ဗဟုသုတ

ဘယ်တော့မှ ကြီးပွါးချမ်းသာမှာမဟုတ်တဲ့ သူတွေမှာပဲ တွေ့ရတတ်တဲ့ အမူအကျင့်ဆိုးများ

ရှေးထုံးလည်း မပယ်နဲ့ စျေးသုံးလည်းမလွယ်နဲ့ ဆိုတဲ့စကားက တကယ့်ကို မှန်ကန်တဲ့ စကားတစ်ခုပါနော်။ ရှေးထုံးတိုင်းကို လိုက်နာစရာမလိုပေမယ့် ကိုယ်ဦးနှောက်နဲ့ချင့်ချိန်ပြီး လိုက်နာသင့်မသင့်ဆိုတဲ့ အရာတွေကို စဉ်းစားတတ်ရမှာ ဖြစ်ပါတယ်။ ရှေးလူကြီးတွေပြောတဲ့ လာဘ်ပိတ်တယ်၊ ဆင်းရဲတာရှည်တဲ့ အမူအကျင့်တစ်ချို့ဟာ တကယ့်ကို မှန်ကန်နေကြောင်း တွေ့ရပါတယ်နော်

မနက်အစောကြီး ငေးငိုင်နေတတ်တာ

မနက်စောစော အိပ်ရာထတဲ့အချိန် လန်းဆန်းတက်ကြွနေရမယ့် အချိန်မှာ မျက်နှာတောင်မသစ်ပဲ ငေးငေးငိုင်ငိုင်လုပ်နေတာမျိုးက လာဘ်ပိတ်တယ်လုိ့ ဆိုထားတတ်ကြပါတယ်။ ဒါဟာ လာဘ်ပိတ်တယ်ဆိုတာထက် မနက်ပိုင်းမှာတင် လုပ်စရာကိစ္စတွေကို မလုပ်ပဲ ငေးငေးငိုင်ငိုင်ဖြစ်နေတာက တစ်နေ့တာရဲ့ အလုပ်တာဝန်တွေအတွက် ကြိုစိတ်ပူနေသလိုဖြစ်နေလို့ ဒါဟာ လုပ်သမျှ အဆင်မပြေနိုင်ပါဘူး

ညီးညူလွန်းတာ

တစ်ချို့လူတွေဆီမှာ ဘယ်အရာမဆို ညီးညူတတ်တာမျိုးက အကျင့်တစ်ခုလို စွဲကပ်နေတတ်ပါတယ်။ ဥပမာ – တစ်ခုခုလေး အဆင်မပြေတာနဲ့ အရမ်းဒုက္ခရောက်နေသလိုမျိုး တစ်ခြားလူဆီမှာ ညီးညူပြတတ်တာ၊ ဘာလုပ်လိုပ် အဆိုးဘက်ကပဲ ကြည့်နေတတ်တာမျိုးပေါ့။ ဒီလိုညီးညူတတ်တာက အဆိုးတွေကို ဖိတ်ခေါ်နေသလို ဖြစ်နေတတ်ပါတယ်

ကြွေးလွယ်လွယ်ကူကူ ယူသုံးတတ်တာ

ကြွေးလွယ်လွယ်ယူသုံးတတ်တဲ့ အကျင့်က တကယ့်ကို ဆိုးဝါးလွန်းတဲ့ အကျင့်တစ်ခုဖြစ်ပြီး တတ်နိုင်သလောက် သူများဆီက ကြွေးယူတာမျိုး ရှောင်သင့်ပါတယ်။ အကြွေးဆိုတာမျိုးက သူများဆီမှာ မျက်နှာငယ်ရရုံမက ကိုယ့်စိတ်ကိုလည်း အရမ်းပင်ပန်းစေပါတယ်။ တစ်ချို့ဆို အတိုးတွေနဲ့ ကြွေးယူတာမျိုးတွေ၊ သူများဆီက လွယ်လွယ်ယူသုံးတတ်တဲ့အကျင့်တွေက ဘယ်တော့မှ ငွေကြေးပိုလျှံတာမျိုး မဖြစ်ပဲ အမြဲတမ်း ခက်ခဲနေစေမှာ ဖြစ်ပါတယ်နော်

