ဗဟုသုတ

အိုးလေး ဒိန်ချဉ်ပြုလုပ်နည်း

အိုးလေး ဒိန်ချဉ်လုပ်နည်း တောင်းထားသူတွေအတွက်

ဒီနည်းကတော့ အိုးလေးဒိန်ချဉ်လုပ်နည်း ဖြစ်ပါတယ်

ဒိန်ချဉ်လုပ်နည်းတွေ အများအပြား ရှိပါတယ်။

အလွယ်နည်း၊ အခက်နည်း၊ ရောင်းတန်းအတွက် လုပ်နည်း စသဖြင့်

အနည်းငယ်စီသာ ကွာခြားပါတယ်

အလွယ်နည်း ပြောနေတြတာကတော့ နွားနို့ထဲကို ဒိန်ချဉ်ထည့်ထားလိုက်ရင် ဒိန်ချဉ်ဖြစ်သွားတယ် ဆိုတာပါပဲ

ဒါပေမယ့် အဲဒီဒိန်ချဉ်အနည်းငယ်ကို ဘယ်လိုလုပ်မလဲ

အဲဒါကို အခု စပြောပြပါမယ်

အိုးကို မြေအိုးရှိပါက ပိုအဆင်ပြေပါတယ်

အခြားအိုးနဲ့လည်း ရနိုင်ပါတယ်။အရင်ဆုံး နို့အချဉ် စလုပ်ရမယ်

( ကိုယ်ဘာသာအချဉ်မဖောက်ချင်လို့ လုပ်ပြီးသားဒိန်ချဉ် ကိုလဲ ရောထည့်လဲရတယ် )

(၁) အိုးသစ်တစ်လုံးကို သန့်ရှင်းပြီး ခြောက်အောင်ထားပါ

(၂) ၎င်းအိုးထဲကို ကျိုထားသောနွားနို့ စားပွဲတင်ဇွန်း ၄ ဇွန်းခန့် ထည့်ပါ

(၃) အိုးကို အဖုံးအုပ်ထားပြီး နေပူထဲမှာ ၆ နာရီခန့် ချထားပါ

(၄) အိုးထဲမှနွားနို့များ ခဲသွားသွားပြီး အချဉ်နံ့လေး ထွက်လာရင် ဒိန်ချဉ်စလုပ်လို့ ရပါပြီ

ဒိန်ချဉ်ပြုလုပ်နည်း

(၁) ဒိန်ချဉ်ပြုလုပ်မည့် နွားနို့ကို အိုးသန့်သန့်ဖြင့် ၁၀ မိနစ်ခန့် ဆူပွတ်လာအောင် တည်ပါ

(အပူ ဖာရင်ဟို 200 ခန့် ရှိရပါမယ်)

(၂) ပြီးလျှင် အောက်ချထားပြီး ကြက်သီးနွေးလေးအထိ (112 to 115 ဖာရင်ဟိုက်)ခန့် အအေးခံပါ

(၃) အနည်းငယ် နွေးသော အနေအထားမှာ အထက်က ဒိန်ချဉ်လုပ်ထားသော အိုးထဲကို အနည်းငယ် လောင်းထည့်ပြီး ခဲနေတဲ့ဒိန်ချဉ်ကို ကြေအောင်ချေပေးပါ

(၄) ဒိန်ချဉ်အိုး တည်ထားမည့်နေရာကို ရွေးပါ။ အပူချိန် 110 ဖာရင်ဟိုက် ရှိရမည်။ အိုးမလှုပ်နိုင်သည့်နေရာမှာ ထားလျှင် ပိုကောင်းမည်

(၅) ဒိန်ချဉ်ချေထားသော အိုးထဲကို တည်ထားသောနွားနို့များ အကုန်လောင်းထည့်ပြီး အဖုံးလုံအောင် ပိတ်ထားပါ။ နို့ဒိန်ချဉ်မကွဲအောင် အိုးကို ရွှေ့ခြင်း၊ မခြင်းမပြုရပါ

(၆) နေရာအပူချိန်ပေါ် မူတည်ပြီး ၅ နာရီမှ ၇ နာရီခန့်ထိ ထားပေးပြီးလျှင် ဒိန်ချဉ်ကို မြည်းကြည့်ပြီး ကိုယ်လိုအပ်သည့် အချဉ် အနေတော်ဖြစ်လျှင် စတင်သုံးဆောင်နိုင်ပါပြီ

ဒိန်ချဉ်နှင့်အလိုက်ဖက်ဆုံးသော အစားအစာမှာ စတော်ဘယ်ရီသီး ဖြစ်ပါတယ်

အချဉ်အရသာ ထပ်မပိုစေရန် ရေခဲသေတ္တာထဲထည့်၍ လိုအပ်သလောက်သာ ပုဂံထဲထည့်စားနိုင်ပါတယ်

ကုန်ခါနီးလျှင် လက်ကျန်ဒိန်ချဉ်ဖြင့် နောက်ထပ် ဒိန်ချဉ်အသစ်တစ်အိုးကို ဆင့်ပွါးလုပ်နိုင်ပါတယ်

Credit ကိုအောင်မြင့်မြတ်