စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်ဖြစ်လာစေဖို ့ နည်းလမ်းကောင်းများ
စိတ်ပျော့ညံ့သူတစ်ယောက်နဲ ့စိတ်ဓာတ်ကြံ့ခိုင်သူတို ့ရဲ့ အဓိက ကွာခြားချက်ဟာ လောကဓံ စိန်ခေါ်မှုတွေအပေါ်ထားရှိတဲ့ ခံယူချက်၊ တုန် ့ပြန်ပုံတွေပဲဖြစ်ပါတယ်။
အစပိုင်းမှာ မသိမသာလေး ကွာခြားနေပေမယ့် အချိန်တွေကြာလာတာနဲ ့အမျှ ပျော့ညံ့သူနှင့် ကြံ့ခိုင်သူတို ့ဟာ များစွာ ကွာဟသွားတာတွေ့ရပါတယ်။
စိတ်ဓာတ်ကြံ့ခိုင်သူတွေရဲ့ ခံယူချက်၊တုန် ့့ပြန်ပုံတွေကို လေ့လာနိုင်စေဖို ့မျှဝေလိုက်ပါတယ်။
(၁) ဘဝရဲ့ သဘောသဘာဝ ကို နားလည်ပါ။
ဘဝကို မာရသွန်ပွဲတစ်ခုလိုမြင်ကြည့်ပါ။ ရေရှည် သွားရမယ့် ခရီးရှည်တစ်ခုလို သဘောထားပါ။
ဘယ်အရာကိုမှ ပြာယာခတ်နေစရာမလိုပါဘူး။ ဘယ်အရာပဲဖြစ်ဖြစ် နေ ့စဉ်နဲ ့အမျှ အချိန်ပေးလေ့လာမယ့်ဆိုရင် ကျွမ်းကျင်တဲ့အဆင့်တစ်ခု ရောက်လာမှာဖြစ်ပါတယ်။
လူမှုဆက်ဆံရေးပညာလေ့လာမလား နေ့စဉ် နာရီဝက်ခန် ့အချိန်ပေးပြီး လူမှုဆက်ဆံရေးစာပေတွေဖတ်ပါ။မှတ်ပါ။ ချက်ချင်းလက်ငင်းကျင့်သုံးပါ။
သုံးနှစ်အကြာ သင်ဟာ လူမှုဆက်ဆံရေးအထူးကျွမ်းကျင်သူဖြစ်ကိုဖြစ်လာပါလိမ့်မယ်။
ရောမမြို့ကြီး တစ်ရက်ထဲ တည်ဆောက်ခဲ့တာမဟုတ်သလို သင့်ရဲ့ကြံ့ခိုင်တဲ့စိတ်ဓာတ်တွေကိုလည်း နေ ့ချင်းညချင်း တည်ဆောက်ရဖို ့မဟုတ်ပါဘူး။ အချိန်ယူပါ။ အထူးစိတ်ရှည်ပါ။
ရေရှည်မှာ အများနောက်လိုက်တဲ့ဘဝမှာနေရင်တော့ စိတ်ဓာတ်ကြံ့ခိုင်ဖို ့ခက်ခဲပါလိမ့်မယ်။
ကိုယ့်နှလုံးသားကပြောတဲ့လမ်းကိုလျှောက်မှသာ စိတ်ဓာတ်ကြံ့ခိုင်ဖို ့လွယ်ကူလာမှာဖြစ်ပါတယ်။
ကိုယ်ဘယ်ကို ဦးတည်ရာကို သွားနေသလဲ
ကိုယ်ဘာကို လုပ်နေသလဲ ကိုယ်တိုင် သိနေမှသာ စိတ်ဓာတ်ကြံ့ခိုင်သူဖြစ်လာမှာဖြစ်ပါတယ်။
ကိုယ့်ဘဝကို ကိုယ်တိုင်ဦးဆောင် မောင်းနှင်မှသာ မိမိကိုယ်မိမိယုံကြည်လာတာကြောင့် စိတ်ဓာတ်ကြံ့ခိုင်လာမှာဖြစ်ပါတယ်။
(၂) တဦးတယောက်တည်းနေရချိန်တွေဟာ စိတ်ဓာတ်ကြံ့ခိုင်အောင် လေ့ကျင့်ဖို ့အကောင်းဆုံးပါ။
တယောက်ထဲ ရှိစဉ် သတိလေးကပ်ပြီး ဝင်သက်ထွက်သက်ကို သိပြီးနေကြည့်ပါ။
ကိုယ့်အတွေးသံတွေကို ဘက်မလိုက်ဘဲ နားထောင်ကြည့်ပါ။
ကိုယ့်ရဲ့အနာဂတ်ကို ဘယ်လို ဖြစ်ချင်သလဲ စိတ်ကူးကြည့်ပါ။
ကိုယ်ဘယ်အရာတွေကို ၀ါသနာပါသလဲ လုပ်ပါ။ အချိန်မဆိုင်းဘဲ စလုပ်ပါ။
