ဗဟုသုတ

အမေသေဆုံးသွားတဲ့နေ့..(မျက်ရည်ခိုင်မှဖတ်ပါ)

အမေသေဆုံးသွားတဲ့နေ့မင်းအမေ ဆုံး ……သွားပြီ….နင့်အမေ သေ ……သွားပြီဆိုတဲ့ အသံမျိုးကိုအမေဆုံးရှုံးခဲ့ရဖူးသူတိုင်း

ကြားခဲ့ရတဲ့ စကားလည်းဖြစ်သလို…မကြားချင်ဆုံး စကားတစ်ခွန်းလည်းဖြစ်မှာပါ။အဲဒီအချိန်အခိုက်တန့်လေးမှာ ခံစားရတဲ့ခံစားချက်က….ငိုချင်ပေမယ့် မျက်ရည်မထွက်ခဲ့ဘူး….အသံထွက်ချင်ပေမယ့် ဆွံ့အသွားခဲ့တယ်….အဲဒါက ဘဝမှာလုံးဝမျှော်လင့်မထားသော….တွေ့ကြုံလိုက်ရတဲ့ အံ့သြခြင်းကြောင့်ပဲ။

ခဏအကြာမှ ကမ္ဘာကြီးမီးလောင်သွားသလို….ခန္ဓာကိုယ်တစ်ခုလုံး အပူတွေတက်လာတယ်….ဝမ်းခေါင်းထဲကနေ အသံနက်ကြီးနဲ့….

အသံတစ်သံထွက်ကျလာခဲ့တယ်လေ….အဲဒါက အမေ ……ဆိုတဲ့စကားတစ်ခွန်းပေါ့။ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘူး….အကြောက်တရားတွေလည်းကင်းနေပီ….

အမေ့ကိုဖက်ဖက်ပြီး ငိုကြွေးခြင်းတွေနဲ့အတူ…ရင်ထဲမှာ တကယ်အသိတစ်ခုရှိနေတာက နောက်နေ့တွေကစတင်ပြီး….လက်ကျန်ဘဝရဲ့ အချိန်တိုင်း အချိန်တိုင်းမှာ…ငါဟာ အမေလို့ခေါ်ခွင့်မရှိတော့တဲ့သူလို့။

အရွယ်ရောက်လာပြန်တော့ အားအင်တွေအပြည့်နဲ့…ထမင်းတစ်လုတ်လောက်တော့ အမေ့ကိုကျွေးချင်မွေးချင်ခဲ့တယ်…ဒါပေမယ့် အမေက ဘေးနားမှာရှိမနေတော့ဘူး။သူများသားသမီးတွေ အမေ အမေလို့ခေါ်တဲ့အသံကိုကြားရတိုင်း…အခုဆိုရင် အမေဘယ်ဘဝများရောက်နေသလဲ…အမေ့ရဲ့အကြောင်းတွေ ပြန်တွေးတောရင်းနဲ့ပဲ….

တိတ်တဆိတ်နဲ့ ဘယ်သူမှမကြားအောင် နှုတ်ခမ်းဝမှာတင် အမေ ……လို့တမ်းခဲ့တယ်။

ရှာရင်လည်းတွေ့ ကြာရင်လည်းမေ့ဆိုတဲ့ ဒီစကားထဲမှာ….အမေတွေတော့မပါလောက်ဘူးထင်ပါရဲ့နော်…ဘာဖြစ်လို့တုန်းဆိုတော့ အရွယ်တွေသာရတယ်…ငယ်ကတည်းကတိုင် ယနေ့အရွယ်ထိ မေ့မရသေးလို့လေ။

မမေ့ပါရစေနဲ့ ……လက်တွေ့မှာ အမေ မရှိပေမယ့်….ရင်ထဲမှာတော့ အမေ့ကိုဖက်တွယ်ထားပါရစေ….အမေလို့လည်းခေါ်ခွင့်မရှိတော့ပေမယ့်….စိတ်ထဲကအလိုရှိတဲ့အခါ တမ်းပါရစေ….ပြန်မဆုံနိုင်တော့တာသိပါလျှက်နဲ့….အမေကိုဆုံးရှုံးလိုက်ရတဲ့ သားသမီးတိုင်း….အမေ့ကိုလေ …… ရူးမိုက်စွာတွေနဲ့ပဲ…မျှော်နေတတ်ကြတယ်ဆိုတာပါပဲလေ။(crd)

