ဗဟုသုတ

ကျန်းမာခြင်း ၊ ဥစ္စာ ကြွယ်ဝခြင်း၊ အသက်ရှည်ခြင်း၊ ပျော်ရွှင်ခြင်း တို့ကို ပေးစွမ်းနိုင်သော အင်ကြင်းကျောက် အကြောင်း

မြန်မာအခေါ်အင်ကြင်းကျောက်သည် ဂရိဘာသာ petra မှဆင်းသက်လာပြီးကျောက်သားအသွင်ပြောင်းသွားသော သစ်ပင် သစ်ကိုင်း သစ်သား ဟု အဓိပ္ပါယ်ရပါသည် အင်္ဂလိပ်ဘာသာဖြင့် petrified wood ဟု ခေါ်ဝေါ်ပါသည်။ထို့ကြောင့် အင်ကြင်းကျောက်သည် အင်ကြင်းပင်တစ်မျိုးထည်း မှ ဖြစ်သောကျောက်ကို ဆိုသည်မဟုတ်ဘဲ မည်သည့်သစ်ပင် သစ်ကိုင်း သစ်သား မှအသွင်ပြောင်းဖြစ်လာသောကျောက်များကို အင်ကြင်းကျောက် ဟု ယျေဘူယသုံးစွဲသော နာမည်ဖြစ်ပါသည် ကမ္ဘာပေါ်ရှိ အင်ကြင်းကျောက်များသည် လွန်ခဲ့သော နှစ်သန်းပေါင်း ၅ သန်း မှသန်း ၂၀၀ အကြားတွင်ပေါက်ရောက်ခဲ့သော သစ်ပင် သစ်သား သစ်ကိုင်းများ၏ရုပ်ကြွင်းများဖြစ်ကြပါသည်

မြန်မာနိုင်ငံအတွင်းတွင်တွေ့ရသော အင်ကြင်းကျောက်များ မှာ နှစ်သန်းပေါင်း ၅ သန်း မှ သန်း ၁၇၀ ကြား ရှိသည်ဟုဖော်ပြထားသည်ကို တွေ့ရပါသည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ကမ္ဘာပေါ်တွင် ပေါက်ရောက်နေသော သစ်ပင်များသည် လဲကျသေဆုံးသွားပြီး သဲနုန်းမြေများ ဖုန်းလွမ်းခံရခြင်း မီးတောင်ချော်ပြာများ ဖုံးလွမ်းခံရခြင်းတို့ကြောင့် မြေမျက်နှာပြင်အောက်သို့ ရောက်ရှိခဲ့ရပါသည် ကမ္ဘာမြေ အပေါ်ယံလွှာတွင် အပေါများဆုံးဖြစ်သောဆီလီကာ သလင်း ဓာတ်ပစ္စည်းတို့ တိုးဝင်ဓာတ်ပြုခြင်းကို ခံကြရပါသည်

သစ်ပင်သစ်သား ၏ ဆဲလ်များထဲသို့ အောက်ဆီဂျင် နှင့် လဲလှယ် ဓာတ်ပြုရပါသည်နှစ်ပေါင်းများစွာ မြေကြီးထု၏ ဖိအား အပူချိန် တို့ကြောင့် မပျက်စီးဘဲကျန်နေသည့်သစ်ပင် သစ်သား အစိတ်အပိုင်းများသည် ကျောက်တုံးအဖြစ်ပြောင်းလဲသွားရပါသည် မြေကြီးထု၏ ဖိအား အပူချိန် နှင့် ဓာတ်ပြုသည့် ပစ္စည်းများ အပေါ်မူတည်၍ နေရာအသီးသီးတွင် အရည်အသွေး အမျိုးမျိုး ကွဲပြားစွာတွေ့ရလေ့ရှိပါသည် .ဓာတ်ပြုသည့် ပစ္စည်းများရောနှောပါဝင်မှုကြောင့် အရောင်အမျိုးမျိုးစွဲထင်ရပါသည် ကာဗွန် ဓာတ်ပြုမှုကြောင့် အနက်ရောင်ကိုဘော့ ဓာတ်ပြုမှုကြောင့် အစိမ်းရောင် အပြာရောင်ခရိုမီယံ ဓာတ်ပြုမှုကြောင့် အစိမ်းရောင် အပြာရောင်ကော့ပါး ဓာတ်ပြုမှုကြောင့် အစိမ်းရောင် အပြာရာင်အိုင်းယွင်းအောက်ဆိုက် ဓာတ်ပြုမှုကြောင့် အနီ အညို အဝါရောင်မင်းဂနိ ဓာတ်ပြုမှုကြောင့် ပန်းရောင် လိမ္မော်ရောင်မန်ဂနိအောက်ဆိုက် ဓာတ်ပြုမှုကြောငိ့ အဝါရောင် အနက်ဖျော့အစရှိသဖြင့် ကျောက်တွင် အရောင်များစွဲထင်ရပါသည်

ကမ္ဘာပေါ်တွင် အင်ကြင်းကျောက်ကို နိုင်ငံပေါင်း ၂၇ နိုင်ငံတွင် တွေ့ရှိရသည်ဟုသိရပါသည် ဩစတေးလျှ အာဂျင်တီးနား ဘယ်လ်ဂျီယံ ဘရာဇီး ကနေဒါ တရုပ်နိုင်ငံ အနောက်မြောက်ပိုင်း ချက် ဂျာမဏီ အီကွေဒေါ အီဂျစ် ပြင်သစ် ဂရိ ဟန်ဂေရီ အိန္ဒိယ အင်ဒိုနီးရှား မြန်မာ အစ္စရေး လစ်ဗျား နမ်ဘီးယားနယူးဇီလန် ဆော်ဒီအာရေဗျ ထိုင်း ယူကရိန်း အင်္ဂလန် နှင့် အမေရိကန်ပြည်ထောင်စု တို့တွင် တွေ့ရသည်ဟု သိရပါသည်

