ဗဟုသုတ

ချွေးနဲ့ ရင်းပြီး ရှာထားတဲ့ ပိုက်ဆံကို ဘယ်သူမှမဖြုန်းရက်ဘူး (ဒီစာဖတ်ပြီးရင် သင့်အတွက် မှတ်သားစရာကျန်ခဲ့မှာပါ)

ချွေးနဲ့ ရင်းပြီး ရှာထားတဲ့ ပိုက်ဆံကိုဘယ်သူမှမဖြုန်းရက်ဘူး (ဒီစာဖတ်ပြီးရင် သင့်အတွက် မှတ်သားစရာကျန်ခဲ့မှာပါ)

အလွန် ချမ်းသာတဲ့ သူဌေးကြီး လင်မယားမှာ သားတစ်ယောက် ရှိတယ် ။ တစ်ဦးတည်းသော သားမို့ အဖေရော အမေပါ အလိုလိုက် ထားတယ် ကလေးဟာ ငယ်ကထဲက အလိုလိုက် ခံထားရလို့ အိမ်မှာ ဘာအလုပ်မှ မလုပ်ချင်ဘူး ပျင်းတယ် ပျင်းတာမှ အရမ်းကို ပျင်းတယ်

သူ့ သား အသက် ၁၃ နှစ် အရွယ်မှာ သူဌေးကြီးဟာ စိုးရိမ် လာတယ် သူသေသွားရင် ရှိသမျှ အမွေတွေကို သူ့ သားကို ပေးခဲ့ ရမယ် ။ အခုသူ့သား ပုံစံက အမွေတွေ ရလာရင် ဘာ အလုပ်မှ မလုပ်ဘဲ ထိုင်စားနေမယ့် ပုံပဲ ။ သူဌေးကြီးဟာ သူ့သားကို အလုပ်ရဲ့ တန်ဖိုးကို သိစေချင် လို့ တစ်ခုခု လုပ်ဖို့ အကြံ ထုတ်တယ်

နောက်တစ်နေ့ ညနေ ကျောင်းဆင်းပြန်လာတဲ့ သားကို သူဌေးကြီးက ခုလို ပြောလိုက်တယ် ။ ငါ့သား ဒီညနေ အလုပ်တစ်ခု လုပ်ပြီးထမင်းဖိုး ပိုက်ဆံရအောင် ရှာလာခဲ့ ။ ပိုက်ဆံ ရမလာရင် ဒီည မင်းကို ညစာမကျွေးဘူး

ကလေးဟာ အလုပ် မလုပ်ချင်ဘူး။ ဘာအလုပ် လုပ်ရမှန်းလည်း မသိလို့ ငိုပြီး တခြားအိမ်ကို အလည်သွားနေတဲ့ အမေကို သွားပြောတယ် ။ သူ့အမေဟာသူ့ယောက်ျားကို အတော် စိတ်ဆိုးသွားတယ် ။ ဒါပေမဲ့သူ့ယောက်ျားရဲ့ စိတ်ကို သူသိတယ် ။ သူပြောသလို ကလေးပိုက်ဆံပါမလာရင် ထမင်းတကယ် မကျွေးဘူးဆိုတာကို သိလို့ သူ့သားကို ငွေ ၂ ထောင်ကျပ် ထုတ်ပေးလိုက်တယ် ။ ကလေးလည်း အဲဒီပိုက်ဆံကိုကိုင်ပြီး အိမ်ကို ပြန်ပြေးသွားတယ်

