Local News

စစ်ကောင်စီက အစိုးရငွေတိုက်စာချုပ်များ ဒုတိယအကြိမ်ထုတ်ရောင်းမည်

ငွေကျပ်ဘီလီယံ ၅၀၀ တန်ကြေးရှိတဲ့ ငွေတိုက်စာချုပ်တွေကို လေလံစနစ်နဲ့ ထပ်မံရောင်းချမယ်လို့ အာဏာ သိမ်းစစ်ကောင်စီ က ကြေညာ လိုက် ပါတယ်။

သက်တမ်း၂ နှစ်နဲ့ ၄ နှစ်သက်တမ်းရှိတဲ့ ငွေတိုက်စာချုပ် ၂ မျိုးကို စစ်ကောင်စီက ရောင်းချမှာဖြစ်ပြီး ၂ နှစ်သက်တမ်းရှိတဲ့ စာ ချုပ်အတွက် တစ်နှစ်ကို အတိုးနှုန်း ၇ ဒသမ ၂၅ ရာခိုင်နှုန်း၊ ၄ နှစ်သက်တမ်းရှိတဲ့ ငွေတိုက်စာချုပ်အတွက် တစ်နှစ်အတိုးနှုန်းကို

၇ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး သတ်မှတ်ထားပါတယ်။ငွေတိုက်စာချုပ်နဲ့ငွေတိုက်လက်မှတ်တွေကို အစိုးရဘတ်ဂျတ် လိုငွေရှိတဲ့အခါ လိုငွေ ဖြည့်တင်းဖို့ အ များပြည်သူကို ထုတ်ဝေရောင်းချခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် အစိုးရက အများပြည်သူထံက

အတိုးပေးပြီး ငွေချေးယူတဲ့ နည်းလမ်းတခုလည်း ဖြစ်ပါတယ်။ဒီငွေတိုက်စာချုပ်တွေကို ဘဏ်နဲ့ငွေကြေးဆိုင်ရာအဖွဲ့အစည်း တွေ၊ အာမခံကုမ် ပဏီတွေ၊ Secur ities ကုမ္ပဏီတွေက ဝယ်ယူခွင့်ရှိပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ကျပ်ဘီလီယံ ၂၀၀ တန်

ကြေးရှိတဲ့ ငွေတိုက်စာချုပ်တွေကို စစ်ကောင်စီက လေ လံစနစ်နဲ့ပထမအကြိမ် ရောင်းချရာမှာ ၁ ဒသမ ၇ ဘီလီယံဖိုး၊ ရာခိုင်နှုန်း အနေ နဲ့ ဝ ဒသမ ၈၅ ရာခိုင် နှု န်းပဲ ရောင်းချနိုင်ခဲ့ပါတယ်။စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို အသုံးပြုနိုင်တဲ့ တရားဝင်အဖွဲ့အစည်း

မဟုတ်တဲ့အတွက် ငွေတိုက်စာချုပ်တွေ ရောင်းချခြင်းကို လုပ်ကိုင်ခွင့် မရှိကြောင်းနဲ့ စစ်ကောင်စီ ရောင်းချတဲ့ ငွေတိုက်စာချုပ်တွေ ဟာ တရားမဝင်ကြောင်း ပြ ည် ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ဖေဖော်ဝါရီ ၁၇ ရက်က သတိပေးထုတ်ပြန်ထားခဲ့ပါတယ်။

လက်ရှိ စစ်ကောင်စီလက်ထက်မှာ အခွန်အရပ်ရပ်က ရရှိငွေတွေ၊ နိုင်ငံတကာက ချေးငွေ ရရှိမှုတွေ လျော့န ည်းနိုင်ပြီး လိုအပ်လာတဲ့ လိုငွေအတွက် စစကော င်စီက သယံဇာ တတွေ ပိုထု တ်လာနိုင်သလို၊ တရုတ် နဲ့ ရှရှားနိုင်ငံတို့က ချေးငွေရယူတာ၊ ကုန်ပစ္စည်းအကြွေးယူတာတွေရှိလာနိုင်တယ်လို့လည်း စီးပွားရေး လေ့လာစောင့်ကြည့်သူ တစ်ဦးက သုံးသပ်ပါတယ်။crd

