ဗဟုသုတ

ရွာတရွာ ဖြစ်ပေါ်ဖို့ စုန်း ( ၇ ) ယောက် ရှိဖို့လိုတယ်ဆိုတာ

ရွာတရွာ ဖြစ်ပေါ်ဖို့ စုန်း ( ၇ ) ယောက် ရှိဖို့လိုတယ်လို့ တလွဲအတွေးတွေနဲ့ ကြားဖူးနားဝ ရှိခဲ့တာကို ဗဟုသုတအနေနဲ့ တင်ပါရစေ…

” ယောဒေသမှာ ရွာသစ်တစ်ရွာတည်ဖို့ စုန်း( ၇ )ယောက်လိုတယ် ” တဲ့လား

ငယ်စဉ်က ကြားဖူးနားဝ စကားလေးပါ။

စုန်းအကြောင်းတွေက အိပ်ယာဝင်ပုံပြင်တွေလို အထူးထူး အခြားခြား အများများအပြားပြား။ တကယ်တွေ့ဖူးသည်ဆိုသည့်ပုဂ္ဂိုလ်ထံ မေးမြန်းပြန်တော့လည်း စေ့စေ့ငင ဖြေနိုင်သူဟူ၍ မတွေ့ရသေးပါ။

မိမိလက်လှမ်းမီသလောက်ရှာဖွေကြည်တော့ရွာတစ်ရွာတည်ဖို့လိုအပ်တဲ့ စုန်း (၇) ယောက်က…

စုန်း=> စုန္နော=>ဖြောင့်မှန်သောသူ

( စုန္နောတိ ဥဇုကတော-ဖြောင့်မတ်မှန်ကန်သည့် ပညာရှင်ခုနှစ်ဦး )

ဋီကာကျမ်း

ထို ခုနှစ်ဦးမှာ

( ၁ )မြေပညာရှင်

ရွာသစ်တည်မည့်နေရာသည် မြေအနေအထားသင့်မသင့် မြေဆီမြေလွှာကို သိရှိကျွမ်းကျင်သူ

 

(၂)ရေပညာရှင်

သောက်သုံးရေ/ရေချို/စိုက်ပျိုးရေးလုပ်ငန်းသုံးရေ/ ရမရကို သိရှိကျွမ်းကျင်သူ

(၃)လေပညာရှင်

လေကြောင်း သင့်မသင့် လေငြိမ်အရပ် ဟုတ်/ မဟုတ် စသည့် လေသဘောသဘာဝကို ကျွမ်းကျင်ပါးနပ်သူ

(၄) စီးပွါးရေးပညာရှင်

(၅)ပညာရေး စီမံနိုင်သူ

 

(၆)ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သူ

(၇)ဆက်သွယ်ရေး ကျွမ်းကျင်သူ

ရွာတည်မည့်နေရာသည် ရွာ၏လိုအပ်ချက်များအတွက် ဆက်သွယ်သွားလာရန် လွယ်ကူမည့်အချက်အလက် လမ်းကြောင်းကိုသိသောသူအစရှိသဖြင့် တွေ့ရှိမှတ်သားမိပါတယ်။

ယခုစာကိုဖတ်မိသူ မိတ်ဆွေအနေနဲ့ကျွန်တော် မှတ်သားမိသမျှလေးတွေ ပြန်ဝေမျှတာပါခင်ဗျ။

Ref; -အရှင်စန္ဒကုမာရ ( ရွှေတြိဂံ )

-ဋီကာကျမ်း

Post from Thein Kha

 

Zawgyi

ရြာတရြာ ျဖစ္ေပၚဖို႔ စုန္း ( ၇ ) ေယာက္ ရွိဖို႔လိုတယ္လို႔ တလြဲအေတြးေတြန႔ဲ ၾကားဖူးနားဝ ရွိခ့ဲတာကို ဗဟုသုတအေနနဲ႔ တင္ပါရေစ…

” ေယာေဒသမွာ ရြာသစ္တစ္ရြာတည္ဖို႕ စုန္း( ၇ )ေယာက္လိုတယ္ ” တဲ႕လား

ငယ္စဥ္က ၾကားဖူးနားဝ စကားေလးပါ။

စုန္းအေၾကာင္းေတြက အိပ္ယာဝင္ပုံျပင္ေတြလို အထူးထူး အျခားျခား အမ်ားမ်ားအျပားျပား။ တကယ္ေတြ႕ဖူးသည္ဆိုသည့္ပုဂၢိဳလ္ထံ ေမးျမန္းျပန္ေတာ့လည္း ေစ့ေစ့ငင ေျဖႏိုင္သူဟူ၍ မေတြ႕ရေသးပါ။

မိမိလက္လွမ္းမီသေလာက္ရွာေဖြၾကည္ေတာ့ရြာတစ္ရြာတည္ဖို႕လိုအပ္တဲ႕ စုန္း (၇) ေယာက္က…

စုန္း=> စုေႏၷာ=>ေျဖာင့္မွန္ေသာသူ

( စုေႏၷာတိ ဥဇုကေတာ-ေျဖာင့္မတ္မွန္ကန္သည့္ ပညာရွင္ခုႏွစ္ဦး )

ဋီကာက်မ္း

ထို ခုႏွစ္ဦးမွာ

( ၁ )ေျမပညာရွင္

ရြာသစ္တည္မည့္ေနရာသည္ ေျမအေနအထားသင့္မသင့္ ေျမဆီေျမလႊာကို သိရွိကၽြမ္းက်င္သူ

(၂)ေရပညာရွင္

ေသာက္သုံးေရ/ေရခ်ိဳ/စုိက္ပ်ိဳးေရးလုပ္ငန္းသုံးေရ/ ရမရကို သိရွိကၽြမ္းက်င္သူ

(၃)ေလပညာရွင္

ေလေၾကာင္း သင့္မသင့္ ေလၿငိမ္အရပ္ ဟုတ္/ မဟုတ္ စသည့္ ေလသေဘာသဘာဝကို ကၽြမ္းက်င္ပါးနပ္သူ

(၄) စီးပြါးေရးပညာရွင္

(၅)ပညာေရး စီမံႏိုင္သူ

(၆)က်န္းမာေရး ေစာင့္ေရွာက္မႈေပးႏိုင္သူ

(၇)ဆက္သြယ္ေရး ကၽြမ္းက်င္သူ

ရြာတည္မည့္ေနရာသည္ ရြာ၏လိုအပ္ခ်က္မ်ားအတြက္ ဆက္သြယ္သြားလာရန္ လြယ္ကူမည့္အခ်က္အလက္ လမ္းေၾကာင္းကိုသိေသာသူအစရွိသျဖင့္ ေတြ႕ရွိမွတ္သားမိပါတယ္။

ယခုစာကိုဖတ္မိသူ မိတ္ေဆြအေနနဲ႕ကၽြန္ေတာ္ မွတ္သားမိသမ်ွေလးေတြ ျပန္ေဝမ်ွတာပါခင္ဗ်။

Ref; -အရွင္စႏၵကုမာရ ( ေရႊႀတိဂံ )

-ဋီကာက်မ္း

Post from Thein Kha