ဗဟုသုတ

မိုးရာသီမှာ အဖြစ်များတဲ့ အအေးမိ၊ နှာစေး၊ ခေါင်းကိုက်၊ နှာရည်ယို ခြင်း တွေအတွက် ဆေးနည်းကောင်း

မိုးရာသီမှာ အဖြစ်များတဲ့ အအေးမိ၊ နှာစေး၊ ခေါင်းကိုက်၊ နှာရည်ယို ခြင်း တွေအတွက် ဆေးနည်းကောင်း

အခုလို မိုးရာသီဟာ အအေးမိ၊ နှာစေး၊ ခေါင်းကိုက်ခြင်း၊ နှာရည်ယိုခြင်းစတာတွေ အဖြစ် များ ကြပါတယ်။ အများသူငှာ ကြားထဲ နှာရည်တရွှဲရွှဲနဲ့ ခဏခဏ နှပ်သုတ်နေရတာအနေရ ခက် လှပါတယ်။ အခြားသော နှာစေးတာ သက်သာစေတဲ့ နည်းလမ်းတွေ များမှာရှိစွာအထဲက လူ တိုင်း အသုံးပြုနိုင်မယ့် ဆေးနည်းလေးကိုမျှဝေပေးချင်ပါတယ်

ကြက်သွန်ဖြူမီးဖုတ်စား ခြင်းဖြင့် အ အေးမိ၊ နှာစေး၊ ခေါင်းကိုက်ခြင်း၊ နှာရည်ယိုခြင်း၊ အသံဝင်ခြင်း၊ လည်ချောင်း နာ ခြင်းများကို လည်း သက်သာစေနိုင်ပါတယ်။ ပြုလုပ်ပုံကတော့..ကြက်သွန်ဖြူ အမွှာလေးတွေကို အခွံမခွာပဲ မီးအုံးပြီး နည်းနည်းလေး အပူရ အနံ့ထွက်လာပြီဆိုရင်ဆေးအဖြစ်စားသုံးနိုင်ပါပြီ

ဒါ့အပြင် ကြက်သွန်ဖြူမှာပါဝင်တဲ့ ဘက်တီးရီးယားဆန့်ကျင်ပစ္စည်းတွေဟာ ခန္ဓာကိုယ်အတွင်း မှာ ရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေကိုလည်း တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ကိုယ်ခံအားစနစ် ကို ကောင်းမွန်စေသလို အရိုးတွေကိုလည်းသန်မာစေပါတယ်

သွေးပေါင်ချိန်ကို မှန်ကန်စေသလို ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ အဆီပိုတွေကိုလည်း ဖယ်ရှားပေးပါတယ်။ ကိုလက်စထောရော ပမာဏကို လည်း ထိန်းချူပ်ပေးပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကိုလည်း ကာ ကွယ်ပေးပါတယ်။ ကိုယ်ခံအားစနစ်ကောင်းမွန်စေတာကြောင့် အမောခံနိုင်စေပါတယ်

မူရင်းရေးသားသူကို လေးစားစွာဖြင့် Credit ပေးပါတယ်

Zawgyi





