ေတာင္အာဖရိက႐ြာတစ္႐ြာအနီး စိန္သိုက္ႀကီးေတြ႕လို႔ လူေသာင္းနဲ႔ခ်ီ တူးေဖာ္ေနၾက
ေတာင္အာဖရိကႏိုင္ငံ၊ KwaZulu-Natal စီရင္စုနယ္ေျမအတြင္းရွိ KwaHlathi အမည္ရ ႐ြာေလးအနီးမွာ ဧရာမစိန္သိုက္ႀကီး ေတြ႕တယ္ဆိုၿပီး နာမည္အလြန္ႀကီးေနပါတယ္။ ႏြားေက်ာင္းသားတစ္ေယာက္က စိန္ပြင့္လို႔ယူဆရတဲ့ ေက်ာက္ျမက္အ႐ိုင္းတုံးေလးေတြ စတင္ေတြ႕ရွိခဲ့ရာကေန အဲဒီေျမလြတ္ကြင္းျပင္ႀကီးဆီ လူေတြ ေသာင္းနဲ႔ခ်ီ ေရာက္လာခဲ့တာပါ။
လက္ရွိအခ်ိန္ထိေတာ့ သူတို႔ရွာေတြ႕တဲ့ ေက်ာက္႐ိုင္းတုံးေလးေတြကို စိန္ရယ္လို႔ တိတိက်က် စစ္ေဆးတာမ်ိဳးေတာ့ မၾကားရေသးပါဘူး။ ဒါေပမယ့္ အားေကာင္းေမာင္းသန္ အမ်ိဳးသားေတြကေတာ့ အဲဒီကြင္းျပင္အတြင္း စြမ္းအားရွိသမွ် အကုန္သုံးၿပီး၊ ေပါက္ျပားေတြ၊ တူ႐ြင္းေတြ၊ ေပါက္ခြၽန္းေတြနဲ႔ တူးဖြကာ ရတနာ ရွာေနၾကပါတယ္။
စိန္ပြင့္လို႔ယူဆရတဲ့ ေက်ာက္ျမက္အ႐ိုင္း လက္တစ္စုပ္စာ ရရွိထားတဲ့ Mendo Sabelo အမည္ရ အရပ္သားကေတာ့ ” ဒါက ကြၽန္ေတာ္တို႔ဘဝေတြကို ေျပာင္းလဲေပးမွာေလ …”လို႔ အားတက္သေရာ ေျပာပါတယ္။ သူက ” ကြၽန္ေတာ္တို႔တစ္ေတြဟာ ပုံမွန္အလုပ္အကိုင္ မရွိၾကပါဘူး … ကြၽန္ေတာ္ဆို ႀကဳံရာလုပ္ရတယ္-
” ကြၽန္ေတာ္ ဒီရတနာေတြနဲ႔ အိမ္ျပန္ႏိုင္ခဲ့ေတာ့ မိသားစုေတြမွာ ေပ်ာ္လို႔ေမာ္လို႔ေပါ့ … “လို႔ ေျပာပါတယ္။ သူဟာ ကေလးႏွစ္ေယာက္ဖခင္ အသက္(၂၇)န်စ္အ႐ြယ္ျဖစ္ၿပီး၊ အခုအခ်ိန္ရရွိတဲ့အခြင့္အေရးက သူတို႔ဘဝေတြကို အမွန္တကယ္ သူေဌးဘဝေရာက္ေစႏိုင္မယ္လို႔ အတိအက် ယုံၾကည္ေနရွာပါတယ္။ ဒီနယ္ေျမမွာ နာရီအနည္းငယ္ေလာက္နဲ႔ တခ်ိဳ႕ဆို ေက်ာက္႐ိုင္း လက္တစ္ခုပ္စာ ရၾကေလ့ရွိတယ္လို႔ သိရပါတယ္။
KwaHlathi ႐ြာေလးဟာ Ladysmith ၿမိဳ႕ျပင္ပမွာ တည္ရွိၿပီး၊ ေတာင္ယာစိုက္စားလို႔ရတဲ့ လယ္ေျမကလည္း အနည္းအက်ဥ္းသာရွိတာေၾကာင့္ ႐ြာသားေတြဟာ ႐ြာနီးခ်ဳပ္စပ္႐ြာေတြမွာ ေန႔စားအလုပ္ၾကမ္းေတြ လုပ္ၾကရပါတယ္။ စိန္ထြက္တယ္ဆိုတဲ့ သတင္းေၾကာင့္ ဘဝတူေတြဟာ ဒီေနရာကို ေရွ႕ဆင့္ေနာက္ဆင့္ ေရာက္လာၾကၿပီး၊ အိပ္မက္ေတြ တူးေဖာ္ၾကပါတယ္။
