ဗဟုသုတ

“လက်ရှိ ကိုယ့်ဘဝကို အားမရလို့ စိတ်ကုန်နေတဲ့ အခါ ဒီပို့ကိုဖတ်ကြည့်လိုက်ပါ”

“လက်ရှိ ကိုယ့်ဘဝကို အားမရလို့ စိတ်ကုန်နေတဲ့ အခါ ဒီပို့ကိုဖတ်ကြည့်လိုက်ပါ”

ကိုယ့်ဘဝကိုယ် ချစ်ခင်လာဖို့ နည်းလမ်း (၁၀) ခု

သူတို့ဘဝကိုသူတို့ မုန်းတယ်ဆိုတဲ့လူတွေ ရှိပါတယ်။ သူတို့ဟာ သူတို့မှာရှိနေတဲ့အရာတွေနဲ့ မပျော်ရွှင်နိုင်ကြပါဘူး

အကယ်၍ သင်လည်း အဲလိုပဲ ဖြစ်ခဲ့မယ်ဆိုရင် သင်ဟာ ချမ်းသာမှ၊ အောင်မြင်မှ၊ မိတ်ဆွေအပေါင်းအသင်းတွေ အများကြီးရမှ၊ နာမည်ကျော်ကြားမှ၊ ပြီးပြည့်စုံတဲ့ မိသားစုရှိမှ ပျော်ရွှင်မယ်ဆိုတဲ့ လူတွေထဲက တစ်ယောက် ဖြစ်နေပါလိမ့်မယ်

စိတ်မကောင်းစရာပါပဲ။ အဲလိုဆိုရင်တော့ မှားနေပါပြီ။ နောက်တစ်ကြိမ် “ ငါ့ဘဝကိုငါ မုန်းတယ် ” လို့ ပြောတဲ့အခါ သင့်ကိုယ်သင် မေးကြည့်ပါဦး

ဒါဆို ငါသေရင် ပိုကောင်းမလား-လို့။ဒီစကားက ကြမ်းတမ်းချင် ကြမ်းတမ်းလိမ့်မယ်။ ဒါပေမဲ့ တွေးရုံလေးပဲ တွေးကြည့်လိုက်ပါ

သင်အသက်ရှင်နေသမျှ သင်ဟာ ပျော်ရွှင်နိုင်ပါတယ်။ ပြီးတော့ ဘဝကို ပိုကောင်းအောင် လုပ်နိုင်တဲ့ အခွင့်အရေးလည်း အမြဲတမ်း ရှိပါတယ်

ဟောဒီမှာ နည်းလမ်း(၁၀)ခု

၁။ ဘဝရဲ့ ကောင်းတဲ့အရာတွေအပေါ်မှာ အာရုံစိုက်လိုက်ပါ

ဘဝနဲ့ပတ်သက်လို့ ကောင်းတဲ့အရာတွေကို တစ်ခုမှ မစဉ်းစားနိုင်ဘူးဆိုရင်တော့ သင့်မှာ အဆိုးမြင်အတွေးတွေ ရှိနေဆဲပဲ။ အဲဒီအတွေးတွေကို ထွက်သွားခွင့် ပေးလိုက်ပါ။ သင့်ဘဝရဲ့ ဘယ်အရာတွေကို သင် တကယ်မြတ်နိုးသလဲ?

၂။ မကျေမနပ်မဖြစ်ပါနဲ့

ဘဝကို သင်မချစ်ဘူးဆိုရင်တောင်မှ အဲဒါကို တစ်ချိန်လုံး ပြောနေဖို့မလိုပါဘူး။ သင့်ဘဝကိုသင် မချစ်ဘူးလို့ ပြောလေလေ၊ အဲဒီ အနှုတ်လက္ခဏာ အတွေးတွေက ပိုအားကောင်းလာလေလေပါပဲ

၃။ သင့်ရဲ့ဘဝကို အခြားသူတွေနဲ့ မနှိုင်းယှဉ်ပါနဲ့

သင့်ရဲ့ဘဝဟာ တခြားတစ်ယောက်ယောက်ရဲ့ဘဝနဲ့ ဘယ်တော့မှ တစ်သမတ်တည်း မတူနိုင်ပါဘူး။ ကိုယ် မတတ်နိုင်တဲ့ အဝတ်အစား ဝတ်တဲ့သူတွေ၊ ကိုယ်မစီးနိုင်တဲ့ကား စီးတဲ့သူတွေ၊ ကိုယ်မနေနိုင်တဲ့ အိမ်မျိုးမှာ နေသူတွေကတော့ ကိုယ့်အနားမှာ အမြဲတမ်း ရှိနေမှာပါပဲ

