Local News

မြန်မာပြည်ရဲ့နွေဦးတော်လှန်ရေးအတွက် ငွေကျပ်သိန်းပေါင်း (၁၆၀၀) ကျော်လှူဒါန်းပေးခဲ့တဲ့ အမေရိက က အလှူရှင်မိသားစု

မြန်မာပြည်ရဲ့နွေဦးတော်လှန်ရေးအတွက် ငွေကျပ်သိန်းပေါင်း (၁၆၀၀) ကျော်လှူဒါန်းပေးခဲ့တဲ့ အမေရိက က အလှူရှင်မိသားစု

မြန်မာပြည်အကျပ်အတည်းကာလတွေနဲ့ရင်ဆိုင်နေရချိန်မှာ ပြည်ပရောက်မြန်မာပြည်သားတွေဟာ လည်း အမိမြေအတွက်နိုင်ရာတာဝန်ထမ်းခဲ့ကြပါတယ်။ ဒီနေ့မှာလည်း အမေရိကနိုင်ငံမှာနေထိုင်တဲ့ (ကိုဇော်မျိုး + မသူသူအောင်) မိသားစုက မြန်မာ့နွေဦးတော်လှန်ရေးအတွက် အမေရိကန်ဒေါ်လာတစ်သိန်းလှူဒါန်းပေးခဲ့ပါ တယ်

။ ဒီငွေပမာဏဟာအတော်လေးကိုများပြားပြီး မြန်မာငွေနဲ့ဆို ငွေကျပ်သိန်းပေါင်း (၁၆၀၀) ကျော်ခန့်ရှိပါတယ်။ ငွေကြေးထက်စေတနာကပိုလွန်သွားတဲ့အချိန်မှာ လှူဒါန်းတဲ့ပမာဏထက် လှူဒါန်းသူရဲ့သဒ္ဓါစိတ်ကသာ ပိုပြီးကြည်နူးစရာကောင်းလွန်းတာမျိုးပါ။

လူ့အခွင့်အရေးအပြည့်အဝရတဲ့နိုင်ငံမှာ အေးအေးချမ်းချမ်းနေလို့ရပေမယ့် အမိမြေရဲ့ အခက်အခဲကို လျစ်လျူမရှုဘဲ အခုလိုလှူဒါန်းပေးတဲ့စေတနာက ပြောမကုန်နိုင်အောင်ပါပဲ။

ဝမ်းပန်းတသာလှူဒါန်းပေး ကြတဲ့ အလှူရှင်တွေကို မြန်မာပြည်သူပြည်သားတွေက သာဓုအကြိမ်ကြိမ်ခေါ်ဆိုကြပြီး ကျေးဇူးတင်ကြောင်းတွေလည်းပြောခဲ့ပါသေးတယ်။

ဒီငွေတွေဟာ တကယ်လိုအပ်နေတဲ့နေရာတွေကို ရောက်တော့မှာဖြစ်လို့ အခက်အခဲဖြစ်သူတွေအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်စာလောက်အဆင်ပြေသွား ရင်တောင် ကျေနပ်စရာကောင်းလွန်းပါတယ်။

အလှူရှင်မိသားစုရဲ့ပြောင်မြောက်တဲ့စေတနာနဲ့လှူဒါန်းနေတဲ့ပုံရိပ်တွေကို ” ကိုဇော်မျိုး + မသူသူအောင် မိသားစုက နွေဦးတော်လှန်ရေးအတွက် ဒေါ်လာတစ်သိန်း လှူဒါန်းကြောင်း သိရှိရတဲ့အတွက် နိုင်ငံချစ်စိတ်နဲ့ အတူ မွေး‌ဖွားရာ ဇာတိမြေအပေါ် ထားရှိတဲ့ စေတနာတို့ကို မြင်မိရင်း တကယ်ကိုပဲ လေးစားဂုဏ်ယူမိ ပါတယ်ခင်ဗျာ။

အလှူရှင်မိသားစု ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေ။ အရေးတော်ပုံ အောင်ရမည်။ ” ဆိုပြီး ပီတိဖြစ်ရသူတစ်ယောက်က ဝေမျှလာခဲ့ပါတယ်။ ဘယ်ဖက်ကတစ်ဆုပ်ကြဲလို့ ညာဖက်က တစ်လှည်းဝင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်။