ကိုယ်ပျော်တဲ့အရာတွေလုပ်နေရင် မိမိကိုယ်ကို ယုံကြည်မှုရှိလာမှာဖြစ်ပြီး စိတ်ကျန်းမာရေးပါတိုးတက်လာမှာဖြစ်ပါတယ်။
(၃) လောကမှာ ပြီးပြည့်စုံတဲ့သူမရှိပါဘူး။
လူရယ်လို ့ဖြစ်လာကတည်းကိုက သင်ခန်းစာတွေယူဖို ့ရောက်လာတာပါ။ ဘယ်သူမှ ပြီးပြည့်စုံမနေပါဘူး
ကိုယ့်ရဲ့အားနည်းချက်တွေကို လက်ခံပြီး တိုးတက်အောင်လုပ်ပါ။ ကိုယ့်ရဲ့အားသာချက်တွေကို ပိုကောင်းအောင် ဆက်ကြိုးစားပါ။
(၄) ကနဦးပိုင်းမှာဖြစ်လာတဲ့ အဆင်မပြေမှုတွေကြောင့် အိမ်မက်တွေကို လက်မလွှတ်လိုက်ပါနဲ ့။
ဘဝဟာ ခရီးရှည်ပါ။ ကိုယ်ဖြစ်ချင်တဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ အစပိုင်းကာလမှာအဆင်မပြေလို ့လက်မလျှော့လိုက်ပါနဲ ့။
ဘယ်အလုပ်ပဲဖြစ်ဖြစ် ကျွမ်းကျင်တဲ့အဆင့်တစ်ခုမရောက်သေးသမျှ အခက်အခဲတွေ ကျိန်းသေကြုံရမှာပါ။ အဲ့သလို ကြုံလာရမယ့် အခက်အခဲတွေက သင်ခန်းစာယူပြီး ဆက်ကြိုးစားပါ။
လူအများစုဟာ အစပိုင်းကာလတွေမှာအဆင်မပြေဖြစ်ပြီး ရွက်ကြမ်းရေကျိုဘဝနဲ ့သာ တသက်လုံးနေထိုင်သွားကြတာ နှမျောစရာပါ။ အဲ့ဒီထဲမှာ သင်မပါပါစေနဲ ့။
(၅) နာမည်ကြီးဖို ့အာရုံမစိုက်ပါနဲ ့။
သင်ဟာကျော်ကြားမှုကို တပ်မက်သူဆိုရင် အခြားလူတွေရဲ့ ဝေဖန်မှုတွေကြောင့် စိတ်မှာပူလောင်ရပါလိမ့်မယ်။
နာမည်ကြီးမှုနဲ့အတူ တာဝန်ယူမှုမလိုက်လာရင် ကျရှုံးမှာပါ…
သင်အမှန်တကယ်လုပ်ဖို ့လိုအပ်တာတွေကိုသာ အာရုံစိုက်ပါ။
ဟန်ဆောင်မှုမပါဘဲ ရိုးသားစွာပြုမူပါ။ သင့်ဘဝထဲကို မိတ်ဆွေကောင်းတွေ၊ စစ်မှန်သူတွေရောက်လာပါလိမ့်မယ်။
သင့်ကို ယုံကြည်တဲ့သူနဲ ့သင်ကလေးစားရတဲ့သူတွေကို စိတ်ရောကိုယ်ပါကူညီပါ။
သင့််လုပ်ရပ်တိုင်းဟာ သင်အမှန်တကယ်ဖြစ်ချင်တဲ့ အိပ်မက်တွေကို ဦးတည်နေတဲ့ခြေလှမ်းတွေသာဖြစ်ပါစေ။
(၆) သင့်ရဲ့ပျော်ရွှင်မှုကို သင့်လက်ထဲမှာထားပါ။
ဟိုလူဒီလူက အသိအမှတ်မပြုလို ့စိတ်မှာမပျော်နေဘူး။ ဟိုလူဒီလူတွေရဲ့ ငြင်းပယ်ခံလိုက်ရလို ့အသက်မရှင်ချင်တော့ဘူးဆိုတာသည် ဓားစာခံအတွေးကြောင့်ပါ။
မိမိကိုယ်ကို အရှိအတိုင်းအမြဲတမ်းလက်ခံထားလိုက်ပြီး ပျော်ရွှင်မှုကိုသာ ရွေးချယ်သွားမယ်ဆိုရင်တော့ သင်ဟာ စိတ်ဓာတ်ကြံ့ခိုင်သူတစ်ယောက်ဖြစ်ကိုဖြစ်လာမှာပါ။
အကောင်းဆုံးကတော့ သင့်ရဲ့ပျော်ရွှင်မှုသည် သင့်လက်ထဲမှာပဲ ရှိနေသင့်ပါတယ်။
(၇) အခြားလူတွေရဲ့ သင့်အပေါ်ထားရှိတဲ့သဘောထားတွေနဲ ့သင့်ဘဝကို ပုံမဖော်ပါနဲ ့။