အင်ကြင်းကျောက် ၏ အရည်အသွေးကို လိုက်၍ တကီလိုလျှင် $ 1 မှ $20 အထိ အမျိုးမျိုး ရေင်းဝယ်ကြသည်ကိုတွေ့ရပါသည် အလွန်ရှားပါးသော အချက်များ ပါရှိသည့် ကျောက်များသည် တကီလို $100 ကျော် ရောင်းချသည်ကိုလေ့လာသိရှိရပါသည် နိုင်ငံတကာ မှ အင်ကြင်းကျောက် ပညာရှင်များ လက်ခံတင်ပြထားသည့် ကျောက်ကို တန်ဖိုးတက်စေသော အချက်များ တန်ဖိုးကျစေသော အချက်များ ကို ဖော်ပြပေးပါမည်

အင်ကြင်းကျောက်ကို တန်ဖိုးတက်စေသော အချက်များ

လှပ၍ တောက်ပသော အရောင်ရှိရမည် အရောင် အသွေး စုံလင်စွာ ပါရှိရမည် အလင်းမှုန် မှ အလင်းပေါက် ကျောက်သားဖြစ်ရမည်အဂိတ် (သို့) အိုပယ် တိုးဝင်နေသော ကျောက်သားဖြစ်ရမည်သစ်သား အမျှင်အကြောများ ထင်ရှားစွာ ပါရှိရမည်အပင် ၏ သစ်သား ၏ အခေါက်အတိုင်း မပျက်စီးဘဲ လှပစွာ ရှိရမည်အခက်အလက်များ အပေါက်ကြီးများ စသည်ဖြင့် မကျိုးမပဲ့ ရှိနေရမည်အပင်စားသော ပိုးကောင် အင်းဆက်ကြီး ကောင်များ အပင်အတွင်း ကျောက်ဖြစ်လျှက် ပါရှိရမည်အင်ကြင်းကျောက်ကို တန်ဖိုးကျစေသော အဓိကအချက်များမွဲခြောက်ခြောက် အရောင်ရှိနေသောအလင်းပိတ်သောကျောက်သားပွသောရွှံ့များ ထုံးဂျိုးများ ပါများစွာ ပါနေသော အချက်များသည် တန်ဖိုးကျစေပါသည်ကမ္ဘာ နိုင်ငံအချို့ တွင် ၁၉၇၂ ခုနှစ်ခန့် မှ စတင်၍ အင်ကြင်းကျောက် အလှဆင်ပစ္စည်းများ ထုတ်လုပ် ရောင်းဝယ် သုံးစွဲနေကြပြီဖြစ်ပါတယ် ကျနော်တို့ မြန်မာနိုင်ငံတွင် မကွေးတိုင်း ဒေသကြီး , မန်းလေးတိုင်းဒေသကြီး စစ်ကိုင်းတိုင်းဒေသကြီး နှင့် ကချင်ပြည်နယ် တို့တွင် အင်ကြင်းကျောက်များတွေ့နိုင်ပါသည်

အင်ကြင်းကျောက်များသည် ကျောက်စိမ်းများကဲ့သို့ တနေရာထဲတွင် စုပြုံဖြစ်ပေါ်နေခြင်းမရှိပါ ဟိုနေရာ တစ်ခု ဒီနေရာ တစ်ခု ပြန့်ကျဲ၍သာ တွေ့နိုင်ပါသည် သို့ဖြစ်၍ လုပ်ကွက်များ ရယူ၍လုပ်ကိုင်ရန်ခက်ခဲလှပါသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော် မှ ယနေ့အထိကျောက်စိမ်းများ များစွာထုတ်ယူနိုင်သော်လည်း အင်ကြင်းကျောက်ကို မည်သည့်နိုင်ငံတွင် မှ ကျောက်စိမ်းများထုတ်သလို ပေါများစွာ ထုတ်ယူနိုင်ခြင်းမရှိပါ တွေ့ရခဲသောကြောင့် ဖြစ်ပါသည်ရှားပါးခြင်း ဂုဏ်သတ္တအပြည့်ရှိသည်ကို တွေ့ရပါသည် မပျက်မစီးဘဲ နှစ်သန်းပေါင်းများစွာ က ဖြစ်ပေါ်ခဲ့ပြီး မာဆင့် ၇ ရှိသော တာရှည်ခံသည့် သတ္တိလည်းရှိပါသည် အရောင်အသွေး အမျိုးနှင့် လှပသော သတ္တိလည်းရှိပါသည်.အင်ကြင်းကျောက်ကို အိမ်ခြံအတွင်း ထားရှိလျှင်ဖြစ်စေ ဝတ်ဆင်လျှင်ဖြစ်စေ ကျန်းမာခြင်း ဥစ္စာ ကြွယ်ဝခြင်း အသက်ရှည်ခြင်း ပျော်ရွှင်ခြင်း တို့ကို ပေးစွမ်းသည်ဟု ရှေးဟောင်းဂရိစာပေများ နှင့် မြန်မာ့လောကီ ပညာရှင်များ က မှတ်တမ်းများ ဆိုခဲ့ကြပါသည်

သို့ဖြစ်ပါ၍ မြန်မာ့ အင်ကြင်းကျောက်များကို မြန်မာများ ပိုင်ဆိုင်နိုင်ကြပြီးအကျိုးကျေးဇူးများ ရရှိပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်

Credit:ဆန်းမိုးအောင်(မုံရွာ)