Cele News

လွတ်မြောက်နယ်မြေမှာတောခိုရင်းငှက်ဖျားမိကာ သေဆုံးခဲ့သည်ဟူသော အဆိုတော်ရေမွန်ရဲ့အဖြစ်အမှန်ကို နိုဗန်ထူးဖြေရှင်း

လွတ်မြောက်နယ်မြေမှာတောခိုရင်းငှက်ဖျားမိကာ သေဆုံးခဲ့ရတဲ့ အဆိုတော်ရေမွန်ရဲ့အဖြစ်အမှန်ကို နိုဗန်ထူးဖြေရှင်း

ယနေ့ဇွန်လ(၂၃)ရက်နေ့ကတော့ အနုပညာရှင်အသိုင်းအဝိုင်းနဲ့ အနုပညာချစ်ပရိသတ်တွေအတွက် အလွန်အံ့အားသင့်ပြီး ဝမ်းနည်းကြေကွဲရတဲ့ နေ့တစ်နေ့ပဲဖြစ်ပါတယ်။ အကြောင်းကတော့ ပရိသတ်ရင်ထဲရောက်စေခဲ့တဲ့ သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့တဲ့ အဆိုတော်ရေမွန်တစ်ယောက် ရုတ်တရက်ဆုံးပါးသွားခဲ့တာဖြစ်ပြီး ပရိသတ်တွေက ယူကျုံးမရဖြစ်ကာ ဝမ်းနည်းနေခဲ့တာပဲဖြစ်ပါတယ်။ အဆိုတော်ရေမွန်ဟာ အစာအိမ် သွေးကြော ပေါက်ကာ ဆုံးပါးသွားကြောင်းကို သူငယ်ချင်းဖြစ်သူ နိုဗန်ထူးက ​အခုလို ပြန်လည်ရှင်းပြထားပါတယ်။

“နဂိုကတည်းက ကိုတွတ်ကအစားအသောက် မမှန်ခဲ့မိတာ … အိပ် သိပ်မပျော် / နေမကောင်းတာ … လေးတွေ ရှိခဲ့တယ် …

အရင်နေ့တွေကလည်း အကိုက်အခဲပျောက်ဆေးနည်းနည်းပါးပါးသောက်နေခဲ့ရသေးတယ် ။

ဒါပေမယ့် ခုတလော နေပြန်ကောင်းနေ / အိပ်လို့လည်း ကောင်းကောင်းရတယ် ဆိုတော့ အေးဆေးပဲ ထင်နေခဲ့မိတာ ။

မနေ့ကတင် ဟော့ပေါ့ စားနေရင်း သတိရကြောင်း ကျွန်တော့်ကိုတောင် လှမ်း ပြောခဲ့သေးတယ် …

ညက တခြား သူငယ်ချင်းတွေနဲ့သောက်ရင်း စားရင်း အခန့်မသင့်လို့ အစာအိမ် သွေးကြော ပေါက်သွားတယ် …

( ဆရာဝန်က အဲ့လို သုံးသပ်ပြသွားတာပဲ )

ဆရာဝန် ပြပြီးတော့ ကုသမှု ယူခဲ့သေးပေမယ့် မမီလိုက်တော့ပဲ ခုလို ဖြစ်သွားရတာပါ ။

လူတွေ ပြောနေသလို ငှက်ဖျား ကြောင့် ဆုံးပါးသွားရတာ မဟုတ်သလို … စစ်ခွေးတွေ ဖွနေသလို မူးရူးပြီး အချင်းချင်း ရန်ဖြစ်ရင်း အသက်ဆုံးရတာလည်း မဟုတ်ပါဘူး ။

ကောလဟာလ တွေကို အလွယ် မယုံကြဖို့နဲ့ … ကိုယ် သေချာ မသိပဲ ဖွချင်တိုင်း ဖွနေသူတွေအနေနဲ့ ဆုံးပါးသွားသူ တစ်ယောက်ကို သိက္ခာ လိုက်ချနေတာမျိုးကို ရပ်တန်းက ရပ်ဖို့ … ပြောချင်ပါတယ် ။”ဆိုပြီး နိုဗန်ထူးရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

Credit