ဆံပင်ဖြူတွေကို တစ်ခါပြန်နက်စေမယ့် ကြောင်လျှာသီးအစွမ်း
Unicode
ဆံပင်ဖြူတွေကို တစ်ခါပြန်နက်စေမယ့် ကြောင်လျှာသီးအစွမ်း
ဆံ ပင်ဖြူကိုဆိုးဆေးမသုံးပဲပြန်မနက်နိုင်ဟုထင်ကြသည်။ကြောင်လျှာသီးကို ပေါ်သောရာသီတွင်နှစ်လခန့် နေ့စဉ်ပြုပ်၍အတို့အမြှုပ်လုပ်၍၎င်း။ကြော်ချက်အဖြစ် ၎င်း။မီးဖုတ်ပြီးကြက်ဥနှင့်ရောကြော်၍၎င်းတစ်နည်း နည်းဖြင့် နေ့စဉ်စားသုံးပေးလျှင်ဆံပင်ဖြူများပြန်နက်လာစေနိုင်သည်။
ကြောင်လျှာပွင့်ခြောက်များကိုပေါသောရာသီတွင် ဝယ်ယူစုဆောင်းပြီးစဉ့်အိုးငယ်တွင်သိပ်၍ တစ်နှစ်လုံးသိမ်းဆည်းထားနိုင်သည် ။
အပွင့်ကိုရေနွေးဖျော၍သုပ်စားလျှင်လေဆက်စေသည်ဟုရှေးလူကြီးများပြောသည်။လေအားကောင်းစေသည်။ နားလေထွက်ခြင်း။နားပင်းခြင်း။အသက်ကြီး၍နားလေးခြင်းများအတွက်ကောင်းပါသည်။
(သွေးတိုးရှိသူများကတော့ သတိထားစား၊သွေးကျဆေးသောက်ပါ)
ဆေးကျမ်းများမှ(အဆို)
၁။ ကြောင်လျှာသီးကိုကြက်သားနှင့်ချက်စားပါကပန်း နာ(ရင်ကြပ်)ရောဂါပျောက်သည်။
၂။ ငါးရံ့ဖြင့်ချက်စားပါက ကာလဝမ်းရောဂါပျောက်ဧ။် အားကိုဖြစ်စေပြီးအစာမကြေဝမ်းပျက်ပျောက်ဧ။်။
၃။ ပုဇွန်ဖြင့်ချက်စားပါကနှလုံးလေရိုက်ရောဂါ။ နှလုံး တုန်ရင်တုန်ရောဂါပျောက်ဧ။်။
၄။ ငါးသလောက်ဖြင့်ချက်စားပါကအဖောရောဂါကျစေ ၍နှလုံးရောဂါကိုသက်သာစေသည်။
၅။ ငါးမြွေတိုးနှင့်ချက်စားကဒူလာသွေးဝမ်း။မီးယပ်သွေးဝမ်း။မြင်းသရိုက်(လိပ်ခေါင်း) ရောဂါတို့ပျောက်ကင်းစေနိင်ပါသည်။
မှီငြမ်း။ ။ ဒေါ်မေမေပွင့်(တိုင်းရင်းမေ)ဓာတ်စာကုထုံး။ မြန်မာ့ဆေးဝါးပင်များ(မြန်မာ့စိုက်ပျိုးရေး လုပ်ငန်း)လယ်.စိုက်.ရှင်း ၁၅.၅.၁၉၈ဝထုတ်။
ကြည်လွင်မြင့်(မုဒြာ)
ရတနာပုံသတင်းစာ။
သွေးတိုးနှင့်တည့်မတည့်မေးသူများအတွက်
၁။အပူသွေးတိုး နှင့်
၂။အအေးသွေးတိုး ဟုနှစ်မျိုးရှိသည်။
အလွယ်ပြောရလျှင် လူပိန်၊မဲများသည် အပူသွေးတိုးရှိတတ်သည်။ သွက်လက်သည်။ဒေါသကြီးသည်..လူဖြူ၊ဝ၊စို၊အသားအရေအေးသူများ၊ဇိမ်ခံသူများတွင် အအေးသွေးတိုးရှိတတ်သည်။ အအေးသွေးတိုးသည် ဆီးချိုနှင့်တွဲဖြစ်တတ်သည်။
သွေးတိုးသည်. လေတိုးဟုလည်းယူဆသဖြင့်. (အခါးဟူသမျှ၊လေဓာတ်ကြွ) အယူအဆအရ .. အခါးအရသာရှိသောအစာမှန်သမျှသွေးတိုးနိုင်သည်။ကြောင်လျှာသီးသည်ပူခါး ဖြစ်သဖြင့် အပူသွေးတိုးရှိသူများမသင့်ပါ။
မသင့်သော်လည်းဆေးဘက်ဝင်အဖြစ်အနည်းငယ် သင့်ရုံစားနိုင်ပါသည်။ မသင်္ကာလျှင်ဆေးကြိုသောက်ထားပါ။
စာရေးသူကိုယ်တိုင်သွေးတိုးရှိပါသည်။ကြောင်လျှာပွင့်သုပ်စားပြီးခေါင်းမကြည်လျှင် ရှောက်ရည်နှင့်ပျားရည် ဖျော်သောက်ပါသည်။
အအေးသွေးတိုးနှင့်ဆီးချိုရှိသူများမှာ ကြောင်လျှာနှင့်တည့်ပါသည်။ အခါးအရသာ ဖြစ်၍ဆီးချိုသွေးချိုသမားဓာတ်စာပေးသည်ကို တွေ့ဖူးပါသည်။
ကံ၊စိတ်၊ဥတု၊အာဟာရ .. မျှတစွာနေထိုင် စားသောက် ကျင့်ကြံ၍ ကျန်းမာချမ်းသာ ကြပါစေ။
Credit:ကြည်လွင်မြင့်(မုဒြာ)
Zawgyi