ဗဟုသုတ ဘာသာရေး

(၃၁)ဘုံအနက် လူဖြစ်ရခြင်း၏ ရည်ရွယ်ချက်

၃၁)ဘုံအနက် လူ့ဘဝတွင် လူလာဖြစ်ရခြင်း၏ မူလအဓိပ္ပါယ်

၁။ဘဝအဆက်ဆက် ပြုလုပ်ခဲ့ကြသော ဒါန ၊ သီလ ၊ ဘာဝနာ(အဆုံးတိုင်မရောက်သော အသင့်အတင့်)ကုသိုလ် အရှိန် အဟုန်များလျော့ပါး ကုန်ဆုံး ပျက်ပြယ် မှေးမှိန် လာချိန်တွင် နတ်ပြည် သို့ပျော်ပွဲစား ယာယီ ထွက်သည့်ပမာ ခေတ္တ လာရောက် ပျော်မွေ့နေကြသော နတ်များသည် အစဉ်တစိုက် ဆက်လက် ပြီး ကျင့်ကြံအားထုတ်ရန် မေ့လျော့နေသောကြောင့် ပြုလုပ်မိခဲ့သောအကုသိုလ်များ ၏အကျိုးဆက် ကို ပေးဆပ်ရန် အထိ မများပြားသေးပါကလူ့ဘုံသို့ ပြန်လည် ရောက်ရှိ တဖန် မွေးဖွား လာ ရပြန်၏။

၂။ကုသိုလ် ပမာဏ သည် အကုသိုလ် ပမာဏ ထက် များပြားနေချိန်တွင်နတ်ပြည်သို့ အလည် တစ်ခေါက် အပန်းဖြေ ခရီးထက်ခဲ့ရသော်လည်းကုသိုလ် အရှိန် အဟုန်များ လျော့ပါး ကုန်ဆုံး ပျက်ြယ် မှေးမှိန် လာ
ချိန်တွင် အကုသိုလ် ကြီးမားစွာ ပြုလုပ်ခဲ့သူများသည်ထို ကံ၏ အကျိုးပေးချိန် ကျရောက်လာသောအခါ အပါယ်လေးဘုံ သို့ တိုက်ရိုက်သက်ဆင်းရ၏။(လူ့ပြည်သို့ ပြန်မရောက်၊ဝဋ်ကြွေး အကုသိုလ်များဆပ်ပြီးမှသာလျင်၊ပြန်ရောက်နိုင်၏။)

၃။အပါယ်လေးဘုံတွင် နှစ်ပေါင်းများစွာ ဝဋ်ကြွေးကြေအောင် ဆပ်ပြီးပါက လူ့ဘဝသို့ ဆင်းရဲ ပင်ပန်းချို့တဲ့သည့် ပါတ်ဝန်းကျင် ဘဝများတွင် ပြန်လည် ဝင်စား မွေးဖွားကြပြန်သည်။

၄။လူ့ဘုံ သို့ မည်သည့်နည်းဖြင့်ပြန်ရောက်ပါစေ အကုသိုလ် ကြီးများထပ်မံပြုလုပ်ပါက အပါယ်လေးဘုံသို့ ထပ်မံ သက်ဆင်းရပြန်၏။

၅။လူ့ဘုံ သို့ မည်သည့်နည်းဖြင့်ပြန်ရောက်ပါစေ အကုသိုလ် ကြီးများထပ်မံပြုလုပ်ပါက အပါယ်လေးဘုံသို့ ထပ်မံ သက်ဆင်းရပြန်၏။

၆။ဒါန ၊ သီလ ၊ ဘာဝနာ(အဆုံးတိုင်မရောက်သော အသင့်အတင့်)ကုသိုလ် များဖြည့်ဆည်း နိုင်ပါက နတ်ပြည်သို့ လည်တစ်ခေါက်ရောက်ရပြန်သည်။

၄။ထိုသို့ ဖြစ်စဉ် ကိုပင် (သံသရာ) ဟုခေါ်သည်။

၅။ထိုသံသရာကို ဆက်လက်မလည်ပါတ်စေနိုင်ရန် ရုန်းထွက်လိုပါကယခုဘဝတွင်ပင် (ဘာဝနာ)ကို ပြီးပြည့်စုံသည် အထိ ကျင့်ကြံရပေမည်။

၆။ထိုသို့ မဟုတ်ပါက လူဖြစ်လိုက် နတ်ဖြစ်လိုက် တိရစ္ဆာန်ဖြစ်လိုက်အသူရကာယ်ဖြစ်လိုက် ပြိတ္တာ ဖြစ်လိုက် ငရဲ ခံလိက်နှင့်သာ သံသရာ ကို
အလျားလိုက် ကူးခတ်နေရပေမည်။(မှတ်ချက်။အသူရကာယ်နှင့် ပြိတ္တာ တွင် အသူရကာယ် သည် ယခင်ဘဝများတွင် ကောင်းမှု့ ကုသိုလ် အနည်းငယ်ရှိသဖြင့်အစွမ်း အစ အနည်း
ငယ်ရှိသည်ဟု သိရ၏။)