ကိုယ့်ရဲ့ထင်မြင်ယူဆချက်တွေကို လက်လွတ်စပယ်ပြောတတ်ကြတာဟာ လူ ့သဘာဝပါ။ မိမိကိုယ်ကို ပြည့်ဝသူဖြစ်အောင် ကြိုးစားနေသူမှာ သူတပါးကို ဝေဖန်လေကန်ရေးလုပ်ဖို ့အချိန်မလောက်ကြပါဘူး။
အခြားလူတွေရဲ့ သင့်အပေါ်ထားရှိတဲ့ ခံယူချက်တွေဟာ သင့်ရဲ့အမှန်တရားကို ကိုယ်စားမပြုပါဘူး။
အထင်ကြီးခြင်း၊ အထင်သေးခြင်းဆိုတာတွေဟာ လူတွေရဲ့ ခေါင်းထဲ တခဏလေးဖြတ်စီးသွားတဲ့ အတွေးမျှသာဖြစ်ပါတယ်။
သင့်ကို ဘယ်သူတွေက ဘယ်လိုပဲ ဝေဖန်နေပါစေ သင့်လမ်းပေါ်သာ ဖြောင့်ဖြောင့်တန်းတန်း ဆက်လျှောက်ပါ။
သင့်လုပ်ရပ်တွေက မှန်ကန်နေလျှင် သင့်ရလဒ်တွေသည်လည်း ကောင်းမွန်နေမှာဖြစ်ပါတယ်။
အခြားလူတွေ သင့်အကြောင်းဘာပြောနေသလဲထက် သင့်ကိုယ်သင် ဘယ်လိုဆက်ဆံနေသလည်းက ပိုအရေးကြီးပါတယ်။
(၈) အစားအသောက်ကို အထူးဂရုစိုက်ပါ။ ကျန်မာကြံ့ခိုင်သူဖြစ်အောင် လေ့ကျင့်ခန်းလုပ်ပါ။
စာရေးသူအမြဲတမ်းထည့်သွင်းပြောလေ့ရှိတဲ့အရာကတော့ အစားအသောက်ပါ။
ဘယ်အစားအသောက်ဟာ ကိုယ့်စိတ်ခံစားချက်ကို ဆိုးရွားစေသလဲ ရေးမှတ်ထားပြီး တကူးတက ရှောင်ကြဉ်ပါ။
ကိုယ်တွင်းမှာ မအီမသာဖြစ်နေတဲ့အစားတွေကို မစားပါနဲ ့။ လတ်ဆတ်သန် ့ရှင်းတဲ့အစားအစာတွေကို မျှတစွာစားသောက်ပါ။
မျှတစွာစားသောက်တဲ့အလေ့အကျင့်သည်လည်း စိတ်ဓာတ်ကြံ့ခိုင်မှုကို များစွာအထောက်အကူပြုပါတယ်။
သန်စွမ်းကျန်းမာသော ကိုယ် ခန္ဓာကို ပိုင်ဆိုင်ထားသူဟာ မိမိကိုယ်မိမိ ပိုပြီး ယုံကြည်မှုရှိစေတာကြောင့် စိတ်ဓာတ်ကြံ့ခိုင်မှုကို များစွာအထောက်အကူဖြစ်ရုံမက အသက်ရှည်အနာမဲ့ခြင်းဆိုတဲ့ အကျိုးအကျေးဇူးပါ ဖြစ်ထွန်းစေမှာ ဖြစ်ပါတယ်။
မှန်ကန်စွာစားသောက်ခြင်းနှင့် နေ့စဉ်လေ့ကျင့်ခန်းလုပ်ခြင်းကို မလုပ်မနေရသဘောထားပြီး တာဝန်တစ်ခုအနေနဲ့လုပ်ပါ။
(၉) အရာရာတိုင်းဟာ တိုးတက်ဖွံ့ဖြိုးဖို ့ပဲလို ့ခံယူပြီး တုန် ့ပြန်ပုံတွေပြောင်းလဲပါ။
အဆင်မပြေတစ်ခုခုဖြစ်တိုင်း ငါခံနေရတယ်၊ ငါ့မှာမှဖြစ်ရလေခြင်းဆိုတဲ့ ဓားစာခံအတွေးကို စွန် ့ပစ်ပါ။
စိန်ခေါ်မှုတိုင်း ကိုယ့်အသက်ကို နှုတ်ယူသွားတာမဟုတ်ခဲ့ရင် ပိုမိုကြံ့ခိုင်စေဖို ့ပဲဖြစ်တယ်ဆိုတာ သဘောပေါက်ပါ။
ဖြစ်လာတဲ့လောကဓံတွေကို စိုးရွံ့စိတ်တွေနဲ ့တုန် ့ပြန်မယ့်အစား တည်ငြိမ်စွာ တုန် ့ပြန်ပါ။ တိုးတက်ဖွံ့ဖြိုးလာအောင် သင်ခန်းစာယူပါ။
