ငွေကုန်ခံပြီး စက်ဆွဲစရာမလိုဘဲ ဆံပင်ကို ဖြောင့်စင်းစေမည့် သဘာဝ ပေါင်းတင်နည်း
ဓာတုဆေးသုံးပြီး၊ အပူပေးပြီး ဆံပင်ဖြောင့်ခြင်းက ပျိုမေတို့ဆံကေသာကိုခြောက်သွေ့ပျက်စီးစေတဲ့အပြင် ဆံသားကိုပြောင်းသွားစေတာမျိုး၊
ဆံပင်တွေ အရမ်းကျွတ်ပြီး ပါးသွားတာမျိုးတွေဖြစ်စေတာကြောင့် ခဏ ခဏဆံပင်ဖြောင့်လို့မကောင်း ဘူးနော်
ဒီတော့ ဓာတုဆေးမသုံး၊ ဖြောင့်စက်မလိုဘဲ သဘာဝအတိုင်းဆံပင်လေးတွေဖြောင့်စင်းအောင် လုပ်နိုင်မယ့် နည်းလမ်းကောင်းလေးတွေကိုဖော်ပြပေးချင်ပါတယ်
(၁) ကြက်ဥအကာနဲ့ဒိန်ချဉ်။ကြက်ဥအကာတစ်လုံး၊ ဒိန်ချဉ်နှစ်ဇွန်းတို့ကိုရောမွှေပြီး ဆံပင်အရင်းကနေအဖျားထိလိမ်းပေးပါ
နာရီဝက်ကြာရင်ရေနွေးနွေးလေးနဲ့ပြန်ဆေးချပြီး ခေါင်းပြန်လျှော်ပေ းလိုက်ကာ သဘာဝအတိုင်းအခြောက်ခံ
ပေးလိုက်ပါ။ ခြောက်သွားတဲ့အခါ ဘီးအစိပ်လေးနဲ့ဖြီးပေးလိုက်ရုံနဲ့ သဘာဝအတိုင်းဖြောင့်စင်းတဲ့ဆံကေသာကိုရရှိပါလိမ့်မယ်
(၂) ငှက်ပျောသီးနဲ့ပျားရည်။ငှက်ပျောသီးမှည့်တစ်လုံး၊ ပျားရည်တစ်ဇွန်းတို့ကို သမအောင်မွှေလိုက်ပြီး ဆံပင်အနှံ့လိမ်းပေးပါ
မိနစ်နှစ်ဆယ်လောက်ထားပြီး ရေအေးနဲ့ပဲခေါင်းလျှော်ပေး လိုက်ပါ။ သဘာဝအတိုင်းအခြောက်ခံပြီး ဘီး
လေးနဲ့ဖြီးပေးလိုက်ရင် ဆံပင်လေးတွေဖြောင့်စင်းသွားပြီး အစိုဓာတ်လည်းပြည့်ဝလာပါလိမ့်မယ်
(၃) အုန်းဆီနဲ့ပျားရည်။အုန်းဆီနှစ်ဇွန်းနဲ့ ပျားရည်နှစ်ဇွန်းဆတူရောပြီး ဆံပင်အရင်းကနေအဖျားထိရွှဲနေအောင်လိမ်းပေးပါ
နာရီဝက်လောက်ထားပြီး ရေနွေးလေးနဲ့ခေါင်းလျှော်ပေးပြီး သဘာဝ အတိုင်းအခြောက်ခံပေးလိုက်ပါ။ ဆံပင်
သားလေးတွေ သိသိသာသာနူးညံ့ပြီးဖြောင့်စင်းသွားတာကိုတွေ့ရပါလိမ့်မယ်
(၄) အုန်းနို့နဲ့လိမ္မော်ရည်။အုန်းနို့အနည်းငယ်ကို ခွက်ထဲထည့်ကာ လိမ္မော်သီးတစ်လုံးကို အရည်ညှစ်ထည့်လိုက်ပါ
ရလာတဲ့ အရည်နဲ့ဆံပင်အဖျား ထိရွှဲနေအောင်လောင်းချပေးပြီး ၁၅ မိနစ်လောက် ထားကာ ရေနွေးလေးနဲ့
ခေါင်းလျှော်ပေးလိုက်ပါ။ ဆံပင်လေးတွေဖြောင့်စင်းသွားပြီး လိမ္မော်ရည်မှာ ပါဝင်တဲ့ဗီတာမင် စီအစွမ်းကြောင့် ဆံသားလေးတွေချောမွတ်တောက်ပြောင်လာပါလိမ့်မယ်
Credit : aunty may