၇။အပါယ်လေးဘုံ သားခြင်း အတူတူတွင် တိရစ္ဆာန်သည် ဝဋ် သက်တမ်းတိုပြီး သက်သာ၏။အချင်းချင်း သတ်ဖြတ်အစားခံရ သောကြောင့်သော်၎င်း လူများစားသုံးကြသောကြောင့်၎င်း ၊မူလ မျိုးစတ်အရသော်၎င်းသက်တမ်းတို၏။

၈။ အသူရကာယ် ပြိတ္တာ နှင့် ငရဲကြီး (၈)ထပ်တို့သည် သက်တန်းအလွန်ကြာရှည်စွာ ခံစားကြရ၏။

၉။မည်သို့ပင် ဖြစ်စေ ကာမူ လူ့ဘုံ (လမ်းဆုံ)သို့ ကုသိုလ် အကုသိုလ်အနည်းအများအပေါ် မူတည်ပြီး သက်တန်း တိုတို နှင့် သော် ၎င်းသက်တန်း အလွန် ကြာမှ သော်၎င်း ပြန်လည် တခေါက်ရောက်ရှိ ကြသည်ဟု မှတ်သားထားမိ၏။

၁၀။လုံး၀ ပြန်မရောက်နိုင်တော့သော သူ များလည်း ရှိနိုင်ပေလိမ့်မည်။(လေ့လာဆဲဖြစ်ပါသည်။)

၁၁။ပြန်ရောက်သော ခဏတာ ဘဝတွင် လူလာဖြစ်ရခြင်း၏ မူလအဓိပ္ပါယ်သည် (ဒါန သီလ ဘာဝနာ) တည်ဆောက်နိုင်ရေးဖြစ်၏။

၁၂။သို့သော် လူသည် အသက်ရှင် ရပ်တည် နိုင်ရန် စား ဝတ် နေ ရေးပြဿနာကို ရင်ဆိုင် ဖြေရှင်းရ၏။

လုပ်ကြရမည်။

၁၄။လူမပင်ပန်းဘဲ လစာကောင်း ဝင်ငွေကောင်းစေရန် အတတ်ပညာများကိုသင်ကြရသည်။

၁၅။ပညာစုံ ဝင်ငွေ သင့်လာလျင် သံသရာ ကြီး လည်ပါတ်နေရေးအတွက်သဘာဝတရားကြီးမှ လူတိုင်းအသီးသီး သို့ သတ်သွင်းပေးလိုက်သောကာမ တဏှာပိုးက အချိန်တန်လျင် ထကြွ သောင်ကျန်း အစွမ်းပြလာပြန်သည်။

၁၆။ထိုသို့ဖြင့် အိမ်ထောင်မှု့ သားမွေး ကြပြီး မိမိ၏ သားသမီးများ ၏နောင်ရေး အတွက် မိမိ၏နောင်ရေးအတွက် အလုပ်ကို ပိုမို လုပ်ကြရပြန်၏။

၁၇။ ထုသို့ ရှာဖွေ ရင်းဖြင့် ကောင်းသော အလုပ်ရော မကောင်းသောအလုပ်များကိုပါ မရှောင် လုပ်ကြရပြန် သည်။

၁၈။တရားဓမ္မ နှင့်နီးသူများသာ သမ္မာ အာဇီ၀ ခေါ်သော ကောင်းသောအသက်မွေးဝမ်းကြောင်း ကို ရွေးချယ် လုပ်ကိုင်နိုင်ကြ၏။

၁၉။ထို့ အပြင် သဘာဝက မွေးဖွားလျင် တစ်ပါတည်း ထည့်ပေးလိုက်သောကျန်းမာရေးက ပါလာပေပြီ။

၂၀။ထိုအခါ သဘာဝက မည်သူမျှ မသင်ကြားဘဲ တတ်မြောက် လာသောမွေးရာပါ (အိပ် စား ကာမ) ပညာ သုံးရပ် (နကိုယ်ဒုက္ခ)အပြင် ထို(အိပ် စား ကာမ)သုံးမျိုးကို အစဉ်တစ်စိုက် ဆောင်ရွက်နိုင်ရေးအတွက်(စား ဝတ် နေရေး)ဟူသော (လက်နက်) သုံးမျိုး၏ဒါဏ်ကို ခံရ၏။