အခက်အခဲတွေဆိုတာ မရှိဘူး အခွင့်အလမ်းတွေပဲရှိတယ်ဆိုတာကို မသိစိတ်ထဲရောက်သည်အထိ အကြိမ်ပေါင်းများစွာ ရွတ်ဆိုပါ။
(၁၀) အမှန်တကယ်ထိန်းချုပ်လို ့မရတဲ့အရာတွေကြောင့် အချိန်ကုန်မခံပါနဲ ့။
ဘဝမှာဖြစ်လာတဲ့အရာရာတိုင်းဟာ ကိုယ့်ထိန်းချုပ်မှုအောက်မှာဖြစ်နေတာမဟုတ်လို ့စိတ်မပျက်သွားပါနဲ ့။
အပျက်သဘောဆောင်တဲ့ ကိုယ့်ရဲ့အတွေး၊ ကိုယ့်ရဲ့လုပ်ဆောင်ချက်၊ ခံယူချက်တွေကို အပြုသဘောဆောင်တဲ့ အတွေးတွေဖြစ်အောင် ပြောင်းလိုက်ရင် အဆင်ပြေတဲ့ရလဒ်တွေဆီကို ဦးတည်သွားပါလိမ့်မယ်။
အခြားလူတွေကို ထိန်းချုပ်ချင်နေတဲ့စိတ်ကို လွှတ်ချလိုက်ပါ။
အမှန်တကယ် ထိန်းချုပ်လို ့မရတဲ့အရာတွေကို ထိန်းချုပ်ချင်လေလေ စိတ်စွမ်းအားတွေ ယိုစီးလေပါပဲ။
အရေးမပါဘဲ ထိန်းချုပ်ဖို ့ကြိုးစားနေတာတွေဟာ မိမိရဲ့အချိန်ကို ဖြုန်းတီးသလိုဖြစ်တာကြောင့် မိမိရဲ့ အသက်ကို တန်ဖိုးမထားရာရောက်ပါတယ်။
ထိန်းချုပ်စရာမလိုတာတွေကို မတွေးတော့ဘဲ လွှတ်ချလိုက်တာနဲ ့ပေါ့ပါးလွတ်လပ်ပြီး နေပျော်လာပါလိမ့်မယ်။ နေပျော်မှလည်း ကျေကျေနပ်နပ် ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။
ပြင်ပကအရာတွေထက် အတွင်းခံစားချက်တွေကို ပိုပြီးသတိထားပါ။ ကိုယ့်ကိုအမှန်တကယ် အခက်တွေ့စေတာတွေသည် ပြင်ပကအရာတွေမဟုတ်ပါဘူး။ ခံစားချက်ဆိုးတွေ၊ မအီမသာမှုတွေသာဖြစ်ပါတယ်။
(၁၁) အတိတ်ဆိုတာ ပြောင်းလဲလို ့မရတော့ပါဘူး။ သင်ခန်းစာယူလို ့ပဲရပါတယ်။
ပြောင်းလဲလို ့မရတဲ့အတိတ်ကို တစိမ့်စိမ့်တွေးပြီး သောကပွားနေမယ့်အစား နောက်မဖြစ်အောင် ဘယ်လိုသင်ခန်းစာတွေယူမလဲဆိုတာကိုသာ အာရုံစိုက်ပါ။ ကိုယ့်ရဲ့အလွဲတွေကို သေချာ စာရွက်ပေါ်ချရေးပါ။
တစ်ခုချင်းဆီကို သေချာသုံးသပ်ပြီး သင်ခန်းစာယူပါ။ သင့်ရဲ့အတိတ်ကို သင်ခန်းစာယူဖို ့တာဝန်ယူစိတ်ထားပြီး တုန် ့့ပြန်မယ်ဆိုရင်တော့ သင့်အနာဂတ်ဟာ ချော့မွေ့လွယ်ကူလာပါလိမ့်မယ်။
(၁၂) အောင်မြင်မှုကို တိုင်းထွာတဲ့အခါ အတိတ်က ကျရှုံးမှုတွေနဲ ့မသတ်မှတ်ပါနဲ ့။
အဆင်မပြေမှုတွေကနေ ကိုယ်ဟာ ဘယ်လိုရင့်ကျက်လာသလဲ ပြောင်းလဲသွားသလဲ ဆိုတာနဲ ့ပဲ တိုင်းထွာပါ။
ဖြစ်လာတဲ့အရာတွေရဲ့ အဆင်ပြေခြင်း အဆင်မပြေခြင်းထက် ဘဝရဲ့စိန်ခေါ်မှုတွေကနေ ဘယ်လိုရင့်ကျက်လာမလဲ၊ ဘယ်လို ပြည့်ဝလာသလဲ၊ ဘယ်လို တိုးတက်ပြောင်းလဲလာသလဲ ဖြင့်သာ အောင်မြင်မှုကို တိုင်းထွာပါ။
