ဗဟုသုတ အစားအစာ

အင်ဥ ချက်စားခြင်း အကျိုးနှင့် တွဲမစားသင့်သော အစားစာများ( ရာသီစာ အင်ဥနှင့် သတိပြုဖွယ်)

အင်ဥ ချက်စားခြင်း အကျိုးနှင့် တွဲမစားသင့်သော အစားစာများ( ရာသီစာ အင်ဥနှင့် သတိပြုဖွယ်)

အင်ဥ ချက်စားခြင်း အကျိုးနှင့် တွဲမစားသင့်သော အစားစာများ

အင်ဥဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ အာဟာရဓာတ်တွေ များစွာပါဝင်ပါတယ်။

ဗီတာမင် ဘီ၊ ဗီတာမင်ဒီ၊ကော့ပါး၊ ပိုတက်ဆီယမ်၊ Seleniun နဲ့ Antioxidant တို့ ကြွယ်ဝစွာပါဝင်တဲ့အပြင် အသားဓာတ်၊ အမျှင်ဓာတ်နဲ့ သံဓာတ်တွေလည်းပါဝင်ပါတယ်။

ပြီးတော့ ပရိုတိန်းဓာတ်တွေလည်းအများအပြားပါဝင်တဲ့အတွက် လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေကို ဖြည့်ဆီးပေးပါတယ်။

ပါဝင်တဲ့အမျှင်ဓာတ်တွေကြောင့် အူမကြီးလှုပ်ရှားမှုကို ကောင်းမွန်စေပြီး၊ ဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေးပါတယ်။

အင်ဥမှာ အန်တီအောက်စီးဒန့်တွေ ပါဝင်တဲ့အတွက်လည်း ဆဲလ်တွေကိုဖျက်ဆီးမယ့် ဓာတ်တွေကိုကာကွယ်ပေးပါတယ်။

အန်တီအောက်စီးဒန့်တွေဟာ ကင်ဆာရောဂါ၊ ဆီးချိုရောဂါတွေကနေ ကာကွယ်ပေးပါတယ်။

အင်ဥဟာ အချို့သော ဘက်တီးရီးယားတွေရဲ့ ကြီးထွားမှုကို လျော့ကျစေပါတယ်။ ပဋိဇီဝဆေးတွေကိုတောင် ခုခံအားမြင့်မားတဲ့ ဘက်တီးရီးယားတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုကိုတောင်ရပ်တန့်စေတယ်လို့ဆိုပါတယ်။

ဒါ့အပြင် အင်ဥက ရောင်ရမ်းမှုကို လျော့ကျစေသလိုအသည်း၊ အဆုတ်၊ ရင်သားအကျိတ်ဖွံ့ဖြိုးလာမှုကို တားဆီးပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။

အင်ဥမှာ အာဟာရဓာတ်တွေဖြစ်တဲ့ Antioxidant နဲ့ Amino Acid တို့ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ကို မြင့်တက်စေပြီး Copper ပါဝင်တာကြောင့် သံဓာတ်စုပ်ယူမှုကိုအားကောင်းစေပါတယ်။

ပြီးတော့ ကိုယ်အလေးချိန်ကိုမြင့်တက်စေတဲ့ ကိုလက်စထေရောနဲ့ ကာဗိုဟိုက်ဒရိတ်ပါဝင်မှု နည်းပါးပြီးအမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် နှလုံးရောဂါ၊ နှလုံးရောဂါဆိုင်ရာ ပြဿနာနဲ့ လေဖြတ်ခြင်းကိုကာကွယ်ပေးပါတယ်။

ယောအတွင်းဝန် ဦးဘိုးလှိုင်ရဲ့ ဥတုဘောဇနသင်္ဂဟကျမ်းမှာ မြေဥ၊ အင်ဥ၊ မှိုဥ၊ မှိုမျိုးတို့ကို သံသေဒဇ ဟူ၍လည်းကောင်း၊ ဘူမိဆန္ဒဟူ၍လည်းကောင်း၊ သီလိန္ဒက ဟူလည်းကောင်းခေါ်၏။ ထိုမှိုမျိုးတို့သည် ကျိချွဲကုန်၏။

