ဗဟုသုတ

ဟင်းခက်အမွှေးအကြိုင်ကုန်စိမ်းတွေကို တာရှည်ခံအောင်သိမ်းဆည်းနည်း

ဟင်းခက်အမွှေးအကြိုင်ကုန်စိမ်းတွေကို တာရှည်ခံအောင်သိမ်းဆည်းနည်း

ဒီနေ့ကတော့ အိမ်ရှင်မတွေအတွက် မရှိမဖြစ်ဆောင်ထားတတ်ကြတဲ့ဟင်းချက်အမွှေးအကြိုင်ကုန်စိမ်းတွေကို တာရှည်ခံအောင်သိမ်းဆည်းနည်းလေးဝေမျှပါရစေ

ကျွန်မကတော့ အိမ်မှာဟင်းချက်ရင်အမွှေးအကြိုင်အဆာပလာတွေထည့်ချက်ရတာသဘောကျသူမို့

ငရုတ်သီးစိမ်း၊ နံနံပင်၊ ရှမ်းနံနံ၊ ပျဥ်းတော်သိမ်ရွက်၊ ကြက်သွန်မြိတ်၊ ကုဆိုင်၊ ပင်စိမ်း အစရှိတဲ့အရွက်တွေကိုအမြဲဆောင်ထားလေ့ရှိပါတယ်

အဲ့အရွက်တွေကျတော့ ဝယ်လာပြီးချက်ချင်း (သို့) ၂/၃ ရက်လောက်အတွင်းသုံးမှလတ်ဆတ်ပြီး ကြာရင်ရိပြီးဝါလာတာမျိုးတွေဖြစ်တတ်လွန်းလို့ ခဏခဏမသုံးဖြစ်ဘဲပစ်လိုက်ရတာတွေရှိတယ်

အရွက်တွေကိုစိမ်းစိမ်းစိုစိုလေးနဲ့ဘယ်လိုလတ်ဆတ်အောင်ထားရမလဲနည်းလမ်းရှာရင်း အဆင်ပြေတဲ့နည်းတွေ့သွားလို့ပြန်လည်ဝေမျှတာပါ

ဝယ်လာတဲ့ကုန်စိမ်းအရွက်တွေကိုရေဆေးပြီးသိမ်းရင်မတော်ရိကုန်မှာစိုးလို့ သိမ်းရင်ရေမဆေးတော့ဘဲ သိမ်းပြီးထုတ်ချက်ခါနီးမှဆားရေစိမ်ပြီးရေသန့်နဲ့ထပ်စိမ်ဆေးပါတယ်

ဝယ်လာတဲ့ကုန်စိမ်းအရွက်တွေကို ကြွတ်ကြွတ်အိတ်ထဲကထုတ်ပြီး ဇကာနဲ့ရေပြောင်အောင်စစ်ထားပါတယ်

ရေလုံးဝခြောက်သွေ့သွားပြီဆိုရင် မကောင်းတဲ့နေရာလေးတွေကိုဖယ်ထုတ်ပြီးမျိုးတူရာခွဲပြီး တစ်မျိုးစီကို ရေလုံတဲ့ဖန်ပုလင်းထဲထည့်၊ အဖုံးသေချာပိတ်ပြီးရေခဲသေတ္တာထဲက

အသီးအရွက်ထည့်တဲ့အအေးခန်းထဲမှာပဲသိမ်းပါတယ်။ ငရုတ်သီးစိမ်းကိုတော့အညှာခြွေပြီးသိမ်းရင်ပိုအထားခံပါတယ်။ ပုံထဲမှာပြထားတာက နည်းနည်းပဲကျန်တဲ့လက်ကျန်မို့ဒီအတိုင်းသိမ်းလိုက်တာပါ

အပေါ်မှာပြောထားသလိုနည်းနဲ့သိမ်းတယ်ဆိုရင် အနည်းဆုံးတစ်ပတ်လောက်တော့ စိမ်းစိမ်းစိုစိုခြောက်ခြောက်သွေ့သွေးလေးဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်

လေလုံတဲ့ဖန်ပုလင်းဆိုတာလည်းတကူးတကရှာဝယ်တာမျိုးမဟုတ်ဘဲ သုံးပြီးသား အိုဗာတင်းပုလင်း၊ ဟောလစ်ပုလင်း၊ ကော်ဖီမှုန့်ပုလင်းလိုပုလင်းမျိုးတွေကိုပြန်သုံးဖို့ပြောတာပါ

ပလတ်စတစ်လေလုံဗူးနဲ့သိမ်းဖူးပေမယ့်ရေငွေ့ပြန်ကျတတ်လို့ ဖန်ဗူးနဲ့သိမ်းတာလောက်အဆင်မပြေပါဘူး

ဟင်းချက်ခါနီးမှ ငရုတ်သီးစိမ်း / နံနံပင် / ရှမ်းနံနံ / ပျဥ်းတော်သိမ် ကုန်နေလို့ချက်ရတာဘာလိုမှန်းမသိ

ခဏခဏဖြစ်တတ်လွန်းတဲ့ကျွန်မအတွက်ဒီနည်းလေးကတော့တော်တော်ကိုအဆင်ပြေစိတ်ချမ်းသာရလို့ပြန်လည်ဝေမျှတာပါရှင့်