Crd
Zawgyi
စိတ္ဓာတ္ၾကံ့ခိုင္သူတစ္ေယာက္ျဖစ္လာေစဖို ့ နည္းလမ္းေကာင္းမ်ား
စိတ္ေပ်ာ့ညံ့သူတစ္ေယာက္နဲ ့စိတ္ဓာတ္ၾကံ့ခိုင္သူတို ့ရဲ့ အဓိက ကြာျခားခ်က္ဟာ ေလာကဓံ စိန္ေခၚမႈေတြအေပၚထားရွိတဲ့ ခံယူခ်က္၊ တုန္ ့ျပန္ပံုေတြပဲျဖစ္ပါတယ္။
အစပိုင္းမွာ မသိမသာေလး ကြာျခားေနေပမယ့္ အခ်ိန္ေတြၾကာလာတာနဲ ့အမွ် ေပ်ာ့ညံ့သူႏွင့္ ၾကံ့ခိုင္သူတို ့ဟာ မ်ားစြာ ကြာဟသြားတာေတြ့ရပါတယ္။
စိတ္ဓာတ္ၾကံ့ခိုင္သူေတြရဲ့ ခံယူခ်က္၊တုန္ ့့ျပန္ပံုေတြကို ေလ့လာႏိုင္ေစဖို ့မွ်ေ၀လိုက္ပါတယ္။
(၁) ဘ၀ရဲ့ သေဘာသဘာ၀ ကို နားလည္ပါ။
ဘ၀ကို မာရသြန္ပြဲတစ္ခုလိုျမင္ၾကည့္ပါ။ ေရရွည္ သြားရမယ့္ ခရီးရွည္တစ္ခုလို သေဘာထားပါ။
ဘယ္အရာကိုမွ ျပာယာခတ္ေနစရာမလိုပါဘူး။ ဘယ္အရာပဲျဖစ္ျဖစ္ ေန ့စဥ္နဲ ့အမွ် အခ်ိန္ေပးေလ့လာမယ့္ဆိုရင္ ကြ်မ္းက်င္တဲ့အဆင့္တစ္ခု ေရာက္လာမွာျဖစ္ပါတယ္။
လူမွုဆက္ဆံေရးပညာေလ့လာမလား ေန့စဥ္ နာရီ၀က္ခန္ ့အခ်ိန္ေပးျပီး လူမွုဆက္ဆံေရးစာေပေတြဖတ္ပါ။မွတ္ပါ။ ခ်က္ခ်င္းလက္ငင္းက်င့္သံုးပါ။
သံုးႏွစ္အၾကာ သင္ဟာ လူမွဳဆက္ဆံေရးအထူးကြ်မ္းက်င္သူျဖစ္ကိုျဖစ္လာပါလိမ့္မယ္။
ေရာမၿမိဳ႕ၾကီး တစ္ရက္ထဲ တည္ေဆာက္ခဲ့တာမဟုတ္သလို သင့္ရဲ့ၾကံ့ခိုင္တဲ့စိတ္ဓာတ္ေတြကိုလည္း ေန ့ခ်င္းညခ်င္း တည္ေဆာက္ရဖို ့မဟုတ္ပါဘူး။ အခ်ိန္ယူပါ။ အထူးစိတ္ရွည္ပါ။
ေရရွည္မွာ အမ်ားေနာက္လိုက္တဲ့ဘ၀မွာေနရင္ေတာ့ စိတ္ဓာတ္ၾကံ့ခိုင္ဖို ့ခက္ခဲပါလိမ့္မယ္။
ကိုယ့္ႏွလံုးသားကေျပာတဲ့လမ္းကိုေလွ်ာက္မွသာ စိတ္ဓာတ္ၾကံ့ခိုင္ဖို ့လြယ္ကူလာမွာျဖစ္ပါတယ္။
ကိုယ္ဘယ္ကို ဦးတည္ရာကို သြားေနသလဲ
ကိုယ္ဘာကို လုပ္ေနသလဲ ကိုယ္တိုင္ သိေနမွသာ စိတ္ဓာတ္ၾကံ့ခိုင္သူျဖစ္လာမွာျဖစ္ပါတယ္။
ကိုယ့္ဘ၀ကို ကိုယ္တိုင္ဦးေဆာင္ ေမာင္းႏွင္မွသာ မိမိကိုယ္မိမိယံုၾကည္လာတာေၾကာင့္ စိတ္ဓာတ္ၾကံ့ခိုင္လာမွာျဖစ္ပါတယ္။
(၂) တဦးတေယာက္တည္းေနရခ်ိန္ေတြဟာ စိတ္ဓာတ္ၾကံ့ခိုင္ေအာင္ ေလ့က်င့္ဖို ့အေကာင္းဆံုးပါ။
တေယာက္ထဲ ရွိစဥ္ သတိေလးကပ္ျပီး ၀င္သက္ထြက္သက္ကို သိျပီးေနၾကည့္ပါ။
ကိုယ့္အေတြးသံေတြကို ဘက္မလိုက္ဘဲ နားေထာင္ၾကည့္ပါ။
ကိုယ့္ရဲ့အနာဂတ္ကို ဘယ္လို ျဖစ္ခ်င္သလဲ စိတ္ကူးၾကည့္ပါ။
ကိုယ္ဘယ္အရာေတြကို ၀ါသနာပါသလဲ လုပ္ပါ။ အခ်ိန္မဆိုင္းဘဲ စလုပ္ပါ။