[Zawgyi]

ငွေကျပ်ဘီလီယံ ၅၀၀ တန်ကြေးရှိတဲ့ ငွေတိုက်စာချုပ်တွေကို လေလံစနစ်နဲ့ ထပ်မံရောင်းချမယ်လို့ အာဏာ သိမ်းစစ်ကောင်စီ က ကြေညာ လိုက် ပါတယ်။

သက်တမ်း၂ နှစ်နဲ့ ၄ နှစ်သက်တမ်းရှိတဲ့ ငွေတိုက်စာချုပ် ၂ မျိုးကို စစ်ကောင်စီက ရောင်းချမှာဖြစ်ပြီး ၂ နှစ်သက်တမ်းရှိတဲ့ စာ ချုပ်အတွက် တစ်နှစ်ကို အတိုးနှုန်း ၇ ဒသမ ၂၅ ရာခိုင်နှုန်း၊ ၄ နှစ်သက်တမ်းရှိတဲ့ ငွေတိုက်စာချုပ်အတွက် တစ်နှစ်အတိုးနှုန်းကို

၇ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး သတ်မှတ်ထားပါတယ်။ငွေတိုက်စာချုပ်နဲ့ငွေတိုက်လက်မှတ်တွေကို အစိုးရဘတ်ဂျတ် လိုငွေရှိတဲ့အခါ လိုငွေ ဖြည့်တင်းဖို့ အ များပြည်သူကို ထုတ်ဝေရောင်းချခြင်းဖြစ်ပြီး တစ်နည်းအားဖြင့် အစိုးရက အများပြည်သူထံက

အတိုးပေးပြီး ငွေချေးယူတဲ့ နည်းလမ်းတခုလည်း ဖြစ်ပါတယ်။ဒီငွေတိုက်စာချုပ်တွေကို ဘဏ်နဲ့ငွေကြေးဆိုင်ရာအဖွဲ့အစည်း တွေ၊ အာမခံကုမ် ပဏီတွေ၊ Secur ities ကုမ္ပဏီတွေက ဝယ်ယူခွင့်ရှိပါတယ်။ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း ကျပ်ဘီလီယံ ၂၀၀ တန်

ကြေးရှိတဲ့ ငွေတိုက်စာချုပ်တွေကို စစ်ကောင်စီက လေ လံစနစ်နဲ့ပထမအကြိမ် ရောင်းချရာမှာ ၁ ဒသမ ၇ ဘီလီယံဖိုး၊ ရာခိုင်နှုန်း အနေ နဲ့ ဝ ဒသမ ၈၅ ရာခိုင် နှု န်းပဲ ရောင်းချနိုင်ခဲ့ပါတယ်။စစ်ကောင်စီဟာ နိုင်ငံတော်အာဏာကို အသုံးပြုနိုင်တဲ့ တရားဝင်အဖွဲ့အစည်း

မဟုတ်တဲ့အတွက် ငွေတိုက်စာချုပ်တွေ ရောင်းချခြင်းကို လုပ်ကိုင်ခွင့် မရှိကြောင်းနဲ့ စစ်ကောင်စီ ရောင်းချတဲ့ ငွေတိုက်စာချုပ်တွေ ဟာ တရားမဝင်ကြောင်း ပြ ည် ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) က ဖေဖော်ဝါရီ ၁၇ ရက်က သတိပေးထုတ်ပြန်ထားခဲ့ပါတယ်။

လက်ရှိ စစ်ကောင်စီလက်ထက်မှာ အခွန်အရပ်ရပ်က ရရှိငွေတွေ၊ နိုင်ငံတကာက ချေးငွေ ရရှိမှုတွေ လျော့န ည်းနိုင်ပြီး လိုအပ်လာတဲ့ လိုငွေအတွက် စစကော င်စီက သယံဇာ တတွေ ပိုထု တ်လာနိုင်သလို၊ တရုတ် နဲ့ ရှရှားနိုင်ငံတို့က ချေးငွေရယူတာ၊ ကုန်ပစ္စည်းအကြွေးယူတာတွေရှိလာနိုင်တယ်လို့လည်း စီးပွားရေး လေ့လာစောင့်ကြည့်သူ တစ်ဦးက သုံးသပ်ပါတယ်။Crd