မိဘတွေကို ပြုစုလုပ်ကျွေးခွင့်ရတဲ့သူတွေဟာ အင်မတန်ကံကောင်းပါတယ်
” မာတာပိတု ဥပဋ္ဌာနံ ” မိဘကို ပြုစု လုပ်ကျွေးခြင်း ဆို တာ မင်္ဂလာ တရား တစ်ပါး ဖြစ်ပါတယ်
ရိုးရိုးလေး အဓိပ္ပာယ်ဖော်လိုက်မယ် ဆိုရင် မိဘကို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း လေးလေးစားစား
ရိုရိုသေသေ ပြုစုနိုင်တာဟာ ကိုယ့်အတွက် ကြီးပွားရာ ကြီးပွားကြောင်း အောင်မြင်ရာ အောင်မြင်ကြောင်း ဖြစ်ပါတယ်
ကိုယ်က မိဘကို ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြုစုရင် မိဘကလည်း ကိုယ့်အပေါ်မှာ အင်မတန် မေတ္တာ ကြီးမားတယ်နော်
မိဘမေတ္တာကို ရနေတာကိုက အမှန်တော့ ကိုယ့်ဘဝမှာ တစ်နည်းအားဖြင့် တစ်ခုတော့ ပြည့်စုံတာပဲ။အဖေအမေအစုံ ရှိတဲ့
ကလေးတွေတောင်မှ သူတို့စိတ်ထဲမှာ မိဘ မေတ္တာကို ပြည့်ပြည့်ဝဝ တစ်ခါတစ်လေ မရလိုက်သလို ခံစားကြရတယ်
မိဘတွေ အလုပ် များလို့ မအားလို့ ဖြစ်ချင်ဖြစ်မယ်။ ဘယ်လို ဖြစ်ဖြစ်ပေါ့။ အကြောင်းအမျိုးမျိုးကြောင့် အဖေစုံအမေစုံ ရှိတဲ့ကလေးတွေ
တောင်မှ မိဘဆီကပြုစုယုယမှု မေတ္တာကို ပြည့်ပြည့်စုံစုံ မရကြဘူး။ တစ်ချို့ဘည်း သူတို့စိတ်ထဲမှာ မရဘူးလို့ ထင်နေတာပေါ့
မိဘတွေက တတ်နိုင်သလောက် ပြုစုပါတယ်။ သူတို့စိတ်ထဲမှာ အဲဒါကို မကျေနပ်ဘူး။အဲဒီလို ဆိုတော့ အဖေအမေ မရှိတဲ့ ကလေးတွေရဲ့ စိတ်ထဲမှာ မေတ္တာ
ငတ်တဲ့စိတ် ဘယ်လောက်ကြီးမားမလဲ နော်။ မိဘ မေတ္တာက တကယ် ကြီးမားပါတယ်။ မိဘမေတ္တာကို မရတဲ့
ကလေးဘဝမှာ တစ်သက်လုံး အဲဒီ ချို့တဲ့မှုဘယ်တော့မှ ပျောက်မှာ မဟုတ်ဘူး။ ဘယ်လောက်ပဲ အသက်ကြီးသွား ကြီးသွား
မိဘဆီက မေတ္တာမရခဲ့တဲ့ချို့တဲ့မှုက ဘယ်နည်းနဲ့မှ မပျောက်နိုင်ဘူး။ မိဘ မေတ္တာ
ကို ဘာနဲ့မှ အစားထိုးလို့ မရဘူး။ မိဘမေတ္တာကို အစားထိုးလို့ ရတဲ့ အခြားမေတ္တာမျိုးက ရှိကို မရှိဘူး
မိဘရှိသေးတဲ့ သူတွေ မိဘကို လုပ်ကျွေးခွင့် ပြုစုခွင့် ရနေတဲ့သူတွေက အင်မတန် ကံကောင်းတာပဲ
( ဆရာတော် ဦးဇောတိက ) – ခရက်ဒစ်