ကိုယ္ေပ်ာ္တဲ့အရာေတြလုပ္ေနရင္ မိမိကိုယ္ကို ယံုၾကည္မွုရွိလာမွာျဖစ္ျပီး စိတ္က်န္းမာေရးပါတိုးတက္လာမွာျဖစ္ပါတယ္။
(၃) ေလာကမွာ ျပီးျပည့္စံုတဲ့သူမရွိပါဘူး။
လူရယ္လို ့ျဖစ္လာကတည္းကိုက သင္ခန္းစာေတြယူဖို ့ေရာက္လာတာပါ။ ဘယ္သူမွ ျပီးျပည့္စံုမေနပါဘူး
ကိုယ့္ရဲ့အားနည္းခ်က္ေတြကို လက္ခံျပီး တိုးတက္ေအာင္လုပ္ပါ။ ကိုယ့္ရဲ့အားသာခ်က္ေတြကို ပိုေကာင္းေအာင္ ဆက္ၾကိဳးစားပါ။
(၄) ကနဦးပိုင္းမွာျဖစ္လာတဲ့ အဆင္မေျပမွုေတြေၾကာင့္ အိမ္မက္ေတြကို လက္မလႊတ္လိုက္ပါနဲ ့။
ဘ၀ဟာ ခရီးရွည္ပါ။ ကိုယ္ျဖစ္ခ်င္တဲ့အိပ္မက္ေတြကို အေကာင္အထည္ေဖာ္ရာမွာ အစပိုင္းကာလမွာအဆင္မေျပလို ့လက္မေလွ်ာ့လိုက္ပါနဲ ့။
ဘယ္အလုပ္ပဲျဖစ္ျဖစ္ ကြ်မ္းက်င္တဲ့အဆင့္တစ္ခုမေရာက္ေသးသမွ် အခက္အခဲေတြ က်ိန္းေသၾကံဳရမွာပါ။ အဲ့သလို ၾကံဳလာရမယ့္ အခက္အခဲေတြက သင္ခန္းစာယူျပီး ဆက္ၾကိဳးစားပါ။
လူအမ်ားစုဟာ အစပိုင္းကာလေတြမွာအဆင္မေျပျဖစ္ျပီး ရြက္ၾကမ္းေရက်ိဳဘ၀နဲ ့သာ တသက္လံုးေနထိုင္သြားၾကတာ ႏွေမ်ာစရာပါ။ အဲ့ဒီထဲမွာ သင္မပါပါေစနဲ ့။
(၅) နာမည္ၾကီးဖို ့အာရံုမစိုက္ပါနဲ ့။
သင္ဟာေက်ာ္ၾကားမွုကို တပ္မက္သူဆိုရင္ အျခားလူေတြရဲ့ ေ၀ဖန္မွုေတြေၾကာင့္ စိတ္မွာပူေလာင္ရပါလိမ့္မယ္။
နာမည္ႀကီးမႈနဲ႔အတူ တာဝန္ယူမႈမလိုက္လာရင္ က်ရွံုးမွာပါ…
သင္အမွန္တကယ္လုပ္ဖို ့လိုအပ္တာေတြကိုသာ အာရံုစိုက္ပါ။
ဟန္ေဆာင္မွုမပါဘဲ ရိုးသားစြာျပဳမူပါ။ သင့္ဘ၀ထဲကို မိတ္ေဆြေကာင္းေတြ၊ စစ္မွန္သူေတြေရာက္လာပါလိမ့္မယ္။
သင့္ကို ယံုၾကည္တဲ့သူနဲ ့သင္ကေလးစားရတဲ့သူေတြကို စိတ္ေရာကိုယ္ပါကူညီပါ။
သင့္္လုပ္ရပ္တိုင္းဟာ သင္အမွန္တကယ္ျဖစ္ခ်င္တဲ့ အိပ္မက္ေတြကို ဦးတည္ေနတဲ့ေျခလွမ္းေတြသာျဖစ္ပါေစ။
(၆) သင့္ရဲ့ေပ်ာ္ရႊင္မွုကို သင့္လက္ထဲမွာထားပါ။
ဟိုလူဒီလူက အသိအမွတ္မျပဳလို ့စိတ္မွာမေပ်ာ္ေနဘူး။ ဟိုလူဒီလူေတြရဲ့ ျငင္းပယ္ခံလိုက္ရလို ့အသက္မရွင္ခ်င္ေတာ့ဘူးဆိုတာသည္ ဓားစာခံအေတြးေၾကာင့္ပါ။
မိမိကိုယ္ကို အရွိအတိုင္းအျမဲတမ္းလက္ခံထားလိုက္ျပီး ေပ်ာ္ရႊင္မွုကိုသာ ေရြးခ်ယ္သြားမယ္ဆိုရင္ေတာ့ သင္ဟာ စိတ္ဓာတ္ၾကံ့ခိုင္သူတစ္ေယာက္ျဖစ္ကိုျဖစ္လာမွာပါ။
အေကာင္းဆံုးကေတာ့ သင့္ရဲ့ေပ်ာ္ရႊင္မွုသည္ သင့္လက္ထဲမွာပဲ ရွိေနသင့္ပါတယ္။
(၇) အျခားလူေတြရဲ့ သင့္အေပၚထားရွိတဲ့သေဘာထားေတြနဲ ့သင့္ဘ၀ကို ပံုမေဖာ္ပါနဲ ့။