Zawgyi
ေငြကုန္ခံၿပီး စက္ဆြဲစရာမလိုဘဲ ဆံပင္ကို ေျဖာင့္စင္းေစမည့္ သဘာဝ ေပါင္းတင္နည္း
ဓာတုေဆးသုံးၿပီး၊ အပူေပးၿပီး ဆံပင္ေျဖာင့္ျခင္းက ပ်ိဳေမတို႔ဆံေကသာကိုေျခာက္ေသြ႕ပ်က္စီးေစတဲ့အျပင္ ဆံသားကိုေျပာင္းသြားေစတာမ်ိဳး၊
ဆံပင္ေတြ အရမ္းကြၽတ္ၿပီး ပါးသြားတာမ်ိဳးေတြျဖစ္ေစတာေၾကာင့္ ခဏ ခဏဆံပင္ေျဖာင့္လို႔မေကာင္း ဘူးေနာ္
ဒီေတာ့ ဓာတုေဆးမသုံး၊ ေျဖာင့္စက္မလိုဘဲ သဘာဝအတိုင္းဆံပင္ေလးေတြေျဖာင့္စင္းေအာင္ လုပ္နိုင္မယ့္ နည္းလမ္းေကာင္းေလးေတြကိုေဖာ္ျပေပးခ်င္ပါတယ္
(၁) ၾကက္ဥအကာနဲ႕ဒိန္ခ်ဥ္။ၾကက္ဥအကာတစ္လုံး၊ ဒိန္ခ်ဥ္ႏွစ္ဇြန္းတို႔ကိုေရာေမႊၿပီး ဆံပင္အရင္းကေနအဖ်ားထိလိမ္းေပးပါ
နာရီဝက္ၾကာရင္ေရေႏြးေႏြးေလးနဲ႕ျပန္ေဆးခ်ၿပီး ေခါင္းျပန္ေလွ်ာ္ေပ းလိုက္ကာ သဘာဝအတိုင္းအေျခာက္ခံ
ေပးလိုက္ပါ။ ေျခာက္သြားတဲ့အခါ ဘီးအစိပ္ေလးနဲ႕ၿဖီးေပးလိုက္႐ုံနဲ႕ သဘာဝအတိုင္းေျဖာင့္စင္းတဲ့ဆံေကသာကိုရရွိပါလိမ့္မယ္
(၂) ငွက္ေပ်ာသီးနဲ႕ပ်ားရည္။ငွက္ေပ်ာသီးမွည့္တစ္လုံး၊ ပ်ားရည္တစ္ဇြန္းတို႔ကို သမေအာင္ေမႊလိုက္ၿပီး ဆံပင္အႏွံ႕လိမ္းေပးပါ
မိနစ္ႏွစ္ဆယ္ေလာက္ထားၿပီး ေရေအးနဲ႕ပဲေခါင္းေလွ်ာ္ေပး လိုက္ပါ။ သဘာဝအတိုင္းအေျခာက္ခံၿပီး ဘီး
ေလးနဲ႕ၿဖီးေပးလိုက္ရင္ ဆံပင္ေလးေတြေျဖာင့္စင္းသြားၿပီး အစိုဓာတ္လည္းျပည့္ဝလာပါလိမ့္မယ္
(၃) အုန္းဆီနဲ႕ပ်ားရည္။အုန္းဆီႏွစ္ဇြန္းနဲ႕ ပ်ားရည္ႏွစ္ဇြန္းဆတူေရာၿပီး ဆံပင္အရင္းကေနအဖ်ားထိ႐ႊဲေနေအာင္လိမ္းေပးပါ
နာရီဝက္ေလာက္ထားၿပီး ေရေႏြးေလးနဲ႕ေခါင္းေလွ်ာ္ေပးၿပီး သဘာဝ အတိုင္းအေျခာက္ခံေပးလိုက္ပါ။ ဆံပင္
သားေလးေတြ သိသိသာသာႏူးညံ့ၿပီးေျဖာင့္စင္းသြားတာကိုေတြ႕ရပါလိမ့္မယ္
(၄) အုန္းနို႔နဲ႕လိေမၼာ္ရည္။အုန္းနို႔အနည္းငယ္ကို ခြက္ထဲထည့္ကာ လိေမၼာ္သီးတစ္လုံးကို အရည္ညွစ္ထည့္လိုက္ပါ
ရလာတဲ့ အရည္နဲ႕ဆံပင္အဖ်ား ထိ႐ႊဲေနေအာင္ေလာင္းခ်ေပးၿပီး ၁၅ မိနစ္ေလာက္ ထားကာ ေရေႏြးေလးနဲ႕
ေခါင္းေလွ်ာ္ေပးလိုက္ပါ။ ဆံပင္ေလးေတြေျဖာင့္စင္းသြားၿပီး လိေမၼာ္ရည္မွာ ပါဝင္တဲ့ဗီတာမင္ စီအစြမ္းေၾကာင့္ ဆံသားေလးေတြေခ်ာမြတ္ေတာက္ေျပာင္လာပါလိမ့္မယ္
Credit : aunty may