လက်ဖက်ခြောက်ခပ်ထားတဲ့ရေနွေးကြမ်းသောက်ပေးခြင်းဖြင့်ရရှိနိုင်တဲ့ကျန်းမာရေးကောင်းကျိုး(၅)မျိုး
လက်ဖက်ခြောက်ခပ်ထားတဲ့လက်ဖက်ခြောက်ခပ်ထားတဲ့ ရေနွေးကြမ်းတခွက်ဟာကျန်းမာရေးအတွက်
သင်မထင်ထားတဲ့ ကောင်းကျိုးတွေ များစွာရှိနေပါတယ်။
အခုဖော်ပြပေးမှာကတော့ ရေနွေးကြမ်းပုံမှန်သောက်သုံးပေးခြင်းရဲ့ ရရှိနိုင်မယ့်
ကျန်းမာရေး ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) လေဖြတ်ရောဂါကို ကာကွယ်ပေးနိုင်တယ်
တနေ့ကို ရေနွေးကြမ်း လေးခွက်ခန့်သောက်သုံးပေးခြင်းဟာ လုံးဝမသောက်သုံးခြင်းထက် လေဖြတ်ရောဂါကို
သိသိသာသာကာကွယ်ပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။
နေ့စဉ် ရေနွေးကြမ်းသောက်သုံးပေးခြင်းဟာ ဦးနှောက်အတွင်းသွေးခဲကာ
လေဖြတ်နိုင်ခြေကို ၃၀ ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။
(၂) နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်
ရေနွေးကြမ်းကို နေ့စဉ်သောက်သုံးပေးခြင်းဟာ Heart Attack ဖြစ်ခြင်းအပါအဝင်
နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၃) အရိုးကျန်းမာရေးကို ကောင်းမွန်စေတယ်
နွားနို့သောက်သုံးခြင်းလိုပဲ ရေနွေးကြမ်းပုံမှန်သောက်သုံးပေးခြင်းဟာ အရိုးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
ရေနွေးကြမ်းမှာပါဝင်တဲ့ ကယ်လ်စီယမ်၊ ဗီတာမင်အေနဲ့ ဗီတာမင်ကေ ဓာတ်တွေဟာ
အသက်အရွယ်ကြောင့် ဖြစ်တတ်တဲ့ အရိုးကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
(၄) သွားကျန်းမာရေးကို အထောက်အကူဖြစ်စေတယ်
ဂျပန်သုတေသနလေ့လာသူတွေရဲ့အဆိုအအရလက်ဖက်ရည်ကြမ်း သောက်သုံးပေးခြင်းဟာ
သွားတွေကို ခိုင်ခံ့စေပြီး ခံတွင်းအနံ့ဆိုးခြင်းကို သက်သာစေနိုင်တယ်လို့ သိရပါတယ်။
ရေနွေးကြမ်းသောက်သုံးပေးခြင်းဟာ ခံတွင်းထဲက pH Level ကိုမျှတစေတာကြောင့် ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေတာဖြစ်ပါတယ်။
(၅) အစာခြေစနစ်ကို ကောင်းမွန်စေတယ်
ထမင်းစားပြီးတိုင်း ရေနွေးကြမ်းတခွက်သောက်သုံးပေးခြင်းဟာ အစာခြေစနစ်ကို ကောင်းမွန်စေတာကြောင့်