Zawgyi

ဟင္းခက္အေမႊးအႀကိဳင္ကုန္စိမ္းေတြကို တာရွည္ခံေအာင္သိမ္းဆည္းနည္း

ဒီေန႕ကေတာ့ အိမ္ရွင္မေတြအတြက္ မရွိမျဖစ္ေဆာင္ထားတတ္ၾကတဲ့ဟင္းခ်က္အေမႊးအႀကိဳင္ကုန္စိမ္းေတြကို တာရွည္ခံေအာင္သိမ္းဆည္းနည္းေလးေဝမွ်ပါရေစ

ကြၽန္မကေတာ့ အိမ္မွာဟင္းခ်က္ရင္အေမႊးအႀကိဳင္အဆာပလာေတြထည့္ခ်က္ရတာသေဘာက်သဴမို႔

င႐ုတ္သီးစိမ္း၊ နံနံပင္၊ ရွမ္းနံနံ၊ ပ်ဥ္းေတာ္သိမ္႐ြက္၊ ၾကက္သြန္ၿမိတ္၊ ကုဆိုင္၊ ပင္စိမ္း အစရွိတဲ့အ႐ြက္ေတြကိုအၿမဲေဆာင္ထားေလ့ရွိပါတယ္

အဲ့အ႐ြက္ေတြက်ေတာ့ ဝယ္လာၿပီးခ်က္ခ်င္း (သို႔) ၂/၃ ရက္ေလာက္အတြင္းသုံးမွလတ္ဆတ္ၿပီး ၾကာရင္ရိၿပီးဝါလာတာမ်ိဳးေတြျဖစ္တတ္လြန္းလို႔ ခဏခဏမသုံးျဖစ္ဘဲပစ္လိုက္ရတာေတြရွိတယ္

အ႐ြက္ေတြကိုစိမ္းစိမ္းစိုစိုေလးနဲ႕ဘယ္လိုလတ္ဆတ္ေအာင္ထားရမလဲနည္းလမ္းရွာရင္း အဆင္ေျပတဲ့နည္းေတြ႕သြားလို႔ျပန္လည္ေဝမွ်တာပါ

ဝယ္လာတဲ့ကုန္စိမ္းအ႐ြက္ေတြကိုေရေဆးၿပီးသိမ္းရင္မေတာ္ရိကုန္မွာစိုးလို႔ သိမ္းရင္ေရမေဆးေတာ့ဘဲ သိမ္းၿပီးထုတ္ခ်က္ခါနီးမွဆားေရစိမ္ၿပီးေရသန႔္နဲ႕ထပ္စိမ္ေဆးပါတယ္

ဝယ္လာတဲ့ကုန္စိမ္းအ႐ြက္ေတြကို ႂကြတ္ႂကြတ္အိတ္ထဲကထုတ္ၿပီး ဇကာနဲ႕ေရေျပာင္ေအာင္စစ္ထားပါတယ္

ေရလုံးဝေျခာက္ေသြ႕သြားၿပီဆိုရင္ မေကာင္းတဲ့ေနရာေလးေတြကိုဖယ္ထုတ္ၿပီးမ်ိဳးတူရာခြဲၿပီး တစ္မ်ိဳးစီကို ေရလုံတဲ့ဖန္ပုလင္းထဲထည့္၊ အဖုံးေသခ်ာပိတ္ၿပီးေရခဲေသတၱာထဲက

အသီးအ႐ြက္ထည့္တဲ့အေအးခန္းထဲမွာပဲသိမ္းပါတယ္။ င႐ုတ္သီးစိမ္းကိုေတာ့အညွာေႁခြၿပီးသိမ္းရင္ပိုအထားခံပါတယ္။ ပုံထဲမွာျပထားတာက နည္းနည္းပဲက်န္တဲ့လက္က်န္မို႔ဒီအတိုင္းသိမ္းလိုက္တာပါ

အေပၚမွာေျပာထားသလိုနည္းနဲ႕သိမ္းတယ္ဆိုရင္ အနည္းဆုံးတစ္ပတ္ေလာက္ေတာ့ စိမ္းစိမ္းစိုစိုေျခာက္ေျခာက္ေသြ႕ေသြးေလးျဖစ္ေနတာကိုေတြ႕ရပါလိမ့္မယ္

ေလလုံတဲ့ဖန္ပုလင္းဆိုတာလည္းတကူးတကရွာဝယ္တာမ်ိဳးမဟုတ္ဘဲ သုံးၿပီးသား အိုဗာတင္းပုလင္း၊ ေဟာလစ္ပုလင္း၊ ေကာ္ဖီမႈန႔္ပုလင္းလိုပုလင္းမ်ိဳးေတြကိုျပန္သုံးဖို႔ေျပာတာပါ

ပလတ္စတစ္ေလလုံဗူးနဲ႕သိမ္းဖူးေပမယ့္ေရေငြ႕ျပန္က်တတ္လို႔ ဖန္ဗူးနဲ႕သိမ္းတာေလာက္အဆင္မေျပပါဘူး

ဟင္းခ်က္ခါနီးမွ င႐ုတ္သီးစိမ္း / နံနံပင္ / ရွမ္းနံနံ / ပ်ဥ္းေတာ္သိမ္ ကုန္ေနလို႔ခ်က္ရတာဘာလိုမွန္းမသိ

ခဏခဏျဖစ္တတ္လြန္းတဲ့ကြၽန္မအတြက္ဒီနည္းေလးကေတာ့ေတာ္ေတာ္ကိုအဆင္ေျပစိတ္ခ်မ္းသာရလို႔ျပန္လည္ေဝမွ်တာပါရွင့္