၂၁။မကျန်းမာပါက လူတို့၏ သဘာဝအတိုင်း နာမှာ သေမှာကြောက်သဖြင့်ကုသနိုင်ရန် စားရိတ် ရှာရခြင်း စသော ထပ်ဆင့်အပိုဒုက္ခ များပါ ထပ်ပါလာပြန်သည်။

၂၂။နကိုယ် ဒုက္ခ ၊အပိုဒုက္ခ အပြင် ထပ်ဆင့်အပိုဒုက္ခများကား(ခြင်စိတ်)ဖြစ်သည်။

၂၃။(ခြင်စိတ်) ဆိုသည်ကား(သွားခြင်စိတ် လှခြင်စိတ်—)အစရှိသဖြင့်စာရွက်ပေါ် ချရေးရလျင် အဆုံးသတ်နိုင်မည် မဟုတ်ပေ။

၂၄။လူ့ဘ၀ ရောက်လာကတည်းက နကိုယ်ဒုက္ခ (၃)မျိုးကပါလာပြီးသားဖြစ်၏။

၂၅။ထို နကိုယ်ဒုက္ခ ကို ဖြေရှင်းနိုင်ရန် ရဟန်းတော်များကား မြတ်စွာဘုရား၏ အဆုံးအမ အတိုင်း ခြိုးခြံကြသည်။

၂၆။(အိပ် စား ကာမ) သုံးမျိုးအနက်

-(အိပ်)ခြင်းကို အအိပ်အနေနည်းစွာ တရားကျင့်ခြင်းဖြင့် ခြိုးခြံ၏။
-(စား)ခြင်းကို ဆွမ်းခံဘုဉ်းပေးပြီး ညစာရှောင်ခြင်းဖြင့် ခြိုးခြံ၏။
-(ကာမ)ကို သာသနာ့ဘောင်ဝင်ပြီး အဗြဟ္မာ့ စရိယာ သီလ ဖြင့် ခြိုးခြံ၏။

၂၇။(၃၁)ဘုံအနက် လူ့ဘဝတွင် လူလာဖြစ်ချိန်တွင်-
-သာမန်အသိဉာဏ် ရှိသူများသည် ကျန်းမာ ချမ်းသာပြည့်စုံ လိုကြ၏။

-သာမန် အသိဉာဏ် ထက်ပို ရှိသူများသည် ကျန်းမာ ချမ်းသာပြည့်စုံ
လိုသည့် အပြင် လူ့လောက အကျိုး သည်ပိုးလိုသော စိတ်စေတနာရှိ၏။

-အသိဉာဏ် ထူးကဲသူများကါး ကျန်းမာ ချမ်းသာပြည့်စုံ ပြီး လူ့လောကအကျိုး သည်ပိုးလိုသော စိတ်စေတနာရှိသည့်အပြင် မိမိပါ သံသရာမှလွတ်မြောက်ခြင်ကြ၏။

-အသိဉာဏ် ပါရမီ ပါသူများကါး မိမိဆင်းရဲလျင် ဆင်းရဲပါစေလူသားအားလုံးအား သံသရာမှ လွတ်မြောက်စေလို၏။
-ထိုသို့သော လူသားများကို ဘုရား ရဟန္တာ ဟုခေါ်ဆိုကြသည်။

၂၈။(၃၁)ဘုံအနက် လူ့ဘဝတွင် လူလာဖြစ်ရခြင်း၏
မူလအဓိပ္ပါယ် ကိုသိနားလည်ရန် လိုအပ်ပေသည်။

၂၉။(အိပ် စား ကာမ) ဆောင်ရွက် နိုင်ရန်အတွက် သာ(စား ဝတ် နေရေး )သုံးမျိုးဖြင့် တစ်ဘ၀ အချိန်ကုန်နေရ လျင်သင် လူဖြစ်ရကျိုးနပ်မည် မဟုတ်ပေ။

သိမှသာ လူဖြစ်ရကျိုးနပ်ပေမည်။

သိပြီး ကျင့်ကြံနိုင်မှသာ လူပီသပေတော့မည်။

သူများတွေကို မကယ်နိုင်သေးလျင်တောင်မှ
မိမိအတွက် လူ့ဘဝက အပြန် အပါယ်လေးဘုံတံခါးကိုတော့မိမိ လက်ဖြင့်ပိတ်သွားစေခြင်ပါသေးသည်။

(ဦးဖိုးနီ

Unicode

၁၇။ ထုသို့ ရှာဖွေ ရင်းဖြင့် ကောင်းသော အလုပ်ရော မကောင်းသောအလုပ်များကိုပါ မရှောင် လုပ်ကြရပြန်သည်

မူလအဓိပ္ပါယ် ကိုသိနားလည်ရန် လိုအပ်ပေသည်