အစာမကြေဖြစ်ခြင်းကို သက်သာစေနိုင်တဲ့အပြင် အစာအိမ်နဲ့ပက်သက်တဲ့ ကျန်းမာရေးပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
Zawgyi
လက္ဖက္ေျခာက္ခပ္ထားတဲ့လက္ဖက္ေျခာက္ခပ္ထားတဲ့ ေရႏြေးၾကမ္းတခြက္ဟာက်န္းမာေရးအတြက္
သင္မထင္ထားတဲ့ ေကာင္းက်ိဳးေတြ မ်ားစြာရွိေနပါတယ္။
အခုေဖာ္ျပေပးမွာကေတာ့ ေရႏြေးၾကမ္းပုံမွန္ေသာက္သုံးေပးျခင္းရဲ႕ ရရွိနိုင္မယ့္
က်န္းမာေရး ေကာင္းက်ိဳးေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) ေလျဖတ္ေရာဂါကို ကာကြယ္ေပးနိုင္တယ္
တေန႕ကို ေရႏြေးၾကမ္း ေလးခြက္ခန႔္ေသာက္သုံးေပးျခင္းဟာ လုံးဝမေသာက္သုံးျခင္းထက္ ေလျဖတ္ေရာဂါကို
သိသိသာသာကာကြယ္ေပးနိုင္တယ္လို႔ ေလ့လာမႈေတြအရ သိရပါတယ္။
ေန႕စဥ္ ေရႏြေးၾကမ္းေသာက္သုံးေပးျခင္းဟာ ဦးႏွောက္အတြင္းေသြးခဲကာ
ေလျဖတ္နိုင္ေျခကို ၃၀ ရာခိုင္ႏႈန္းခန႔္ ေလွ်ာ့ခ်ေပးနိုင္တယ္လို႔ သိရပါတယ္။
(၂) ႏွလုံးက်န္းမာေရးကို ေကာင္းမြန္ေစတယ္
ေရႏြေးၾကမ္းကို ေန႕စဥ္ေသာက္သုံးေပးျခင္းဟာ Heart Attack ျဖစ္ျခင္းအပါအဝင္
ႏွလုံးေသြးေၾကာဆိုင္ရာ က်န္းမာေရးျပႆနာေတြကို ကာကြယ္ေပးနိုင္ပါတယ္။
(၃) အရိုးက်န္းမာေရးကို ေကာင္းမြန္ေစတယ္
ႏြားနို႔ေသာက္သုံးျခင္းလိုပဲ ေရႏြေးၾကမ္းပုံမွန္ေသာက္သုံးေပးျခင္းဟာ အရိုးက်န္းမာေရးကို ေကာင္းမြန္ေစပါတယ္။
ေရႏြေးၾကမ္းမွာပါဝင္တဲ့ ကယ္လ္စီယမ္၊ ဗီတာမင္ေအနဲ႕ ဗီတာမင္ေက ဓာတ္ေတြဟာ
အသက္အ႐ြယ္ေၾကာင့္ ျဖစ္တတ္တဲ့ အရိုးက်န္းမာေရးျပႆနာေတြကို ကာကြယ္ေပးနိုင္ပါတယ္။
(၄) သြားက်န္းမာေရးကို အေထာက္အကူျဖစ္ေစတယ္
ဂ်ပန္သုေတသနေလ့လာသူေတြရဲ႕အဆိုအအရလက္ဖက္ရည္ၾကမ္း ေသာက္သုံးေပးျခင္းဟာ
သြားေတြကို ခိုင္ခံ့ေစၿပီး ခံတြင္းအနံ႕ဆိုးျခင္းကို သက္သာေစနိုင္တယ္လို႔ သိရပါတယ္။
ေရႏြေးၾကမ္းေသာက္သုံးေပးျခင္းဟာ ခံတြင္းထဲက pH Level ကိုမွ်တေစတာေၾကာင့္ ခံတြင္းက်န္းမာေရးကို ေကာင္းမြန္ေစတာျဖစ္ပါတယ္။
(၅) အစာေျခစနစ္ကို ေကာင္းမြန္ေစတယ္
ထမင္းစားၿပီးတိုင္း ေရႏြေးၾကမ္းတခြက္ေသာက္သုံးေပးျခင္းဟာ အစာေျခစနစ္ကို ေကာင္းမြန္ေစတာေၾကာင့္
အစာမေၾကျဖစ္ျခင္းကို သက္သာေစနိုင္တဲ့အျပင္ အစာအိမ္နဲ႕ပက္သက္တဲ့ က်န္းမာေရးျပႆနာေတြကို ကာကြယ္ေပးနိုင္ပါတယ္။
Crd