Zawgyi

ေရွးထုံးလည္း မပယ္နဲ႕ ေစ်းသုံးလည္းမလြယ္နဲ႕ ဆိုတဲ့စကားက တကယ့္ကို မွန္ကန္တဲ့ စကားတစ္ခုပါေနာ္။ ေရွးထုံးတိုင္းကို လိုက္နာစရာမလိုေပမယ့္ ကိုယ္ဦးေႏွာက္နဲ႕ခ်င့္ခ်ိန္ၿပီး လိုက္နာသင့္မသင့္ဆိုတဲ့ အရာေတြကို စဥ္းစားတတ္ရမွာ ျဖစ္ပါတယ္။ ေရွးလူႀကီးေတြေျပာတဲ့ လာဘ္ပိတ္တယ္၊ ဆင္းရဲတာရွည္တဲ့ အမူအက်င့္တစ္ခ်ိဳ႕ဟာ တကယ့္ကို မွန္ကန္ေနေၾကာင္း ေတြ႕ရပါတယ္ေနာ္

မနက္အေစာႀကီး ေငးငိုင္ေနတတ္တာ

မနက္ေစာေစာ အိပ္ရာထတဲ့အခ်ိန္ လန္းဆန္းတက္ႂကြေနရမယ့္ အခ်ိန္မွာ မ်က္ႏွာေတာင္မသစ္ပဲ ေငးေငးငိုင္ငိုင္လုပ္ေနတာမ်ိဳးက လာဘ္ပိတ္တယ္လုိ့ ဆိုထားတတ္ၾကပါတယ္။ ဒါဟာ လာဘ္ပိတ္တယ္ဆိုတာထက္ မနက္ပိုင္းမွာတင္ လုပ္စရာကိစၥေတြကို မလုပ္ပဲ ေငးေငးငိုင္ငိုင္ျဖစ္ေနတာက တစ္ေန႕တာရဲ႕ အလုပ္တာဝန္ေတြအတြက္ ႀကိဳစိတ္ပူေနသလိုျဖစ္ေနလို႔ ဒါဟာ လုပ္သမွ် အဆင္မေျပနိုင္ပါဘူး

ညီးၫူလြန္းတာ

တစ္ခ်ိဳ႕လူေတြဆီမွာ ဘယ္အရာမဆို ညီးၫူတတ္တာမ်ိဳးက အက်င့္တစ္ခုလို စြဲကပ္ေနတတ္ပါတယ္။ ဥပမာ – တစ္ခုခုေလး အဆင္မေျပတာနဲ႕ အရမ္းဒုကၡေရာက္ေနသလိုမ်ိဳး တစ္ျခားလူဆီမွာ ညီးၫူျပတတ္တာ၊ ဘာလုပ္လိုပ္ အဆိုးဘက္ကပဲ ၾကည့္ေနတတ္တာမ်ိဳးေပါ့။ ဒီလိုညီးၫူတတ္တာက အဆိုးေတြကို ဖိတ္ေခၚေနသလို ျဖစ္ေနတတ္ပါတယ္

ေႂကြးလြယ္လြယ္ကူကူ ယူသုံးတတ္တာ

ေႂကြးလြယ္လြယ္ယူသုံးတတ္တဲ့ အက်င့္က တကယ့္ကို ဆိုးဝါးလြန္းတဲ့ အက်င့္တစ္ခုျဖစ္ၿပီး တတ္နိုင္သေလာက္ သူမ်ားဆီက ေႂကြးယူတာမ်ိဳး ေရွာင္သင့္ပါတယ္။ အေႂကြးဆိုတာမ်ိဳးက သူမ်ားဆီမွာ မ်က္ႏွာငယ္ရ႐ုံမက ကိုယ့္စိတ္ကိုလည္း အရမ္းပင္ပန္းေစပါတယ္။ တစ္ခ်ိဳ႕ဆို အတိုးေတြနဲ႕ ေႂကြးယူတာမ်ိဳးေတြ၊ သူမ်ားဆီက လြယ္လြယ္ယူသုံးတတ္တဲ့အက်င့္ေတြက ဘယ္ေတာ့မွ ေငြေၾကးပိုလွ်ံတာမ်ိဳး မျဖစ္ပဲ အၿမဲတမ္း ခက္ခဲေနေစမွာ ျဖစ္ပါတယ္ေနာ္