ဗဟုသုတ အစားအစာ

အရမ်း စားလို့ကောင်းတဲ့ မြန်မာ့ရိုးရာ မုန့်ပျားသလက် ပြုလုပ်နည်း

“အရမ်း စားလို့ကောင်းတဲ့ မြန်မာ့ရိုးရာ မုန့်ပျားသလက် ပြုလုပ်နည်း”

မုန့် ပျား သ လက် …….

ကျမရဲ့ အမေ နဲ့ အဖေ၏ အကြိုက်ဆုံး မြန်မာမုန့်။ အခုလေးတင်ဘဲ လုပ်ပြီးတာ။ စားကြပါအုံး။ မုန့်လုပ်နည်းလည်း ရှယ်လိုက်တယ်နော်။
ပါဝင်ပစ္စည်းများ

ဆန်မှုန့် – ၅ ခွက်

တစေး (YEAST) – ၂ ဇွန်း ခွဲ (လက်ဖက်ရည်ဇွန်း)

ဆား – ၁ ဇွန်း ခွဲ (လက်ဖက်ရည်ဇွန်း)

ရေ – ၆ ခွက်

နံနံပင် – ၁ ခွက်(ပါးပါးလှီး)

ကြက်သွန်မြိတ် – ၁ ခွက်(ပါးပါးလှီး)

ပဲပြုတ် – ၂ ခွက်

ဆီ

ပြုလုပ်နည်း

၁. ဆန်မှုန့်၊ ဆား ၊ YEAST နှင့် ရေ တို့ကို နှံ့အောင်နယ်ရျ် အရည်ဖျော်ပြီး ရေခဲသေတ္တာထဲတွင် တညထားပါ ။ (မနက် စားရန် အတွက် မုန့်နှစ် ညကတဲက ဖျော်ထားမှကောင်းပါသည် ။

ညနေခင်း စားမည်ဆိုလျင်လည်း မနက် အစောပိုင်းမှ မုန့်နှစ်ကို ဖျော်ထားရပါမည် ။)

၂. မကပ်သော ဒယ်အိုး အသေးကို ဆီ အနည်းငယ် သုပ်ပြီး မီး အပူပေးပါ။ မီးဖို၏ မီးက အရေးကြီးပါသည် ။ မပူလွန်း သောမီး ၊ မီးကို အနေတော်သာထားရျ် မုန့်လုပ်ပါ ။

၃. အိုး ပူလာလျှင် မုန့်နှစ်ကို ထမင်းခပ်ဇွန်းကြီး ၁ ဇွန်းခွဲခန့်ထည့်ပါ ။

၄. မုန့်နှစ်ထဲ့ ပြီးလျှင် ပဲပြုတ် ၊ နံနံပင် နှင့် ကြက်သွန်မြိတ်ကို ဖြူး ထည့်ပါ ။ ပြီးလျင် ဒယ်အိုးကို အိုးအဖုံး အပေါ် အုပ်ပြီး ၂ မိနစ်ခန့်ထားပါ။

၅. ဒယ်အိုးကို မကြာခဏ ဆီသုတ်တံလေး နှင့် မုန့်မထည့်မည် သုတ်သုတ်ပေးပါ ။ မုန့်နှစ်မကပ်စေရန် နှင့် မုန့်ကို အိုးထဲမှ အလွယ်တကူ ဆည်ယူနိုင်ရန် အတွက် ဖြစ်ပါသည် ။

၆. မုန့်ပျားသလက်ကို နှမ်းဆားထောင်း ၊ ဆီနှင့် ဆားတို့နှင့် တွဲရျ် စားလေ့ ရှိပါသည် ။

***အင်မတန်မှ လွယ်ကူပြီး အိမ်တွင်လုပ်လျှင် ဆီသန့်သန့်နှင့် စားရပါတယ် ။ #ဟင်းချက်နည်းများသိရအောင်GroupလေးကိုJoinထားပေးပါ

Credit: WinWin KT

Zawgyi

“အရမ္း စားလို႔ေကာင္းတဲ့ ျမန္မာ့ရိုးရာ မုန႔္ပ်ားသလက္ ျပဳလုပ္နည္း”

မုန႔္ ပ်ား သ လက္ …….

