ဗဟုသုတ

ကြီးမားတဲ့ကုသိုလ်တွေ တစ်စက္ကန့်မှာ ကုဋေတစ်သိန်းနှုန်းဖြင့် ရရှိသွားမည့် နေနည်းများ

ကြီးမားတဲ့ကုသိုလ်တွေ တစ်စက္ကန့်မှာ
ကုဋေတစ်သိန်းနှုန်းဖြင့် ရရှိသွားမည့် နေနည်းများ

၁။ နိုးနိုးချင်းမြတ်စွာဘုရားရှင် ဟောကြားဆုံးမသည့်အတိုင်းနိုးနိုးချင်း ထထချင်း အနေအထား မပြောင်းမရွေ့ပဲဝင်လေ ထွက်လေလေးကို
သတိကပ်မှတ် နေလိုက်ပါမယ်။
ဒါဆိုကြီးမားတဲ့ကုသိုလ်တွေက တစ်စက္ကန့်မှာ
ကုဋေတစ်သိန်းနှုန်းဖြင့် ရရှိသွားပြီးလည်း
ဖြစ်ပါတယ်။
ခါတိုင်းလို သောကဖြင့် နိုးထခြင်း
မဟုတ်တော့သည့်အတွက်
မင်္ဂလာတရားဖြင့်စတင်သည့် နေ့လေး
ဖြစ်သွားပါတယ်

၂။ လှုပ်လှုပ်ရွရွ ဟူသမျှ
အိမ်သာသွားရာ၊ သွားတိုက်ရာ၊ မျက်နှာသစ်ရာတစ်မိနစ်ပဲဖြစ်ပါရစေ၊ သတိကပ်၍ သိနေရန်
ကြိုးစားနေလိုက်ပါ့မယ်။
၃။ သက်ရှိထင်ရှား မြတ်စွာဘုရားအား
၃.၁. မပြုမီဝမ်းသာရေတစ်ခွက်ပဲဖြစ်ဖြစ်၊ ပြည့်ပြည့်စုံစုံပဲဖြစ်ဖြစ်ဘုရားရှင်အားကပ်လှုရန် ပြင်ဆင်ရာမှာကုသိုလ်ပြုရတော့မယ်ဟု ဝမ်းသာပီတိ‌ တွေဖြစ်နေပါ့မယ်။
၃.၂. ပြုဆဲဝမ်းသာ
ဘုရားကပ်လှုရာမှာ သက်တော်ထင်ရှား
ရှိသည်ဟု မှန်းဆပြီး ကုသိုလ် ပြုရပြီဟု
ဝမ်းမြောက် ဝမ်းသာဖြစ်နေပါ့မယ်။ဒါဆိုကုသိုလ်က အများကြီး ဖြစ်နေပါပြီ။
၃.၃. ပြုပြီးဝမ်းသာ
ကုသိုလ်တို့ကို ပြုခဲ့ရလေပေပြီဟု
ပြန်လည်ဆင်ခြင်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေလိုက်ပါ
၃.၄. ဥာဏ်ထဲ့လိုက်ပါ
ကုသိုလ်ပြုလျှင် ကုသိုလ်ရချေမည်ဟု
ကံ၏အကျိုးကို ယုံကြည်သော ဥာဏ်လေး
ထဲ့လိုက်ပါ။ အမြတ်ဆုံး တိဟိတ်ကုသိုလ်
ရရှိသွားပေသည်။
၃.၅. ဝိပဿနာဆင်ခြင်
ဘုရားရှိခိုးချင်တဲ့စိတ်ကလေးကို သိနေ
အောင်ကြိုးစားပါမယ်။ (စိတ္တာနုပဿနာ)
ထိုင်ချ ရှိခိုးအမူအယာတွေ သိနေအောင်
ကြိုးစားနေပါမယ်။ (ကာယာနုပဿနာ)