အိမ်ရောက်တော့ အဖေက အလုပ်လုပ်ခဲ့လားလို့ မေးတယ် သူက လုပ်ခဲ့ပါတယ် ဆိုပြီးငွေ ၂ ထောင်ကျပ်ကို ပြလိုက်တယ် သူဌေးကြီးဟာ သူ့သားပုံစံကိုကြည့်ပြီး အဲဒီ ပိုက်ဆံဟာ အလုပ်လုပ်လို့ ရတာမဟုတ်ဘဲ သူများဆီက တောင်းလာတာမှန်း ရိပ်မိတယ် ဒါပေမယ့်သူကပိုက်ဆံကို ဘာအလုပ်လုပ်လို့ ရလာသလဲ မမေးဘဲ အဲဒီပိုက်ဆံကို ရေတွင်းထဲ ပစ်ချလိုက်လို့ ပြောလိုက်တယ် ကလေးကလည်း ချက်ချင်းပဲ ပိုက်ဆံကို ရေတွင်းထဲ ပစ်ချလိုက်တယ်

နောက်တစ်နေ့ ညနေ ရောက်ပြန်တော့ ကျောင်းဆင်းပြန်လာတဲ့ သားကို သူဌေးကြီးက မနေ့ကလိုပဲ ပြောလိုက်တယ် ။ ငါ့သားဒီညနေအလုပ်တစ်ခု လုပ်ပြီး ထမင်းဖိုးပိုက်ဆံ ရအောင်ရှာလာခဲ့ ။ ပိုက်ဆံရမလာရင် ဒီည မင်းကို ညစာမကျွေးဘူး ။ ဒီတစ်ခါတော့ ကလေး အမေဟာတခြားမြို့မှာ နေမကောင်းဖြစ်နေတဲ့ သူ့အဖေဆီ သွားနေလို့ အိမ်မှာမရှိဘူး

ဒါပေမယ့် ကလေးအတွက် ကိစ္စမရှိဘူး ။ တခြားရပ်ကွက်မှာ နေတဲ့ အဒေါ်ဆီ ပြေးပြီး ပိုက်ဆံသွားတောင်းတယ် ။ အိမ်ကို ပိုက်ဆံ ပါမသွားရင် ညစာစားရမှာ မဟုတ်ဘူး ဆိုလို့ အဒေါ်ကသနားပြီးငွေ ၂ထောင်ကျပ် ပေးလိုက်တယ် ။ ကလေးလည်း အဲဒီ ပိုက်ဆံကို ကိုင်ပြီးအိမ်ကိုပြန် ပြေးသွားတယ် ။ အိမ်ရောက်တော့ အဖေက အလုပ်လုပ်ခဲ့လားလို့ မေးတယ် ။ သူကလုပ်ခဲ့ပါတယ် ဆိုပြီးငွေ၂ထောင်ကျပ်ကို ပြလိုက်တယ်

ဒီတစ်ခါလည်း သူဌေးကြီးဟာ အဲဒီပိုက်ဆံကို ရေတွင်းထဲ ပစ်ချလိုက်လို့ ပြောလိုက်တယ် ။ ကလေးကလည်း ချက်ချင်းပဲ ပိုက်ဆံကိုရေတွင်းထဲ ပစ်ချလိုက်တယ် ။ နောက်တစ်နေ့ ညနေရောက်ပြန်ပြီ ။ ကျောင်းဆင်းပြန်လာတဲ့ သားကို သူဌေးကြီးကမနေ့ကလိုပဲ ပြောလိုက်တယ် ။ ငါ့သား ဒီညနေ အလုပ်တစ်ခုလုပ်ပြီး ထမင်းဖိုးပိုက်ဆံရအောင် ရှာလာခဲ့ ။ ပိုက်ဆံရမလာရင် ဒီညမင်းကို ညစာမကျွေးဘူး

ဒီတစ်ခါမှာ ကလေးအတွက် အကျပ်တွေ့နေတယ် ။ တခြားမြို့ကိုသွားနေတဲ့အမေက ပြန်ရောက်မလာသေးဘူး ။ အဒေါ်ဆီ သွားတော့လည်းသူ့အိမ်မှာ မတွေ့ရဘူး။ ဒါနဲ့ သစ်ပင်ရိပ်တစ်ခုအောက်မှာ ငုတ်တုတ်လေးထိုင်ပြီး ငိုနေတယ် ။ ဘေးကဖြတ်သွားတဲ့ အဖိုးကြီးတစ်ယောက်က သူ့ကို ဘာကြောင့်ငိုနေတာလဲလို့ မေးတော့ကလေးက အလုပ်လုပ်တဲ့ပိုက်ဆံ ပါမသွားရင် ညစာစားရမှာ မဟုတ်ဘူးလို့အကျိုးအကြောင်း ပြောပြတယ်

