ဗဟုသုတ ဘာသာရေး

ဆွမ်းဘုန်းပေးခါနီး အုန်းမောင်းခေါက်တာ ဘာကြောင့်လဲ

ဆွမ်းဘုန်းပေးခါနီး အုန်းမောင်းခေါက်တာ ဘာကြောင့်လဲ

ကျွန်တော်လည်း ဘုန်းကြီးကျောင်းသား ပါဒါပေမယ့် အုန်းခေါင်းခေါက်ခြင်းရဲ့အဓိပ္ပါယ်ကို ခုမှသိခြင်းဖြစ်သည် ထို့ကြောင့်ကျွန်တော့်လိုမသိသေးတဲ့ သူတွေအတွက် ရည်ရွယ်၍ Copy ယူလာခြင်းဖြစ်သည်။

သိချင်လို့ လိုက်ရှာနေတာ ကြာပြီဗျာ ခုမှ သိရတော့ တယ် ။ ဂျပန်ခေတ်က ဖြစ်သည် စစ်ကိုင်းတောင်ရိုး မင်္ဂလာစေတီ ချောင်သို့ ဂျပန်အရာရှိ တစ်ဦးနှင့် စကားပြန် တစ်ဦး ရောက်လာ၏ ဆွမ်းစားချိန် ဖြစ်သောကြောင့် ကြေးမောင်းထိုး တုံးခေါက်ရာ ဂျပန်အရာရှိက ဘာလုပ်တာလဲ ဟုမေး၏။

စကားပြန်က ဆွမ်းစားမှာမို့ ကြေးမောင်းထိုး တုံးခေါက်ခြင်း ဖြစ်ကြောင်း ရှင်းပြရာ

ဂျပန်အရာရှိကြီးက ” ဒီဘုန်းကြီးတွေ သူများလှူတဲ့ ဆွမ်းစားတာတောင် ဒီလို ကြေးမောင်းတွေ တုံးတွေ ခေါက်ပြီးစားရင် ကိုယ့်ဖာသာ ရှာစားရင်တော့ အမြောက်ဖောက်ပြီးများ စားမလား မသိဘူး” ဟု မှတ်ချက်ပြုသတဲ့။

ထိုမှတ်ချက်ကို စကားပြန်က မင်္ဂလာစေတီ ဆရာတော်ကြီးအား လျှောက်ထားရာ ဆရာတော်ကြီးက ” ဘုန်းကြီးတို့ ဒီလို ကြေးမောင်းထိုး တုံးတွေ ခေါက်ပြီး စားတာဟာ ကြွားချင်လို့ မဟုတ်ဘူ းဒီအနီးအနားမှာ ဘုရားဖူး ခရီးသွားသံဃာတော်တွေ ဆွမ်းမပြည့်စုံ သေးရင် ဒီနေရာမှာ ဆွမ်း ဆွမ်းဟင်း အပြည့်အစုံ ရှိပါတယ်

ဆွမ်းစားကြွ တော်မူ ကြပါလို့ အသိပေးဖိတ်ကြားတာဖစ်တဲ့ အပြင် နောက်ပြီးတော့ ရွာတွေက ဆွမ်း ဆွမ်းဟင်း လောင်းလှူကြသော ဆွမ်ဒါယိကာ ဆွမ်းဒါယိကာမများအနေဖြင့်

မိမိတို့လှူလိုက်တဲ့ ဆွမ်း ခဲဘွယ်တို့ကို ဆရာတော် သံဃာတော်များ ဘုန်းပေးသုံးဆောင် တော့မှာ ဖြစ်တဲ့ အတွက် အလှူရှင်များ အနေဖြင့် ကောင်းမှုကုသိုလ် အစုစုအတွက် သာဓုအနုမောဒနာ ခေါ်ဆိုနိုင် ဘို့ဖြစ်တယ် တကာဟု ရှင်းပြ၏။

ဆရာတော်ကြီး ရှင်းပြတာကို နားထောင်၍ ဂျပန်အရာရှိကြီးက နားလည် သဘောကျ သည့် အနေဖြင့် အကြိမ်ကြိမ် အလေးပြု သွားသည် ဟူ၏။

ပေးလိုသည့် မှတ်ချက်မှာ ခရီးသွား ဆရာတော်သံဃာတော်တို့ အနေဖြင့် ဆွမ်းဘုဉ်းချိန် ရောက်လျှင်စားသောက်ဆိုင်များဝင်၍ အကုန်အကျခံ ဘုဉ်းပေးတော် မမူကြပါနှင့်

သိသိမသိသိ ဆွမ်းစားချိန် ကြေးမောင်းထိုးတုံးခေါက်သောေ ကျာင်းတိုက်များသို့ သာ ဝင်ရောက် ဘုဉ်းပေးတော်မူ ကြပါ ၎င်းကြေးမောင်းသံ တုံးခေါက်သံတို့သည် အရှင်ဘုရားတို့အား ဆွမ်းစားပင့် ခြင်းပင် ဖြစ်ပါပေ၏ ။