အေးကုန်၏။ ချိုဆိမ့်၏။ကြေခဲ၏။ မစင်ကြယ်လျှင် ဝမ်းသွန်၊ ဝမ်းပျက်၊ သလိပ်နာတို့ကိုဖြစ်စေတတ်၏ ဆိုထားတာကိုတွေ့ရပါတယ်။

သို့သော်လည်း မှိုဓာတ်မတည့်သူနဲ့ အစာအဆိပ်သင့်ဖူးသူတွေအနေနဲ့တော့ အင်ဥကို ဆင်ခြင်စားသုံးသင့်ဖို့လိုပါတယ်။ အင်ဥ အချဉ်တည်ထားတဲ့အစားအစာတွေနဲ့ ကြက်ဟင်းခါးသီ၊ပဲငပိ၊ ဒူးရင်းသီး၊ ချောကလက်တို့နဲ့ တွဲဖက်မစားသုံးသင့်ပါဘူး။

ဒီလိုရာသီ မိုးဦးကျ အချိန်မှာ အင်ပင်တွေအောက် မြေကြီးကလေး ကွဲပြီး အာနေရင် အဲသည်နေရာကို ဓားချွန်လေး ဝါးစူးလေးနဲ့ ယက်ဖြဲရှာကြရပါတယ်

အင်ဥဟာ မှို အမျိုးအစာ ဖြစ်တာကြောင့် မှိုမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်ပရိုတင်း အမိုင်နိုအက်ဆစ်ဓာတ် ကယ်လ်စီယမ် မီးစုန်းဓာတ် တွေ ပါဝင်ပါတယ်

ကျန်းမာရေး အကျိုးပြု ရာသီစာ ဖြစ်သော်လည်း အင်ဥ နှင့် ဓာတ်မတည့် သည့် အစားအစာများ မတည့်သူများ ရှိနိုင်သောကြောင့် သတိပြုဆင်ခြင် စားသောက် ရန် လိုအပ်ပါတယ်

အင်ဥကို ဒညင်းသီး ပီလောပီနံ၊မျောက်ငိုသီး ကြောင်လျှာသီး ကြက်ဟင်းခါး ဂဏာန်း ဖားသား ဒူးရင်းသီး မျှစ်ချဉ် ပုဇွန်ချဉ် ငါးချဉ် ဆူးပုပ် ပဲငါးပိ တို့နဲ့တွဲဖက် မစားသင့်ပါ မူးဝေ အော့အန် တတ်ပါတယ်

သွေးတိုး ရောဂါရှိသူတွေနဲ့ နှလုံး သမားတွေ အတွက်လည်း အင်ဥကို ရှောင်သင့်ပါတယ်

အင်ဥဟာ ခါးကိုက် ခါးနားတတ်သူတွေ အစာ အဆိပ်သင့်တတ်သူတွေ အတွက်ကတော့ သတိထားသင့်တဲ့ အစားအစာပါ

အင်ဥမှာ ယူရစ်အက်ဆစ်ဓာတ်တွေ ပေါများစွာ ပါဝင်တာကြောင့် လေးဘက်နာ ရောဂါသမားတွေနဲ့ ဂေါက်ရောဂါသမားတွေ သတိထား စားသင့်ပါတယ်

Zawgyi
အင္ဥ ခ်က္စားျခင္း အက်ိဳးႏွင့္ တြဲမစားသင့္ေသာ အစားစာမ်ား

အင္ဥဟာ က်န္းမာေရးကို အေထာက္အကူျဖစ္ေစတဲ့ အာဟာရဓာတ္ေတြ မ်ားစြာပါဝင္ပါတယ္။

ဗီတာမင္ ဘီ၊ ဗီတာမင္ဒီ၊ေကာ့ပါး၊ ပိုတက္ဆီယမ္၊ Seleniun နဲ႕ Antioxidant တို႔ ႂကြယ္ဝစြာပါဝင္တဲ့အျပင္ အသားဓာတ္၊ အမွ်င္ဓာတ္နဲ႕ သံဓာတ္ေတြလည္းပါဝင္ပါတယ္။