Zawgyi ဖြင့်ဖတ်ပါ

အမေသေဆုံးသွားတဲ့နေ့မင်းအမေ ဆုံး သွားပြီ.နင့်အမေ သေ သွားပြီဆိုတဲ့ အသံမျိုးကိုအမေဆုံးရှုံးခဲ့ရဖူးသူတိုင်း

ကြားခဲ့ရတဲ့ စကားလည်းဖြစ်သလိုမကြားချင်ဆုံး စကားတစ်ခွန်းလည်းဖြစ်မှာပါ။အဲဒီအချိန်အခိုက်တန့်လေးမှာ ခံစားရတဲ့ခံစားခ်က္က.ငိုချင်ပေမယ့် မျက်ရည်မထွက်ခဲ့ဘူး.အသံထွက်ချင်ပေမယ့် ဆွံ့အသွားခဲ့တယ်.အဲဒါက ဘဝမှာလုံးဝမျှော်လင့်မထားသော.တွေ့ကြုံလိုက်ရတဲ့ အံ့သြခြင်းကြောင့်ပဲ။

ခဏအကြာမှ ကမ္ဘာကြီးမီးလောင်သွားသလို.ခန္ဓာကိုယ်တစ်ခုလုံး အပူတွေတက်လာတယ်.ဝမ်းခေါင်းထဲကနေ အသံနက်ကြီးနဲ့.

အသံတစ်သံထွက်ကျလာခဲ့တယ်လေ.အဲဒါက အေမ ဆိုတဲ့စကားတစ်ခွန်းပေါ့။ပတ်ဝန်းကျင်ကို ဂရုမစိုက်တော့ဘူး.အကြောက်တရားတွေလည်းကင်းနေပီ.

အမေ့ကိုဖက်ဖက်ပြီး ငိုကြွေးခြင်းတွေနဲ့အတူရင်ထဲမှာ တကယ်အသိတစ်ခုရှိနေတာက နောက်နေ့တွေကစတင်ပြီး.လက်ကျန်ဘဝရဲ့ အချိန်တိုင်း အချိန်တိုင်းမှာငါဟာ အမေလို့ခေါ်ခွင့်မရှိတော့တဲ့သူလို့။

အရွယ်ရောက်လာပြန်တော့ အားအင်တွေအပြည့်နဲ့ထမင်းတစ်လုတ်လောက်တော့ အမေ့ကိုကျွေးချင်မွေးချင်ခဲ့တယ်ဒါပေမယ့် အေမက ဘေးနားမှာရှိမနေတော့ဘူး။သူများသားသမီးတွေ အေမ အမေလို့ခေါ်တဲ့အသံကိုကြားရတိုင်းအခုဆိုရင် အမေဘယ်ဘဝများရောက်နေသလဲအမေ့ရဲ့အကြောင်းတွေ ပြန်တွေးတောရင်းနဲ့ပဲ

တိတ်တဆိတ်နဲ့ ဘယ်သူမှမကြားအောင် နှုတ်ခမ်းဝမှာတင် အေမ လို့တမ်းခဲ့တယ်။

ရှာရင်လည်းတွေ့ ကြာရင်လည်းမေ့ဆိုတဲ့ ဒီစကားထဲမွာ.အမေတွေတော့မပါလောက်ဘူးထင်ပါရဲ့နော်ဘာဖြစ်လို့တုန်းဆိုတော့ အရွယ်တွေသာရတယ်ငယ်ကတည်းကတိုင် ယနေ့အရွယ်ထိ မေ့မရသေးလို့လေ။

မမေ့ပါရစေနဲ့ လက်တွေ့မှာ အေမ မရှိပေမယ့်.ရင်ထဲမှာတော့ အေမ့ကိုဖက္တြယ္ထားပါရေစ.အမေလို့လည်းခေါ်ခွင့်မရှိတော့ပေမယ့်.စိတ်ထဲကအလိုရှိတဲ့အခါ တမ်းပါရစေ.ပြန်မဆုံနိုင်တော့တာသိပါလျှက်နဲ့.အမေကိုဆုံးရှုံးလိုက်ရတဲ့ သားသမီးတိုင်း.အမေ့ကိုလေ ရူးမိုက်စွာတွေနဲ့ပဲမျှော်နေတတ်ကြတယ်ဆိုတာပါပဲလေ။(crd)