ប្រភព៖ ဘုန်းထက်ကြယ်’s FB Acc

Zawgyi

ျမန္မာျပည္အက်ပ္အတည္းကာလေတြနဲ႕ရင္ဆိုင္ေနရခ်ိန္မွာ ျပည္ပေရာက္ျမန္မာျပည္သားေတြဟာ လည္း အမိေျမအတြက္နိုင္ရာတာဝန္ထမ္းခဲ့ၾကပါတယ္။ ဒီေန႕မွာလည္း အေမရိကနိုင္ငံမွာေနထိုင္တဲ့ (ကိုေဇာ္မ်ိဳး + မသူသူေအာင္) မိသားစုက ျမန္မာ့ေႏြဦးေတာ္လွန္ေရးအတြက္ အေမရိကန္ေဒၚလာတစ္သိန္းလႉဒါန္းေပးခဲ့ပါ တယ္

။ ဒီေငြပမာဏဟာအေတာ္ေလးကိုမ်ားျပားၿပီး ျမန္မာေငြနဲ႕ဆို ေငြက်ပ္သိန္းေပါင္း (၁၆၀၀) ေက်ာ္ခန႔္ရွိပါတယ္။ ေငြေၾကးထက္ေစတနာကပိုလြန္သြားတဲ့အခ်ိန္မွာ လႉဒါန္းတဲ့ပမာဏထက္ လႉဒါန္းသူရဲ႕သဒၶါစိတ္ကသာ ပိုၿပီးၾကည္ႏူးစရာေကာင္းလြန္းတာမ်ိဳးပါ။

လူ႕အခြင့္အေရးအျပည့္အဝရတဲ့နိုင္ငံမွာ ေအးေအးခ်မ္းခ်မ္းေနလို႔ရေပမယ့္ အမိေျမရဲ႕ အခက္အခဲကို လ်စ္လ်ဴမရႈဘဲ အခုလိုလႉဒါန္းေပးတဲ့ေစတနာက ေျပာမကုန္နိုင္ေအာင္ပါပဲ။

ဝမ္းပန္းတသာလႉဒါန္းေပး ၾကတဲ့ အလႉရွင္ေတြကို ျမန္မာျပည္သူျပည္သားေတြက သာဓုအႀကိမ္ႀကိမ္ေခၚဆိုၾကၿပီး ေက်းဇူးတင္ေၾကာင္းေတြလည္းေျပာခဲ့ပါေသးတယ္။

ဒီေငြေတြဟာ တကယ္လိုအပ္ေနတဲ့ေနရာေတြကို ေရာက္ေတာ့မွာျဖစ္လို႔ အခက္အခဲျဖစ္သူေတြအတြက္ အုတ္တစ္ခ်ပ္သဲတစ္ပြင့္စာေလာက္အဆင္ေျပသြား ရင္ေတာင္ ေက်နပ္စရာေကာင္းလြန္းပါတယ္။

အလႉရွင္မိသားစုရဲ႕ေျပာင္ေျမာက္တဲ့ေစတနာနဲ႕လႉဒါန္းေနတဲ့ပုံရိပ္ေတြကို ” ကိုေဇာ္မ်ိဳး + မသူသူေအာင္ မိသားစုက ေႏြဦးေတာ္လွန္ေရးအတြက္ ေဒၚလာတစ္သိန္း လႉဒါန္းေၾကာင္း သိရွိရတဲ့အတြက္ နိုင္ငံခ်စ္စိတ္နဲ႕ အတူ ေမြး‌ဖြားရာ ဇာတိေျမအေပၚ ထားရွိတဲ့ ေစတနာတို႔ကို ျမင္မိရင္း တကယ္ကိုပဲ ေလးစားဂုဏ္ယူမိ ပါတယ္ခင္ဗ်ာ။

အလႉရွင္မိသားစု ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာ ခ်မ္းသာပါေစ။ အေရးေတာ္ပုံ ေအာင္ရမည္။ ” ဆိုၿပီး ပီတိျဖစ္ရသူတစ္ေယာက္က ေဝမွ်လာခဲ့ပါတယ္။ ဘယ္ဖက္ကတစ္ဆုပ္ႀကဲလို႔ ညာဖက္က တစ္လွည္းဝင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးပါတယ္။

ប្រភព៖ ဘုန္းထက္ၾကယ္’s FB Acc