ကျန်းမာရေး ဗဟုသုတ

Nomophobiaဆိုတဲ့ ဖုန်းအစွဲလွန်ရောဂါကို ဘယ်လိုကုသနိုင်မလဲ?

Nomophobiaဆိုတဲ့ ဖုန်းအစွဲလွန်ရောဂါကို ဘယ်လိုကုသနိုင်မလဲ?
Zawgyi








သင့်ရဲ့ဖုန်း အစွဲလွန် ရောဂါကိုကုလို့ရမယ့် နည်းလမ်း၎ခုကိုပြောပြချင်ပါတယ်




၎-သင့်ဝါသနာကို အပြင်လက်တွေ့ဘဝမှာရှာပါ။



Unicode

ဖုန်းအစွဲလွန်ရောဂါ Nomophobia ကို ဘယ်လို ကုသနိုင်မလဲ?

ဖုန်းတွေဟာ အချက်အလက်တွေကိုရယူဖို့ကိရိယာတစ်ခု ဖြစ်တယ်ဆိုတာထက်ပိုလာပါတယ်။

သင်ကိုယ်တိုင် ဖုန်းတစ်လုံး မရှိရင်မနေနိုင်ဘူးနေ့တိုင်း ဖုန်းနဲ့အချိန်ကုန် အိပ်လည်းဖုန်းစားလည်းဖုန်းသင့်ဘဝရဲ့မရှိမဖြစ်အရာတစ်ခုလိုခံစားနေရပီဆိုသင်ဖုန်းအစွဲလွန်ရောဂါရနေတာဖြစ်နိုင်ပါတယ်။

Nomophobiaလို့ခေါ်တဲ့no mobile phone phobiaဆိုတဲ့ရောဂါကို လူတော်တော်များများရနေကြပြီလို့ဆိုပါတယ်။နယူးယောက်တိုင်မး သတင်းစာအဆိုအရ ဆယ်ကျော်သက်တွေနဲ့လူကြီးတွေက သူတို့ဖုန်းတွေကို တစ်နေ့မှာ အကြိမ်လောက်ကြည့်ကြပြီး စာသားမက်ဆေ့ ၁၁၀ ခန့်ပေးပို့တတ်ကြပါတယ်။

အမေရိကန်မှာ ပြုလုပ်ခဲ့တဲ့စစ်တမ်းတွေအရ လူဦးရေ ၂၀ရာခိုင်နှုန်းလောက်ကအင်တာနက်စွဲလမ်းခြင်းပြဿနာတက်နေကြတယ်လို့ဆိုပါတယ်။လူဦးရေ ၅၀ရာခိုင်နှုန်းလောက်ကတော့ သူတို့ဖုန်းတွေမရှိပဲ ရှင်သန်နိုင်မှာမဟုတ်လို့ ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

ခုပြောပြချင်တာက ဒီအင်တာနက်ဖုန်းစွဲလမ်းမှုရောဂါကို ကျွန်တော်တို့ ဘယ်လိုတိုက်ထုတ်နိုင်ကြမလဲလို့ပြောတာပါ။

စမတ်ဖုန်းစွဲလမ်းခြင်းကို ဘယ်လိုရပ်တန့်ကြမလဲ

စမတ်ဖုန်းစွဲလမ်းတာကို တစ်ကယ်ကတော့ရပ်တန့်ဖို့ ခက်ခဲပါတယ်။ခေတ်ရဲ့လိုအပ်ချက်အရ ဒီဖုန်းတွေ ကွန်ပြုတာတွေ လိုအပ်ကြတယ်ဆိုပေမယ့် အရမ်းအစွဲလွန်သွားရင်မကောင်းပါဘူး။ ကိုယ့်ကိုကိုယ်မေးခွန်းပြန်မေးပီးသတိပေးဖို့လိုတာက ဖုန်းတွေမပါပဲကျွန်တော်တို့ ရှင်သန်ခဲ့ကြဖူးတယ်ဆိုတာပါပဲ။

သင့်ရဲ့ဖုန်း အစွဲလွန် ရောဂါကိုကုလို့ရမယ့် နည်းလမ်း၄ခုကိုပြောပြချင်ပါတယ်

၁-ညအချိန်မှာ သင့်ဖုန်းကိုသင့်ရဲ့အိပ်ရာဘေးဒါမှမဟုတ် အခန်းမှာမထားပါနဲ့။ဘတ်ထရီကို ဖြုတ်ထားပီး သင်နဲ့ဝေးဝေးမှာထားပါ။ါမှဖုန်းရဲ့သွေးဆောင်မှုကို သင်မခံရတော့မြှာဖစ်ပါတယ်

၂-သင့်ဖုန်းမပါပဲသွားလို့ရမယ့်အရာတွေနေရာတွေကို လေ့ကျင့်ပီးဖုန်းမယူသွားပဲသွားကြည့်ပါ။ အတိတ်တချိန်ကနေ့ရက်တွေ ရှေးတုန်းကခံစားမှုတွေကို သင်ပြန်ခံစားရပါလိမ့်မယ်

၃-ဖုန်းမှဖုန်းဖြစ်နေတဲ့လူတွေက များသောအားဖြင့်စိတ်ကျရောဂါကိုခံစားနေရပြီး စိတ်ဝေဒနာတွေခံစားနိုင်ရတယ်လို့ဆိုပါတယ်၊သူတို့ရဲ့အထီးကျန်မှုကြောင့်အဲ့ဒီလိုတွေဖြစ်လာတာလည်းဖြစ်နိုင်ပါတယ်။

ဖုန်းသုံးစွဲနေတဲ့အချိန်တွေကို လက်တွေ့ဘဝထဲအစားထိုးသုံးစွဲကြည့်လိုက်ပါ၊အစစ်အမှန်ဘဝက ဘယ်လောက်ပျော်စရာကောင်းတယ်ဆိုတာသင်စတင်ခံစားလာရပါလိမ့်မယ်
၄-သင့်ဝါသနာကို အပြင်လက်တွေ့ဘဝမှာရှာပါ။

ဖုန်းထဲမှာ အချိန်ကုန်မနေပါနဲ့တော့LikeCommentနဲ့လူတွေ အထင်ကြီးစေတဲ့အရာတွေလုပ်လည်းလက်တွေ့ကလက်တွေ့ဘဝမို့ သင့်အတွက်အာရုံစိုက်စရာတစ်ခုခုကိုအပြင်လောကမှာရှာဖွေဖို့လိုပါတယ်။

ဖုန်းသုံးချိန်တွေကိုတင်းကြပ်တဲ့ အချိန်ကန့်သတ်ကြည့်ပါနော် ကဲဒီလောက်ဆို ဖုန်းအစွဲလွန်ရောဂါကိုဘယ်လိုရပ်တန့်နိုင်မလဲသိလောက်ပီထင်ပါတယ်.

Crd