ကိုယ့္ရဲ့ထင္ျမင္ယူဆခ်က္ေတြကို လက္လြတ္စပယ္ေျပာတတ္ၾကတာဟာ လူ ့သဘာ၀ပါ။ မိမိကိုယ္ကို ျပည့္၀သူျဖစ္ေအာင္ ၾကိဳးစားေနသူမွာ သူတပါးကို ေ၀ဖန္ေလကန္ေရးလုပ္ဖို ့အခ်ိန္မေလာက္ၾကပါဘူး။
အျခားလူေတြရဲ့ သင့္အေပၚထားရွိတဲ့ ခံယူခ်က္ေတြဟာ သင့္ရဲ့အမွန္တရားကို ကိုယ္စားမျပဳပါဘူး။
အထင္ၾကီးျခင္း၊ အထင္ေသးျခင္းဆိုတာေတြဟာ လူေတြရဲ့ ေခါင္းထဲ တခဏေလးျဖတ္စီးသြားတဲ့ အေတြးမွ်သာျဖစ္ပါတယ္။
သင့္ကို ဘယ္သူေတြက ဘယ္လိုပဲ ေ၀ဖန္ေနပါေစ သင့္လမ္းေပၚသာ ေျဖာင့္ေျဖာင့္တန္းတန္း ဆက္ေလွ်ာက္ပါ။
သင့္လုပ္ရပ္ေတြက မွန္ကန္ေနလွ်င္ သင့္ရလဒ္ေတြသည္လည္း ေကာင္းမြန္ေနမွာျဖစ္ပါတယ္။
အျခားလူေတြ သင့္အေၾကာင္းဘာေျပာေနသလဲထက္ သင့္ကိုယ္သင္ ဘယ္လိုဆက္ဆံေနသလည္းက ပိုအေရးၾကီးပါတယ္။
(၈) အစားအေသာက္ကို အထူးဂရုစိုက္ပါ။ က်န္မာၾကံ့ခိုင္သူျဖစ္ေအာင္ ေလ့က်င့္ခန္းလုပ္ပါ။
စာေရးသူအျမဲတမ္းထည့္သြင္းေျပာေလ့ရွိတဲ့အရာကေတာ့ အစားအေသာက္ပါ။
ဘယ္အစားအေသာက္ဟာ ကိုယ့္စိတ္ခံစားခ်က္ကို ဆိုးရြားေစသလဲ ေရးမွတ္ထားျပီး တကူးတက ေရွာင္ၾကဥ္ပါ။
ကိုယ္တြင္းမွာ မအီမသာျဖစ္ေနတဲ့အစားေတြကို မစားပါနဲ ့။ လတ္ဆတ္သန္ ့ရွင္းတဲ့အစားအစာေတြကို မွ်တစြာစားေသာက္ပါ။
မွ်တစြာစားေသာက္တဲ့အေလ့အက်င့္သည္လည္း စိတ္ဓာတ္ၾကံ့ခိုင္မွုကို မ်ားစြာအေထာက္အကူျပဳပါတယ္။
သန္စြမ္းက်န္းမာေသာ ကိုယ္ ခႏၶာကို ပိုင္ဆိုင္ထားသူဟာ မိမိကိုယ္မိမိ ပိုျပီး ယံုၾကည္မွုရွိေစတာေၾကာင့္ စိတ္ဓာတ္ၾကံ့ခိုင္မွုကို မ်ားစြာအေထာက္အကူျဖစ္ရံုမက အသက္ရွည္အနာမဲ့ျခင္းဆိုတဲ့ အက်ိဳးအေက်းဇူးပါ ျဖစ္ထြန္းေစမွာ ျဖစ္ပါတယ္။
မွန္ကန္စြာစားေသာက္ျခင္းႏွင့္ ေန့စဥ္ေလ့က်င့္ခန္းလုပ္ျခင္းကို မလုပ္မေနရသေဘာထားျပီး တာ၀န္တစ္ခုအေနနဲ့လုပ္ပါ။
(၉) အရာရာတိုင္းဟာ တိုးတက္ဖြံ့ျဖိဳးဖို ့ပဲလို ့ခံယူျပီး တုန္ ့ျပန္ပံုေတြေျပာင္းလဲပါ။
အဆင္မေျပတစ္ခုခုျဖစ္တိုင္း ငါခံေနရတယ္၊ ငါ့မွာမွျဖစ္ရေလျခင္းဆိုတဲ့ ဓားစာခံအေတြးကို စြန္ ့ပစ္ပါ။
စိန္ေခၚမွုတိုင္း ကိုယ့္အသက္ကို ႏွုတ္ယူသြားတာမဟုတ္ခဲ့ရင္ ပိုမိုၾကံ့ခိုင္ေစဖို ့ပဲျဖစ္တယ္ဆိုတာ သေဘာေပါက္ပါ။
ျဖစ္လာတဲ့ေလာကဓံေတြကို စိုးရြံ့စိတ္ေတြနဲ ့တုန္ ့ျပန္မယ့္အစား တည္ျငိမ္စြာ တုန္ ့ျပန္ပါ။ တိုးတက္ဖြံ့ျဖိဳးလာေအာင္ သင္ခန္းစာယူပါ။
