အလုပ်လုပ်မယ့်သူတွေအနေနဲ့ ဘွဲ့လက်မှတ် မလိုဘူးဆိုတဲ့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကုမ္ပဏီများ
ကမ္ဘာတန်ဖိုးအမြင့်ဆုံး ကုမ္ပဏီ ဖြစ်တဲ့ Tesla မှာ အလုပ်လုပ်မယ့်သူတွေအနေနဲ့ ဘွဲ့လက်မှတ်တွေ မလိုအပ်ဘူး လို့ ပိုင်ရှင် Elon Musk ကပြောပါတယ်။ အလားတူပဲ Apple တို့ Google တို့ နဲ့ Netflix တို့မှာလည်း အလုပ်လုပ်မယ့် ဝန်ထမ်းတွေဟာ လေးနှစ်ကြာ သင်ကြားပြီး ရရှိလာတဲ့ ဘွဲ့ ဒီဂရီတွေ မလိုအပ်ဘူးလို့ သိရတယ်။
Elon Musk ကတော့ ဘွဲ့ဒီဂရီတွေဟာ ထူးခြားတဲ့ စွမ်းဆောင်ရည် (Ability) ကို မပေးနိုင်သလို ဒီနေရ လေ့လာသင်ကြားထက် ပျော်ရွင်စွာနေရမယ့် နေရာလို့ ဆိုပုံရပါတယ်။
အမေရိကမှာ ရှိတဲ့ Apple ကုမ္ပဏီဝန်ထမ်း ထက်ဝတ်ခန့်ဟာ ကျောင်းမပြီးသူတွေ ဖြစ်တယ်လို့ Apple CEO Tim Cook ကလည်း ပြောပါတယ်။ Google တို့ Apple တို့ကတော့ အလုပ်လိုချင်ရင် အလုပ်ကို ပြီးအောင်လုပ်နိင်တဲ့ ကျွမ်းကျင်မှုသာ လိုအပ်ပြီး ဘွဲ့ဒီဂရီ မလိုအပ်ဘူးလို့ ဆိုထားပါတယ်။
ဆိုတော့ သူတို့ အပြောအရ အမေရိကန်ပညာရေးဟာ ဈေးကြီးပြီး ကျွမ်းကျင်မှုနဲ့ စွမ်းဆောင်ရည်ကို မပေးနိုင်ဘူး ဆိုလိုပုံရတယ်။ အဓိကကတော့ မင်း ဘာကျွမ်းကျင်လဲ၊ ဘာသိထားလဲဆိုတာ အဓိကဖြစ်ပြီး မင်း ဘာဘွဲ့ရထားတယ် ဆိုတာ အဓိကမဟုက်ဘူး ဆိုလိုတာပဲ။
ဒါဖတ်ရတော့ ဘယ်နေရာမဆို ငါက နိုင်ငံခြား ဘယ်ကျောင်းက ဘွဲ့ရထားတာ၊ ငါက နိုင်ငံခြားကျောင်းသွားတက်တာ၊ ငါက MBA ဘွဲ့ယူထားတာ၊ ငါက ဘာနဲ့ ကျောင်းပြီးထားတာ ဆိုတဲ့ အတွေးအခေါ်များနေတဲ့ မြန်မာပြည်ကြီးကို မြင်ယောင်မိတယ်။ တချို့ဆို မိက်ဆက်ရာမှာတောင် ဘွဲ့တွေ တသီကြီး တန်းပြထားတာ ရှိသေးတယ်။
ဆိုတော့ ပညာရေး ပြုပြင်ပြောင်းလဲဖို့ ဘလာ ဘလာဆိုတဲ့နေရာတွေမှာ ဝါသနာအခြေခံပြီး ဘယ်နေရာမှာ ကျွမ်းကျင်လဲဆိုတာ အဓိကပဲ။ အထူးသဖြင့် စီးပွားရေးကဏ္ဍမှာ ငါတို့က ဘယ်က ဘွဲ့ယူထားတာ ဆိုပြီး သီအိုရီတွေ တပုံကြီးနဲ့ မြန်မာပြည်ကို သယ်လာ။ လိုက်ဖက်လား အဆင်ပြေလား မသိပဲ နင်းကန် ထည့်နေတာမျိုး မြင်ရ စိက်မချမ်းသာ။
အထူးသဖြင့် NGO တွေပဲ။ မြန်မာစံနဲ့ ကိုက်ညီမှု ရှိ မရှိ မသိဘူး။ သိလာတဲ့ သီအိုရီတွေ ဒီမှာ စွက်ထည့်တာ။ တိုင်းပြည်မတိုးတက်ရခြင်း အဓိကအချက်တွေထဲမှာ ဒါတွေလည်း ပါတယ်။
Credit
Zawgyi