က်မရဲ႕ အေမ နဲ႕ အေဖ၏ အႀကိဳက္ဆုံး ျမန္မာမုန႔္။ အခုေလးတင္ဘဲ လုပ္ၿပီးတာ။ စားၾကပါအုံး။ မုန႔္လုပ္နည္းလည္း ရွယ္လိုက္တယ္ေနာ္။
ပါဝင္ပစၥည္းမ်ား

ဆန္မႈန့္ – ၅ ခြက္

တေစး (YEAST) – ၂ ဇြန္း ခြဲ (လက္ဖက္ရည္ဇြန္း)

ဆား – ၁ ဇြန္း ခြဲ (လက္ဖက္ရည္ဇြန္း)

ေရ – ၆ ခြက္

နံနံပင္ – ၁ ခြက္(ပါးပါးလွီး)

ၾကက္သြန္ၿမိတ္ – ၁ ခြက္(ပါးပါးလွီး)

ပဲျပဳတ္ – ၂ ခြက္

ဆီ

ျပဳလုပ္နည္း

၁. ဆန္မႈန့္၊ ဆား ၊ YEAST ႏွင့္ ေရ တို႔ကို ႏွံ႕ေအာင္နယ္ရ်္ အရည္ေဖ်ာ္ၿပီး ေရခဲေသတၱာထဲတြင္ တညထားပါ ။ (မနက္ စားရန္ အတြက္ မုန႔္ႏွစ္ ညကတဲက ေဖ်ာ္ထားမွေကာင္းပါသည္ ။

ညေနခင္း စားမည္ဆိုလ်င္လည္း မနက္ အေစာပိုင္းမွ မုန႔္ႏွစ္ကို ေဖ်ာ္ထားရပါမည္ ။)

၂. မကပ္ေသာ ဒယ္အိုး အေသးကို ဆီ အနည္းငယ္ သုပ္ၿပီး မီး အပူေပးပါ။ မီးဖို၏ မီးက အေရးႀကီးပါသည္ ။ မပူလြန္း ေသာမီး ၊ မီးကို အေနေတာ္သာထားရ်္ မုန႔္လုပ္ပါ ။

၃. အိုး ပူလာလွ်င္ မုန႔္ႏွစ္ကို ထမင္းခပ္ဇြန္းႀကီး ၁ ဇြန္းခြဲခန့္ထည့္ပါ ။

၄. မုန႔္ႏွစ္ထဲ့ ၿပီးလွ်င္ ပဲျပဳတ္ ၊ နံနံပင္ ႏွင့္ ၾကက္သြန္ၿမိတ္ကို ျဖဴး ထည့္ပါ ။ ၿပီးလ်င္ ဒယ္အိုးကို အိုးအဖုံး အေပၚ အုပ္ၿပီး ၂ မိနစ္ခန့္ထားပါ။

၅. ဒယ္အိုးကို မၾကာခဏ ဆီသုတ္တံေလး ႏွင့္ မုန႔္မထည့္မည္ သုတ္သုတ္ေပးပါ ။ မုန႔္ႏွစ္မကပ္ေစရန္ ႏွင့္ မုန႔္ကို အိုးထဲမွ အလြယ္တကူ ဆည္ယူနိုင္ရန္ အတြက္ ျဖစ္ပါသည္ ။

၆. မုန႔္ပ်ားသလက္ကို ႏွမ္းဆားေထာင္း ၊ ဆီႏွင့္ ဆားတို႔ႏွင့္ တြဲရ်္ စားေလ့ ရွိပါသည္ ။

***အင္မတန္မွ လြယ္ကူၿပီး အိမ္တြင္လုပ္လွ်င္ ဆီသန႔္သန႔္ႏွင့္ စားရပါတယ္ ။ #ဟင္းခ်က္နည္းမ်ားသိရေအာင္GroupေလးကိုJoinထားေပးပါ

Credit: WinWin KT