ၿပီးေတာ့ ပရိုတိန္းဓာတ္ေတြလည္းအမ်ားအျပားပါဝင္တဲ့အတြက္ လိုအပ္တဲ့ အမိုင္နိုအက္ဆစ္ေတြကို ျဖည့္ဆီးေပးပါတယ္။

ပါဝင္တဲ့အမွ်င္ဓာတ္ေတြေၾကာင့္ အူမႀကီးလႈပ္ရွားမႈကို ေကာင္းမြန္ေစၿပီး၊ ဝမ္းခ်ဳပ္ျခင္းကေန ကာကြယ္ေပးပါတယ္။

အင္ဥမွာ အန္တီေအာက္စီးဒန႔္ေတြ ပါဝင္တဲ့အတြက္လည္း ဆဲလ္ေတြကိုဖ်က္ဆီးမယ့္ ဓာတ္ေတြကိုကာကြယ္ေပးပါတယ္။

အန္တီေအာက္စီးဒန႔္ေတြဟာ ကင္ဆာေရာဂါ၊ ဆီးခ်ိဳေရာဂါေတြကေန ကာကြယ္ေပးပါတယ္။

အင္ဥဟာ အခ်ိဳ႕ေသာ ဘက္တီးရီးယားေတြရဲ႕ ႀကီးထြားမႈကို ေလ်ာ့က်ေစပါတယ္။ ပဋိဇီဝေဆးေတြကိုေတာင္ ခုခံအားျမင့္မားတဲ့ ဘက္တီးရီးယားေတြရဲ႕ ႀကီးထြားဖြံ႕ၿဖိဳးမႈကိုေတာင္ရပ္တန႔္ေစတယ္လို႔ဆိုပါတယ္။

ဒါ့အျပင္ အင္ဥက ေရာင္ရမ္းမႈကို ေလ်ာ့က်ေစသလိုအသည္း၊ အဆုတ္၊ ရင္သားအက်ိတ္ဖြံ႕ၿဖိဳးလာမႈကို တားဆီးေပးနိုင္တဲ့ အာနိသင္ရွိပါတယ္။

အင္ဥမွာ အာဟာရဓာတ္ေတြျဖစ္တဲ့ Antioxidant နဲ႕ Amino Acid တို႔ပါဝင္တဲ့အတြက္ ခႏၶာကိုယ္ရဲ႕ခုခံအားစနစ္ကို ျမင့္တက္ေစၿပီး Copper ပါဝင္တာေၾကာင့္ သံဓာတ္စုပ္ယူမႈကိုအားေကာင္းေစပါတယ္။

ၿပီးေတာ့ ကိုယ္အေလးခ်ိန္ကိုျမင့္တက္ေစတဲ့ ကိုလက္စေထေရာနဲ႕ ကာဗိုဟိုက္ဒရိတ္ပါဝင္မႈ နည္းပါးၿပီးအမွ်င္ဓာတ္ႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ ႏွလုံးေရာဂါ၊ ႏွလုံးေရာဂါဆိုင္ရာ ျပႆနာနဲ႕ ေလျဖတ္ျခင္းကိုကာကြယ္ေပးပါတယ္။

ေယာအတြင္းဝန္ ဦးဘိုးလွိုင္ရဲ႕ ဥတုေဘာဇနသဂၤဟက်မ္းမွာ ေျမဥ၊ အင္ဥ၊ မွိုဥ၊ မွိုမ်ိဳးတို႔ကို သံေသဒဇ ဟူ၍လည္းေကာင္း၊ ဘူမိဆႏၵဟူ၍လည္းေကာင္း၊ သီလိႏၵက ဟူလည္းေကာင္းေခၚ၏။ ထိုမွိုမ်ိဳးတို႔သည္ က်ိခြၽဲကုန္၏။