ခြေမှာလက်မှာ နာကျင်နေတာ သိအောင်
ကြိုးစားပါမယ်။ (ဝေဒနာနုပဿနာ)
သည်ဖြစ်စဉ်လေးတွေကို ပြန်လည်ဆင်ခြင်
နေရင် (ဓမ္မာနုပဿနာ)
ဒါဆိုအိမ်မှာပဲ၊ သိန်းထောင်ချီမလှုနိုင်ပေမဲ့
ကုသိုလ်ထူးတွေများစွာ ရရှိနေပြီ ဖြစ်ပါတယ်

၄။ သန့်ရှင်း ချက်ပြုတ်
အိမ်သူအိမ်သားများ
အစစ အရာရာ အဆင်ပြေပါစေ၊
တရားအားထုတ်နိုင်ရန်အလို့ငှာစားသုံးနိုင်ကြပါစေ
နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေလို့
မေတ္တာ ပွားနေရင်
အလွန်အားကြီးတဲ့ ကုသိုလ် ရရှိသွားပြန်ပါပြီ

၅။ ထွေထွေစုစု
ထမင်းဆာလာရင် ချက်ချင်းမထပဲ
ထချင်တဲ့စိတ်၊ စားချင်တဲ့စိတ်ကို တစ်မိနစ်ခန့်
ရေချိုးချင်လာရင် ချက်ချင်းမထပဲ
ချိုးချင်စိတ်ကို တစ်မိနစ်ခန့် သိနေလိုက်ပါ။
အိပ်ချင်လာရင်၊ သွားချင်ရာတွင်
နည်းတူပြုလိုက်ပါ။ ဘာဝနာ ကုသိုလ်မို့
စွမ်းအားအလွန်ကြီးမားပါတယ်။
ဖိနပ်ကို
ညီညီညာညာ သတိနဲ့ချွတ်မယ်၊ ဝတ်ပါမယ်။
စကားကို
အေးအေးဆေးဆေး နူးနူးညံ့ညံ့ ပြောပါမယ်။
T.V ကြည့်ခြင်း၊ စကားများများပြောခြင်း၊
သီချင်းနားထောင်ခြင်းတွေက
အကုသိုလ်များစေတာမို့
နည်းနည်းချင်း တိုး၍ တိုး၍ လျော့ပါမယ်။
အတင်းမပြောဖြစ်အောင် ကြိုးစားထူထောင်ပါ
မကောင်းမြင်ဝါဒ၊
မကောင်းသည့်ဘက်တွေးခြင်း လျော့ပါ။
ဥပမာ– သည်လူ တရားစာတွေသာ ရေးနေတာတရားအားထုတ်မှာ မဟုတ်ပါဘူးလို့မတွေးပဲ၊ ကိုယ်မသိတာဖြစ်လို့ တရားလည်းအားထုတ်မှာပါဟုတွေးလိုက်ပါ

၆။ အိပ်ယာဝင်
၅မိနစ်ခန့် ဝင်လေ ထွက်လေကိုဖြစ်စေ၊
ဘိုက်ပေါ်လက်တင်ပြီး ဖောင်းတယ် ပိန်တယ်
သတိကပ်၍ မှတ်နေလိုက်ပါ။
အားကြီးသောကုသိုလ်များ ထပ်ဆင့် ထပ်မံရရှိနေပြီဖြစ်ပါတယ်

၇။ အကုသိုလ်များလှ လူ့ဘဝ
အဘိဓမ္မာအရ သတိမပါပဲ စားတာ၊ နေတာ၊
ထိုင်တာ အကုသိုလ်တရားတွေမို့
လူဘဝပြန်ရဖို့ အလွန်ခဲယဉ်လှပါတယ်တဲ့။
အထက်က အတိုင်းနေမယ် ဆိုရင်တော့
အကုသိုလ်ပါးလို့ ကုသိုလ်များကြမှာ ဖြစ်ပါတယ်

ပါချုပ်ဆရာတော်ကြီး
Credit