဆိုပြီး ဘုရားဘွဲ့တော်ကိုဆည်းကပ်လှူဒါန်းခဲ့ကြောင်းလေ့လာသိရှိရပါတယ်

Zawgyi

ျမန္မာနိုင္ငံတဝွမ္းရွိ ဖူး‌ေျမာ္ဖြယ္ရာ ေလ်ာင္းေတာ္မူ ဗုဒၶ႐ုပ္ပြားေတာ္ျမတ္ႀကီး ၉ ဆူရွိပါတယ္..ယခုေဖာ္ျပေပးမွာကာေတာ့ ဇိနသုခရန္ေအာင္ခ်မ္းသာေလ်ာင္းေတာ္မူ႐ုပ္ပြားေတာ္ျမတ္ႀကီး(မုဒုံ)သမိုင္းပဲဖစ္ပါတယ္

ဇိနသုခရန္ေအာင္ခ်မ္သာေလ်ာင္းေတာ္မူ႐ုပ္ပြားေတာ္ျမတ္ႀကီးမွာ မြန္ျပည္နယ္၊မုဒုံၿမိဳ႕နယ္၊ ၿမိဳင္ကုန္းေက်း႐ြာမွာ ၾကည္ညိုဖြယ္ရာတည္ရွိေနတာျဖစ္ပါတယ္

ေလ်ာင္းေတာ္မူဘုရားႀကီးမွာ အေတာင္(၄၀၀)၊ေပ(၆၀၀)နဲ႕အျမင့္ေပ(၁၇၀) ရွိတဲ့ ကမၻ့ာအႀကီးဆုံးေလ်ာင္းေတာ္မူ႐ုပ္ပြားေတာ္ျမတ္တစ္ဆူအျဖစ္သိရွိရပါတယ္

အျမင့္ေပ(၁၂၀)ရွိတဲ့ ေတာင္ေစာင္းေပၚမွာ တည္ထားကိုးကြယ္ထားတာျဖစ္တဲ့အတြက္ အနယ္နယ္အရပ္ရပ္မွ ဘုရားဖူေတြ အခက္အခဲမရွိရေလေအာင္ ကားတက္လမ္း၊ေတာင္တက္လမ္း၊အာ႐ုံခံတန္ေဆာင္းနတ္လမ္းဆိုၿပီး လြယ္လင့္တကူတက္ေရာက္ဖူးေျမာ္နိုင္ရန္စီမံေပးထားေၾကာင္းသိရွိရပါတယ္

ဝင္းစိန္ေတာရဆရာေတာ္ႀကီးက ေလ်ာင္းေတာ္မူႀကီးကို သံကူကြန္ကူရစ္ ေခါင္းပြနဲ႕တည္ေဆာက္ထားၿပီး ကိုယ္လုံးေတာ္အတြင္းပိုင္းကို (၂၂)ေပပတ္လည္ ဗုဒၶဝင္ အခန္း၊ငရဲခန္းတို႔နဲ႕ပုံေဖာ္ထားပါတယ္

ဗုဒၶဝင္ အခန္း၊ငရဲခန္းထဲမွာ ႐ုပ္လုံး႐ုပ္ႂကြေနာက္ခံပန္းခ်ီကားေတြကို ထည့္သြင္းထားၿပီး အခန္းေပါင္း (၂၀၀၀)ေက်ာ္ရွိတယ္လို႔သိရပါတယ္။ ေအာက္ေျခကိုယ္လုံးေတာ္ကေန ပခုံးေတာ္အထိ(၈)ထပ္ရွိၿပီး ေပ(၁၇၀)ခန႔္ျမင့္ပါတယ္

ဆရာေတာ္ဘုရားႀကီးရဲ႕ ၾသဝါဒနဲ႕အညီ နိုင္ငံေတာ္အစိုးရက ၁၉၉၃ခုႏွစ္မွာ “ဇိနသုခရန္ေအာင္ခ်မ္းသာ” ဆိုၿပီး ဘုရားဘြဲ႕ေတာ္ကိုဆည္းကပ္လႉဒါန္းခဲ့ေၾကာင္းေလ့လာသိရွိရပါတယ္