နယ္ေျမခံ ေက်ာက္ျမက္ရတနာတူးေဖာ္ေရးနဲ႔ သတၱဳတြင္းဝန္ႀကီးဌာနခြဲကလည္း သူတို႔တစ္ေတြ ရရွိထားတဲ့အရာေတြဟာ တကယ္စိန္ေတြ ဟုတ္မဟုတ္ဆိုတာ အတည္ျပဳႏိုင္ဖို႔အတြက္ ကြၽမ္းက်င္ပညာရွင္ေတြကို ၿပီးခဲ့တဲ့ ဇြန္လ(၁၅)ရက္ တနလၤာေန႔ကတည္းက ေစလႊတ္ထားတယ္လို႔ ေျပာပါတယ္။ အလုပ္လက္မဲ့တစ္ဦးျဖစ္တဲ့ Skhumbuzo Mbhele ကေတာ့-
” က်ဳပ္တစ္သက္ေတာ့ စိန္ရယ္လို႔ တစ္ခါမွ မျမင္ဖူးခဲ့ဘူး … ဒါက ပထမဆုံး အႀကိမ္ေပါ့ … “လို႔ ေျပာပါတယ္။ သူလည္း ေက်ာက္႐ိုင္း အပြင့္(၂၀)ေလာက္ ရထားတယ္လို႔ ဆိုပါတယ္။ အမ်ိဳးသမီးေတြ ကေလးေတြကလည္း အလုပ္ကို ႏိုင္သေလာက္ ကူညီေနၾကပါတယ္။ ၾကားသိရသေလာက္ေတာ့ ဒီအ႐ိုင္းတုံးေတြကို တခ်ိဳ႕က (၁၀၀)ရန္ဒ္ကေန (၃၀၀)ရန္ဒ္ေလာက္နဲ႔ ေရာင္းေနတယ္လို႔ သိရပါတယ္။
(၁၀၀)ရန္ဒ္ဟာ စကၤာပူ(၁၀)ေဒၚလာခန႔္နဲ႔ ညီမွ်ပါတယ္။ ဒီကေန႔မနက္ပိုင္းမွာေတာ့ သတၱဳတြင္းဝန္ႀကီးဌာနက လက္လုပ္လက္စား တူးေဖာ္သူေတြကို ဆက္ၿပီးမတူးဖို႔ တားျမစ္အမိန႔္ ထုတ္ျပန္ခဲ့ၿပီး၊ အေၾကာင္းျပခ်က္အေနနဲ႔ကေတာ့ အာဏာပိုင္ေတြဘက္က စစ္ေဆးစရာရွိေတြရွိတယ္လို႔ ဆိုထားသလို၊ အျခားတစ္ဖက္မွာလည္း ကိုဗစ္ကို ထိန္းခ်ဳပ္ဖို႔ဆိုၿပီး အေၾကာင္းျပထားပါတယ္။
လင္းသုတ
Unicode
တောင်အာဖရိကရွာတစ်ရွာအနီး စိန်သိုက်ကြီးတွေ့လို့ လူသောင်းနဲ့ချီ တူးဖော်နေကြ
တောင်အာဖရိကနိုင်ငံ၊ KwaZulu-Natal စီရင်စုနယ်မြေအတွင်းရှိ KwaHlathi အမည်ရ ရွာလေးအနီးမှာ ဧရာမစိန်သိုက်ကြီး တွေ့တယ်ဆိုပြီး နာမည်အလွန်ကြီးနေပါတယ်။ နွားကျောင်းသားတစ်ယောက်က စိန်ပွင့်လို့ယူဆရတဲ့ ကျောက်မြက်အရိုင်းတုံးလေးတွေ စတင်တွေ့ရှိခဲ့ရာကနေ အဲဒီမြေလွတ်ကွင်းပြင်ကြီးဆီ လူတွေ သောင်းနဲ့ချီ ရောက်လာခဲ့တာပါ။
လက်ရှိအချိန်ထိတော့ သူတို့ရှာတွေ့တဲ့ ကျောက်ရိုင်းတုံးလေးတွေကို စိန်ရယ်လို့ တိတိကျကျ စစ်ဆေးတာမျိုးတော့ မကြားရသေးပါဘူး။ ဒါပေမယ့် အားကောင်းမောင်းသန် အမျိုးသားတွေကတော့ အဲဒီကွင်းပြင်အတွင်း စွမ်းအားရှိသမျှ အကုန်သုံးပြီး၊ ပေါက်ပြားတွေ၊ တူရွင်းတွေ၊ ပေါက်ချွန်းတွေနဲ့ တူးဖွကာ ရတနာ ရှာနေကြပါတယ်။
စိန်ပွင့်လို့ယူဆရတဲ့ ကျောက်မြက်အရိုင်း လက်တစ်စုပ်စာ ရရှိထားတဲ့ Mendo Sabelo အမည်ရ အရပ်သားကတော့ ” ဒါက ကျွန်တော်တို့ဘဝတွေကို ပြောင်းလဲပေးမှာလေ …”လို့ အားတက်သရော ပြောပါတယ်။ သူက ” ကျွန်တော်တို့တစ်တွေဟာ ပုံမှန်အလုပ်အကိုင် မရှိကြပါဘူး … ကျွန်တော်ဆို ကြုံရာလုပ်ရတယ်-