Crd

Zawgyi
ဆြမ္းဘုန္းေပးခါနီး အုန္းေမာင္းေခါက္တာ ဘာေၾကာင့္လဲ

ကြၽန္ေတာ္လည္း ဘုန္းႀကီးေက်ာင္းသား ပါဒါေပမယ့္ အုန္းေခါင္းေခါက္ျခင္းရဲ႕အဓိပၸါယ္ကို ခုမွသိျခင္းျဖစ္သည္ ထို႔ေၾကာင့္ကြၽန္ေတာ့္လိုမသိေသးတဲ့ သူေတြအတြက္ ရည္႐ြယ္၍ Copy ယူလာျခင္းျဖစ္သည္။

သိခ်င္လို႔ လိုက္ရွာေနတာ ၾကာၿပီဗ်ာ ခုမွ သိရေတာ့ တယ္ ။ ဂ်ပန္ေခတ္က ျဖစ္သည္ စစ္ကိုင္းေတာင္႐ိုး မဂၤလာေစတီ ေခ်ာင္သို႔ ဂ်ပန္အရာရွိ တစ္ဦးႏွင့္ စကားျပန္ တစ္ဦး ေရာက္လာ၏ ဆြမ္းစားခ်ိန္ ျဖစ္ေသာေၾကာင့္ ေၾကးေမာင္းထိုး တုံးေခါက္ရာ ဂ်ပန္အရာရွိက ဘာလုပ္တာလဲ ဟုေမး၏။

စကားျပန္က ဆြမ္းစားမွာမို႔ ေၾကးေမာင္းထိုး တုံးေခါက္ျခင္း ျဖစ္ေၾကာင္း ရွင္းျပရာ

ဂ်ပန္အရာရွိႀကီးက ” ဒီဘုန္းႀကီးေတြ သူမ်ားလႉတဲ့ ဆြမ္းစားတာေတာင္ ဒီလို ေၾကးေမာင္းေတြ တုံးေတြ ေခါက္ၿပီးစားရင္ ကိုယ့္ဖာသာ ရွာစားရင္ေတာ့ အေျမာက္ေဖာက္ၿပီးမ်ား စားမလား မသိဘူး” ဟု မွတ္ခ်က္ျပဳသတဲ့။

ထိုမွတ္ခ်က္ကို စကားျပန္က မဂၤလာေစတီ ဆရာေတာ္ႀကီးအား ေလွ်ာက္ထားရာ ဆရာေတာ္ႀကီးက ” ဘုန္းႀကီးတို႔ ဒီလို ေၾကးေမာင္းထိုး တုံးေတြ ေခါက္ၿပီး စားတာဟာ ႂကြားခ်င္လို႔ မဟုတ္ဘူ းဒီအနီးအနားမွာ ဘုရားဖူး ခရီးသြားသံဃာေတာ္ေတြ ဆြမ္းမျပည့္စုံ ေသးရင္ ဒီေနရာမွာ ဆြမ္း ဆြမ္းဟင္း အျပည့္အစုံ ရွိပါတယ္

ဆြမ္းစားႂကြ ေတာ္မူ ၾကပါလို႔ အသိေပးဖိတ္ၾကားတာဖစ္တဲ့ အျပင္ ေနာက္ၿပီးေတာ့ ႐ြာေတြက ဆြမ္း ဆြမ္းဟင္း ေလာင္းလႉၾကေသာ ဆြမ္ဒါယိကာ ဆြမ္းဒါယိကာမမ်ားအေနျဖင့္

မိမိတို႔လႉလိုက္တဲ့ ဆြမ္း ခဲဘြယ္တို႔ကို ဆရာေတာ္ သံဃာေတာ္မ်ား ဘုန္းေပးသုံးေဆာင္ ေတာ့မွာ ျဖစ္တဲ့ အတြက္ အလႉရွင္မ်ား အေနျဖင့္ ေကာင္းမႈကုသိုလ္ အစုစုအတြက္ သာဓုအႏုေမာဒနာ ေခၚဆိုႏိုင္ ဘို႔ျဖစ္တယ္ တကာဟု ရွင္းျပ၏။

ဆရာေတာ္ႀကီး ရွင္းျပတာကို နားေထာင္၍ ဂ်ပန္အရာရွိႀကီးက နားလည္ သေဘာက် သည့္ အေနျဖင့္ အႀကိမ္ႀကိမ္ အေလးျပဳ သြားသည္ ဟူ၏။

ေပးလိုသည့္ မွတ္ခ်က္မွာ ခရီးသြား ဆရာေတာ္သံဃာေတာ္တို႔ အေနျဖင့္ ဆြမ္းဘုဥ္းခ်ိန္ ေရာက္လွ်င္စားေသာက္ဆိုင္မ်ားဝင္၍ အကုန္အက်ခံ ဘုဥ္းေပးေတာ္ မမူၾကပါႏွင့္

သိသိမသိသိ ဆြမ္းစားခ်ိန္ ေၾကးေမာင္းထိုးတုံးေခါက္ေသာေ က်ာင္းတိုက္မ်ားသို႔ သာ ဝင္ေရာက္ ဘုဥ္းေပးေတာ္မူ ၾကပါ ၎ေၾကးေမာင္းသံ တုံးေခါက္သံတို႔သည္ အရွင္ဘုရားတို႔အား ဆြမ္းစားပင့္ ျခင္းပင္ ျဖစ္ပါေပ၏ ။

Crd