ဒါကို ကျင့်သားရအောင်လုပ်ပါ။ နေသားကျသွားပြီဆိုရင်တော့ ဘာမှ ပြဿနာ မရှိတော့ပါဘူး။ တခြားတစ်ယောက်ယောက်ရဲ့ အောင်မြင်မှုကို သင့်ကိုယ်ပိုင် အောင်မြင်မှု ရရှိဖို့အတွက် တွန်းအားတစ်ခုအဖြစ် အသုံးချနိုင်ပါတယ်

ဒါပေမဲ့ သင့်မှာမရှိတဲ့ အရာတွေအတွက်တော့ ဘယ်တော့မှ စိတ်မကောင်းမဖြစ်ပါနဲ့

၄။ သင်တကယ် ချစ်မြတ်နိုးတဲ့ အရာတွေကို ပိုလုပ်ပါ

သင့်ကို ပျော်ရွှင်စေမယ့် အလုပ်တစ်ခုခုကို အနည်းဆုံး တစ်ခုလောက်ဖြစ်ဖြစ် နေ့တိုင်းလုပ်ပါ

၅။ ဘဝဟာ အမြဲတမ်း ပြောင်းလဲနေတယ်ဆိုတာ အသိအမှတ်ပြုပါ

သင့်မှာ အလုပ်ကောင်းကောင်း မရလို့၊ ဒါမှမဟုတ် ငွေရေးကြေးရေးက သင်မျှော်မှန်းထားသလေက် အဆင်မပြေလို့ စိတ်ဓာတ်ကျနေတယ် ဆိုရင်

သင့်ရဲ့ လက်ရှိအခြေအနေဟာ အခြေအနေ တစ်ခုမျှသာဖြစ်တယ်လို့ လက်ခံပါ။ အရာအားလုံးဟာ ပြောင်းလဲကြပါတယ်

၆။ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းပါ

သင် အမြဲပေါင်းသင်းနေတဲ့သူတွေနဲ့ ပတ်သက်လို့ ဂရုစိုက်ပါ။ ပျော်ရွှင်တဲ့သူတွေ၊ အကောင်းမြင်တတ်သူတွေနဲ့ ပေါင်းသင်းမယ်ဆိုရင် သင်လည်း ပိုပြီးပျော်ရွှင်လာပါလိမ့်မယ်

အကယ်၍ သင့်အပေါင်းအသင်းတွေဟာ အဆိုးမြင်တတ်သူတွေ ဖြစ်နေမယ်ဆိုရင်တော့ အဲဒီအတွေးတွေဟာ သင့်ကိုလည်း လွှမ်းမိုးလာနိုင်တယ်ဆိုတာ ဂရုပြုပါ

၇။ အခြားသူတွေကို ကူညီပါ

အခြားသူတွေကို များများကူညီလေ၊ သင့်ရဲ့ဘဝနဲ့ပတ်သက်လို့ ညည်းတွားနေဖို့ အချိန်မရလေပါပဲ။ ဒါတင်မကပါဘူး၊ လူတွေကို ကူညီခြင်းက သင့်ကို တကယ်ပဲ ပျော်ရွှင်စေနိုင်ပါတယ်

၈။ TV သိပ်မကြည့်ပါနဲ့

ကြော်ငြာတွေရဲ့အလုပ်က – သင့်ဘဝဟာ မပြည့်စုံဘူး၊ ဒါပေမဲ့ အဲဒါကို ကောင်းမွန်အောင် ပြုလုပ်နိုင်တယ်၊ အဲလိုပြုလုပ်ဖို့ သူတို့ရဲ့ နောက်ဆုံးပေါ် အဝတ်အစားတွေ၊ အသုံးအဆောင်တွေ၊ ကားတွေကို ဝယ်ရမယ်လို့ သင့်ကို ပြောဖို့ပါပဲ။ အဲဒီအလိမ်အညာတွေကို လက်မခံမိပါစေနဲ့

၉။ သေးငယ်တဲ့ အရာလေးတွေအပေါ်မှာ တန်ဖိုးထားတတ်လာပါစေ

ဘဘာဝလောကကြီးကို အသေအချာ ကြည့်ဖူးပါသလား။ မိုးကောင်းကင် ၊ တိရစ္တာန်လေးတွေ၊ အပင်တွေနဲ့ မြစ်ချောင်းတွေ

ဒါတွေဟာ တကယ်ကို လှပပါတယ်။ အဲဒါတွေကို ရှာဖွေကြည့်ပါ။ ပြီးတော့ ဘဝကို သူ့အရှိအတိုင်း ချစ်မြတ်နိုးတတ်အောင် သင်ယူပါ

၁၀။ ဘဝရဲ့သာယာပျော်ရွှင်မှုတွေ၊ အခွင့်အရေးတွေကို ရယူပါ

အခု သင့်မှာ အခွင့်အရေးရှိပါသေးတယ်- ဘဝရဲ့ကောင်းတဲ့ အရာတွေကို ရှာဖွေပါ၊ ပျော်ရွှင်ပါ၊ ပြီးတော့ ဘဝကို ချစ်မြတ်နိုးပါ