အခုခေတ်မှာ ကြက်သားအမှုန့်ဆိုတဲ့ ဈေးချိုချို အထုပ်တွေဟာ နေရာယူလာပါတယ်။
အချိုမှုန့်အစားထိုးသုံးကြပေမယ့် ရောင်းတန်းဖြစ်တဲ့အတွက်
သူတို့ဟာလည်း အချိုမှုန့်တွေ နည်းနည်းပါနေသေးတယ်ဆိုတဲ့ သတင်းကိုဖတ်မိကြမှာပါ
ဒါကြောင့်အန္တရာယ်ကင်းတဲ့အချိုမှုန့်ပြုလုပ်နည်းလေးကို
မိသားစုတွေ အတွက် ပေးချင်ပါတယ်
အိမ်မှာလည်း သုံးနေတဲ့ နည်းလေးပါ
၁။ ကန်ဇွန်းဥ – ၅၀သား
၂။ ကြက်သွန်နီ -၂၀သား
၃။ ကြက်သွန်ဖြူ- ၅ကျပ်သား
၄။ ဆား၊ထမင်းစားဇွန်း – ၁ဇွန်း
၅။ သကြား ထမင်းစားဇွန်း -၃ဇွန်း
၆။ အုန်းထန်းလျက် – ၅လုံး
၇။ ငရုပ်ကောင်းထမင်းစားဇွန်း – ၁ဇွန်း
ကန်းဇွန်းဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတို့ကို”ခြစ်”နဲ့ပါးပါးခြစ်ပါ
နေပူပူမှာနေလှန်းပါ။ မီးအေးအေးနဲ့မွှေပါ
ကြွပ်နေအောင်မွှေပါ
ကန်ဇွန်းဥကြက်သွန်မွှေးနံလေးရပြီဆိုတာနဲ့ဆားသကြား
ငရုပ်ကောင်း၊ထန်းလျက်တို့ကိုထုချေပြီးထည့်ပါ
အအေးခံပါ။ပြီးရင်Blanderနဲ့မှုန့်နေအောင်ကြိတ်ပါ
ပြီးရင်ပုလင်းထဲထည့်ပြီး လေလုံအောင်သိမ်းထားပါ
ဒါဆိုရင်အသင့်သုံးဖို့အန္တရာယ်ကင်းတဲ့အချိုမူန့်ရပါပြီ
ဈေးထဲကဝယ်ထားတဲ့ (မီးဖိုချောင်လူ သ တ် သမားကြီး)အချိုမူန့်ကိုအမိူက်ပုံးထဲသို့လွှတ်ပစ်လိုက်လို့ရပါပြီ
Credit
Zawgyi
၁။ ကန်ဇွန်းဥ – ၅၀သား
၂။ ကြက်သွန်နီ -၂၀သား
၃။ ကြက်သွန်ဖြူ- ၅ကျပ်သား
၆။ အုန်းထန်းလျက် – ၅လုံး
နေပူပူမှာနေလှန်းပါ။ မီးအေးအေးနဲ့မွှေပါ
ကြွပ်နေအောင်မွှေပါ
ဈေးထဲကဝယ်ထားတဲ့ (မီးဖိုချောင်လူ သ တ် သမားကြီး)အချိုမူန့်ကိုအမိုက်ပုံးထဲသို့လွှတ်ပစ်လိုက်လို့ရပါပြီ
Credit