အဖိုးကြီးဟာ ဟိုတယ်ကြီးတစ်ခုရဲ့ပိုင်ရှင်ဖြစ်တယ် ။ နောက်ပြီး ကလေးအဖေရဲ့သူငယ်ချင်းပါ ။ ကလေးကတော့မသိပါဘူး ။ အဖိုးကြီးက ကေလးကို ဟိုတယ်ကိုလိုက်ခဲ့ ။ သူအလုပ်ပေးမယ် ။ ပိုက်ဆံလည်း ပေးမယ်ဆိုလို့ ကလေးလည်း လိုက်သွားတယ် ။ ဟိုတယ်ရောက်တော့အဖိုးကြီးက ကလေးကို ဟိုတယ် မီးဖိုချောင်မှာပုံနေတဲ့ ပန်းကန်တွေ တစ်ထပ်ကြီးကို ဆေးခိုင်းတယ် ။ ပြီးရင်အဝတ်နဲ့ ပန်းကန်တွေကိုခြောက်အောင် သုတ်ခိုင်းတယ် ။ မီးဖိုခန်းကိုရေဆေး ဆေးကြောခိုင်းတယ်

ကေလးဟာ ၂ နာရီကြာအောင် ပင်ပင်ပန်းပန်း လုပ်ပြီးတဲ့အခါမှာအဖိုးကြီးက သူ့ကိုငွေ ၂ ထောင်ကျပ် ထုတ်ပေးလိုက်တယ် ။ ကလေးဟာတစ်ခါမှအလုပ်မလုပ်ဖူးတော့ တစ်ကိုယ်လုံး နာကျင် ကိုက်ခဲနေတယ် ။ သူဟာ ပိုက်ဆံကို ကျစ်ကျစ်ပါအောင်လက်ထဲမှာ ဆုပ်ကိုင်ပြီး အိမ်ကိုပြန်ပြေးတယ် ။ အိမ်ရောက်တော့ အဖေက အလုပ်လုပ်ခဲ့လားလို့မေးတယ် ။ သူကလုပ်ခဲ့ပါတယ်ဆိုပြီးငွေ ၂ ထောင်ကျပ်ကိုပြလိုက်တယ်

ဒီတစ်ခါလည်း သူဌေးကြီးဟာ အဲဒီပိုက်ဆံကို ရေတွင်းထဲ ပစ်ချလိုက်လို့ပြောလိုက်တယ် ။ ဒီတစ်ခါမှာတော့ကလေးက ပိုက်ဆံကိုရေတွင်းထဲ ပစ်မချနိုင်ဘူးလို့ ပြန်ပြောတယ် ။ သူဌေးကြီးက ဘာကြောင့်အရင်လို ပစ်မချရတာလဲလို့မေးတော့ ကေလးက သူ့တစ်ကိုယ်လုံးနာကျင်ကိုက်ခဲပြီး ချွေးတစ်လုံးလုံးနဲ့ ရှာထားတဲ့ပိုက်ဆံမို့ မပစ်ရက်ဘူးလို့ငိုပြီးပြောတယ်

ဒီအခါမှာသူဌေးကြီးက သူ့သားကို ခုလိုပြောလိုက်တယ် ။ ချွေးနဲ့ ရင်းပြီး ရွာထားတဲ့ပိုက်ဆံကို ဘယ်သူမွ မဖြုန်းရက်ဘူးကွ တဲ့ ။ အဲဒီညမှာသူဌေးကြီးဟာ စိတ်ချမ်ချမ်းသာသာနဲ့ အိပ်ယာဝင်သွားပါတယ်
Crd