ေအးကုန္၏။ ခ်ိဳဆိမ့္၏။ေၾကခဲ၏။ မစင္ၾကယ္လွ်င္ ဝမ္းသြန္၊ ဝမ္းပ်က္၊ သလိပ္နာတို႔ကိုျဖစ္ေစတတ္၏ ဆိုထားတာကိုေတြ႕ရပါတယ္။

သို႔ေသာ္လည္း မွိုဓာတ္မတည့္သူနဲ႕ အစာအဆိပ္သင့္ဖူးသူေတြအေနနဲ႕ေတာ့ အင္ဥကို ဆင္ျခင္စားသုံးသင့္ဖို႔လိုပါတယ္။ အင္ဥ အခ်ဥ္တည္ထားတဲ့အစားအစာေတြနဲ႕ ၾကက္ဟင္းခါးသီ၊ပဲငပိ၊ ဒူးရင္းသီး၊ ေခ်ာကလက္တို႔နဲ႕ တြဲဖက္မစားသုံးသင့္ပါဘူး။

ဒီလိုရာသီ မိုးဦးက် အခ်ိန္မွာ အင္ပင္ေတြေအာက္ ေျမႀကီးကေလး ကြဲၿပီး အာေနရင္ အဲသည္ေနရာကို ဓားခြၽန္ေလး ဝါးစူးေလးနဲ႕ ယက္ၿဖဲရွာၾကရပါတယ္

အင္ဥဟာ မွို အမ်ိဳးအစာ ျဖစ္တာေၾကာင့္ မွိုမွာ ပါဝင္တဲ့ အာဟာရဓာတ္ေတြ ပါဝင္ပါတယ္ပရိုတင္း အမိုင္နိုအက္ဆစ္ဓာတ္ ကယ္လ္စီယမ္ မီးစုန္းဓာတ္ ေတြ ပါဝင္ပါတယ္

က်န္းမာေရး အက်ိဳးျပဳ ရာသီစာ ျဖစ္ေသာ္လည္း အင္ဥ ႏွင့္ ဓာတ္မတည့္ သည့္ အစားအစာမ်ား မတည့္သူမ်ား ရွိနိုင္ေသာေၾကာင့္ သတိျပဳဆင္ျခင္ စားေသာက္ ရန္ လိုအပ္ပါတယ္

အင္ဥကို ဒညင္းသီး ပီေလာပီနံ၊ေမ်ာက္ငိုသီး ေၾကာင္လွ်ာသီး ၾကက္ဟင္းခါး ဂဏာန္း ဖားသား ဒူးရင္းသီး မွ်စ္ခ်ဥ္ ပုဇြန္ခ်ဥ္ ငါးခ်ဥ္ ဆူးပုပ္ ပဲငါးပိ တို႔နဲ႕တြဲဖက္ မစားသင့္ပါ မူးေဝ ေအာ့အန္ တတ္ပါတယ္

ေသြးတိုး ေရာဂါရွိသူေတြနဲ႕ ႏွလုံး သမားေတြ အတြက္လည္း အင္ဥကို ေရွာင္သင့္ပါတယ္

အင္ဥဟာ ခါးကိုက္ ခါးနားတတ္သူေတြ အစာ အဆိပ္သင့္တတ္သူေတြ အတြက္ကေတာ့ သတိထားသင့္တဲ့ အစားအစာပါ

အင္ဥမွာ ယူရစ္အက္ဆစ္ဓာတ္ေတြ ေပါမ်ားစြာ ပါဝင္တာေၾကာင့္ ေလးဘက္နာ ေရာဂါသမားေတြနဲ႕ ေဂါက္ေရာဂါသမားေတြ သတိထား စားသင့္ပါတယ္

Crd