(၁) အုပ်ကြွပ်မိုးပါ
အုပ်ကြွပ်ဟာ အပူချိန် ၁၃၀၀ ဒီဂရီစင်တီဂရိတ်လောက်အထိ ခံနိုင်ရည်ရှိတဲ့အတွက် မီးလောင်ဒဏ်ကို ခံနိုင်ရည် ရှိပါတယ်
အိမ်တွင်း အအေးဓာတ်ကို ထိန်းပေးပြီး နေပူဒဏ်ကိုလည်း သွပ်ထပ်များစွာ ခံနိုင်ရည် ရှိပါတယ်
(၂) အပူခံဂွမ်း Radiant Barrier သုံးပါ
အပူခံဂွမ်းလို့ လူသိများပြီး စက်ရုံတွေမှာ သုံးတာတွေ့ရပါတယ်
မျက်နှာကျက် အပေါ်မှာ တပ်ဆင်ရတဲ့ insulation material ဖြစ်ပြီး
အုပ်ကြွပ်နဲ့ တွဲသုံးမယ်ဆိုရင်တော့ တော်တော်လေးကို အပူဒဏ် သက်သာသွားမှာ ဖြစ်ပါတယ်
Youtube မှာတင်ထားတဲ့ video တွေအရ သွပ်မိုးပြီး Radiant Barrier
သုံးထားတာတောင် အပူချိန် ၇ ဒီဂရီလောက် လျော့ကျသွားတာတွေ့ရပါတယ်
ဒီနှစ်ချက်ဟာ initial cost လို့ခေါ်တဲ့ ကနဦးကုန်ကျငွေ များပေမယ့်
running cost တော်တော်သက်သာစေမှာ ဖြစ်ပါတယ်။ အဲကွန်းသုံးမယ်ဆို ကနဦး ကုန်ကျငွေရော
လစဉ်ကုန်ကျငွေအပြင် ပြုပြင်ထိန်းသိမ်းစရိတ်ပါ ထည့်ပေါင်းတွက်ရမှာ ဖြစ်ပါတယ်
ဒါအပြင် အဲကွန်းဟာ သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးတဲ့ ဇိမ်ခံပစ္စည်း တစ်ခုလည်း ဖြစ်ပါတယ်
(၃) ရှားစောင်းလက်ပပ် စိုက်ပါ
မိမိအိမ်ခန်းထဲမှာ ရှားစောင်းလက်ပပ် ပင်တွေစိုက်ထားခြင်းဖြင့် အိမ်တွင်းအပူချိန်ကို သိသိသာသာ လျော့ချနိုင်ပါတယ်
ဒါ့အပြင် ရှားစောင်းလက်ပပ်ဟာ formaldehyde compounds တွေကိုလည်း
စုပ်ယူပေးတဲ့အတွက်ကြောင့် အိမ်တွင်းလေထုအရည်အသွေးကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်
ဒီအပင်စိုက်ထားခြင်းအားဖြင့် အဆိပ်အတောက်တွေကို ရှုမိခြင်း အန္တရာယ်မှလည်း ကာကွယ်နိုင်ပါတယ်
အထက်ပါ သုံးချက်ကတော့ ခြံမကျယ်လည်း လုပ်လို့ရနိုင်ပါတယ်
(၄) နံပါတ်လေး အချက်ကတော့ ခြံကျယ်ကျယ်သမားတွေအတွက်ပါ
မိမိအိမ်မှာ မြေကွက်လပ်အပို ရှိမယ်ဆိုရင် ကွန်ကရစ်အပြည့်ခင်းခြင်းကို ရှောင်ကြည်ပါ
မြက်ခင်းများ စိုက်ခြင်းအားဖြင့် အပူဒဏ်လျော့ချနိုင်သလို မြေအောက်ရေကိုလည်း ပြန်လည်ဖြည့်တင်းပေးရာရောက်ပါတယ်
(၅) အရိပ်ရအပင်စိုက်ပါ
အာဆီယံနိုင်ငံနဲ့ အကိုက်ညီဆုံး အမြန်ဆုံးအရိပ်ရအပင် (Fast Growing Shade Trees) တွေထဲမှာ
ပိတောက်ပင်ကို ညွှန်းဆိုကြပါတယ်။ ဒုတိယကတော့ ကုက္ကိုလ်ပင်ပါ
ဒီငါးချက်ကို တတ်နိုင်တဲ့သူတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းလိုစိတ်ရှိတဲ့သူတွေ
အခုကစ လုပ်ဆောင်ကြမယ်ဆိုရင် နောက်လာမည့်နှစ်တွေမှာ အပူဒဏ် လျော့ကျသွားနိုင်ပါတယ်။
အဲကွန်းလျော့သုံးပါ အပင်စိုက်ပါ အပူဒဏ်ခံပစ္စည်းများအသုံးပြုပါ ကမ္ဘာမြေကိုကယ်တင်ပါ