” ကျွန်တော် ဒီရတနာတွေနဲ့ အိမ်ပြန်နိုင်ခဲ့တော့ မိသားစုတွေမှာ ပျော်လို့မော်လို့ပေါ့ … “လို့ ပြောပါတယ်။ သူဟာ ကလေးနှစ်ယောက်ဖခင် အသက်(၂၇)နျစ်အရွယ်ဖြစ်ပြီး၊ အခုအချိန်ရရှိတဲ့အခွင့်အရေးက သူတို့ဘဝတွေကို အမှန်တကယ် သူဌေးဘဝရောက်စေနိုင်မယ်လို့ အတိအကျ ယုံကြည်နေရှာပါတယ်။ ဒီနယ်မြေမှာ နာရီအနည်းငယ်လောက်နဲ့ တချို့ဆို ကျောက်ရိုင်း လက်တစ်ခုပ်စာ ရကြလေ့ရှိတယ်လို့ သိရပါတယ်။
KwaHlathi ရွာလေးဟာ Ladysmith မြို့ပြင်ပမှာ တည်ရှိပြီး၊ တောင်ယာစိုက်စားလို့ရတဲ့ လယ်မြေကလည်း အနည်းအကျဉ်းသာရှိတာကြောင့် ရွာသားတွေဟာ ရွာနီးချုပ်စပ်ရွာတွေမှာ နေ့စားအလုပ်ကြမ်းတွေ လုပ်ကြရပါတယ်။ စိန်ထွက်တယ်ဆိုတဲ့ သတင်းကြောင့် ဘဝတူတွေဟာ ဒီနေရာကို ရှေ့ဆင့်နောက်ဆင့် ရောက်လာကြပြီး၊ အိပ်မက်တွေ တူးဖော်ကြပါတယ်။
နယ်မြေခံ ကျောက်မြက်ရတနာတူးဖော်ရေးနဲ့ သတ္တုတွင်းဝန်ကြီးဌာနခွဲကလည်း သူတို့တစ်တွေ ရရှိထားတဲ့အရာတွေဟာ တကယ်စိန်တွေ ဟုတ်မဟုတ်ဆိုတာ အတည်ပြုနိုင်ဖို့အတွက် ကျွမ်းကျင်ပညာရှင်တွေကို ပြီးခဲ့တဲ့ ဇွန်လ(၁၅)ရက် တနင်္လာနေ့ကတည်းက စေလွှတ်ထားတယ်လို့ ပြောပါတယ်။ အလုပ်လက်မဲ့တစ်ဦးဖြစ်တဲ့ Skhumbuzo Mbhele ကတော့-
” ကျုပ်တစ်သက်တော့ စိန်ရယ်လို့ တစ်ခါမှ မမြင်ဖူးခဲ့ဘူး … ဒါက ပထမဆုံး အကြိမ်ပေါ့ … “လို့ ပြောပါတယ်။ သူလည်း ကျောက်ရိုင်း အပွင့်(၂၀)လောက် ရထားတယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေ ကလေးတွေကလည်း အလုပ်ကို နိုင်သလောက် ကူညီနေကြပါတယ်။ ကြားသိရသလောက်တော့ ဒီအရိုင်းတုံးတွေကို တချို့က (၁၀၀)ရန်ဒ်ကနေ (၃၀၀)ရန်ဒ်လောက်နဲ့ ရောင်းနေတယ်လို့ သိရပါတယ်။
(၁၀၀)ရန်ဒ်ဟာ စင်္ကာပူ(၁၀)ဒေါ်လာခန့်နဲ့ ညီမျှပါတယ်။ ဒီကနေ့မနက်ပိုင်းမှာတော့ သတ္တုတွင်းဝန်ကြီးဌာနက လက်လုပ်လက်စား တူးဖော်သူတွေကို ဆက်ပြီးမတူးဖို့ တားမြစ်အမိန့် ထုတ်ပြန်ခဲ့ပြီး၊ အကြောင်းပြချက်အနေနဲ့ကတော့ အာဏာပိုင်တွေဘက်က စစ်ဆေးစရာရှိတွေရှိတယ်လို့ ဆိုထားသလို၊ အခြားတစ်ဖက်မှာလည်း ကိုဗစ်ကို ထိန်းချုပ်ဖို့ဆိုပြီး အကြောင်းပြထားပါတယ်။
Crd