အခက္အခဲေတြဆိုတာ မရွိဘူး အခြင့္အလမ္းေတြပဲရွိတယ္ဆိုတာကို မသိစိတ္ထဲေရာက္သည္အထိ အၾကိမ္ေပါင္းမ်ားစြာ ရြတ္ဆိုပါ။
(၁၀) အမွန္တကယ္ထိန္းခ်ဳပ္လို ့မရတဲ့အရာေတြေၾကာင့္ အခ်ိန္ကုန္မခံပါနဲ ့။
ဘ၀မွာျဖစ္လာတဲ့အရာရာတိုင္းဟာ ကိုယ့္ထိန္းခ်ဳပ္မွုေအာက္မွာျဖစ္ေနတာမဟုတ္လို ့စိတ္မပ်က္သြားပါနဲ ့။
အပ်က္သေဘာေဆာင္တဲ့ ကိုယ့္ရဲ့အေတြး၊ ကိုယ့္ရဲ့လုပ္ေဆာင္ခ်က္၊ ခံယူခ်က္ေတြကို အျပဳသေဘာေဆာင္တဲ့ အေတြးေတြျဖစ္ေအာင္ ေျပာင္းလိုက္ရင္ အဆင္ေျပတဲ့ရလဒ္ေတြဆီကို ဦးတည္သြားပါလိမ့္မယ္။
အျခားလူေတြကို ထိန္းခ်ဳပ္ခ်င္ေနတဲ့စိတ္ကို လႊတ္ခ်လိုက္ပါ။
အမွန္တကယ္ ထိန္းခ်ဳပ္လို ့မရတဲ့အရာေတြကို ထိန္းခ်ဳပ္ခ်င္ေလေလ စိတ္စြမ္းအားေတြ ယိုစီးေလပါပဲ။
အေရးမပါဘဲ ထိန္းခ်ဳပ္ဖို ့ၾကိဳးစားေနတာေတြဟာ မိမိရဲ့အခ်ိန္ကို ျဖဳန္းတီးသလိုျဖစ္တာေၾကာင့္ မိမိရဲ့ အသက္ကို တန္ဖိုးမထားရာေရာက္ပါတယ္။
ထိန္းခ်ဳပ္စရာမလိုတာေတြကို မေတြးေတာ့ဘဲ လႊတ္ခ်လိုက္တာနဲ ့ေပါ့ပါးလြတ္လပ္ျပီး ေနေပ်ာ္လာပါလိမ့္မယ္။ ေနေပ်ာ္မွလည္း ေက်ေက်နပ္နပ္ ေရွ့ဆက္ႏိုင္မွာျဖစ္ပါတယ္။
ျပင္ပကအရာေတြထက္ အတြင္းခံစားခ်က္ေတြကို ပိုျပီးသတိထားပါ။ ကိုယ့္ကိုအမွန္တကယ္ အခက္ေတြ့ေစတာေတြသည္ ျပင္ပကအရာေတြမဟုတ္ပါဘူး။ ခံစားခ်က္ဆိုးေတြ၊ မအီမသာမွုေတြသာျဖစ္ပါတယ္။
(၁၁) အတိတ္ဆိုတာ ေျပာင္းလဲလို ့မရေတာ့ပါဘူး။ သင္ခန္းစာယူလို ့ပဲရပါတယ္။
ေျပာင္းလဲလို ့မရတဲ့အတိတ္ကို တစိမ့္စိမ့္ေတြးျပီး ေသာကပြားေနမယ့္အစား ေနာက္မျဖစ္ေအာင္ ဘယ္လိုသင္ခန္းစာေတြယူမလဲဆိုတာကိုသာ အာရံုစိုက္ပါ။ ကိုယ့္ရဲ့အလြဲေတြကို ေသခ်ာ စာရြက္ေပၚခ်ေရးပါ။
တစ္ခုခ်င္းဆီကို ေသခ်ာသံုးသပ္ျပီး သင္ခန္းစာယူပါ။ သင့္ရဲ့အတိတ္ကို သင္ခန္းစာယူဖို ့တာ၀န္ယူစိတ္ထားျပီး တုန္ ့့ျပန္မယ္ဆိုရင္ေတာ့ သင့္အနာဂတ္ဟာ ေခ်ာ့ေမြ့လြယ္ကူလာပါလိမ့္မယ္။
(၁၂) ေအာင္ျမင္မွုကို တိုင္းထြာတဲ့အခါ အတိတ္က က်ရွံဳးမွုေတြနဲ ့မသတ္မွတ္ပါနဲ ့။
အဆင္မေျပမွဳေတြကေန ကိုယ္ဟာ ဘယ္လိုရင့္က်က္လာသလဲ ေျပာင္းလဲသြားသလဲ ဆိုတာနဲ ့ပဲ တိုင္းထြာပါ။
ျဖစ္လာတဲ့အရာေတြရဲ့ အဆင္ေျပျခင္း အဆင္မေျပျခင္းထက္ ဘ၀ရဲ့စိန္ေခၚမွုေတြကေန ဘယ္လိုရင့္က်က္လာမလဲ၊ ဘယ္လို ျပည့္၀လာသလဲ၊ ဘယ္လို တိုးတက္ေျပာင္းလဲလာသလဲ ျဖင့္သာ ေအာင္ျမင္မွဳကို တိုင္းထြာပါ။
Crd