ဗဟုသုတ

ထူးခြားတဲ့ မော်ကျွန်းမြို့ မော်လမြိုင်ကျွန်းမြို့ နွားသတ်ခွင့်မရှိတဲ့မြို့အကြောင်း

ထူးခြားတဲ့ မော်ကျွန်းမြို့ မော်လမြိုင်ကျွန်းမြို့ နွားသတ်ခွင့်မရှိတဲ့မြို့

ထူးခြားတဲ့ မော်ကျွန်းမြို့ မော်လမြိုင်ကျွန်းမြို့ နွားသတ်ခွင့်မရှိတဲ့မြို့

အမဲလိုင်စင်ကို မြို့နေလူတွေက ငွေစုပြီး နှစ်တိုင်း လေလံနိုင်အောင်ဆွဲပြီး ဘယ်သူ့ကိုမှ သတ်ခွင့်မပေးပဲ သိမ်းထားတာ နှစ်ပေါင်းမနည်းတော့ဘူး။ အခုနောက်ပိုင်းတော့ အမဲပေါ်လို့ သတင်းပေးရင် သတင်းပေးတဲ့သူကို ဆုငွေပါပေးတယ်တဲ့။

နှစ်ပတ်လည် အာရုံဆွမ်းလောင်းတဲ့မြို့ မြို့မှာရှိတဲ့ တောစျေးတန်း (ဟင်းသီးဟင်းရွက်တန်း) ဟင်းချက်စရာတွေရောင်းတဲ့ စျေးတန်း ၃ခု ၄ခုလောက်မှာမှ မြို့လယ်မှာရှိတဲ့ တောစျေးတန်းမှာ အလှူခံမဏ္ဍက နှစ်ပတ်လည်ရှိပါတယ်။

သူ့ရက်နဲ့သူ အလှူခံရတဲ့ငွေကို နောက်အပတ် အဲ့ဒီရက်မှာ အာရုံဆွမ်းချက်လောင်းပါတယ်။ အလှူခံမဏ္ဍက တနေရာထဲ။ ဆွမ်းချက်တဲ့နေရာကလည်း တခုထဲပါပဲ။ ဒါပေမဲ့ အဖွဲ့ ရဖွဲ့။

မနက် ၄နာရီလောက်ဆို မြို့ပေါ်ကျောင်းပေါင်း ၄ဝကျော်က သံဃာတွေက မြို့ပတ်ပြီး ဆွမ်းတန်းကြီးတွေက ဟိုဖက်ကလာလိုက် ဒီဖက်ကလာလိုက်နဲ့ ထွက်လာကြတာ တကယ့်ကို ပီတိဖြစ်စရာပါ။

ဆွမ်းတန်း ၂တန်းမျက်နှာခြင်းဆိုင်လည်း သူ့လမ်းကြောင်းနဲ့သူ ဖြတ်နေကြတာပဲလေ။ အဲ့ဒါက မော်ကျွန်းမြို့လေးကို ကပ်ဆိုးတွေမကျရောက်စေတဲ့ အကြောင်းရင်းထင်တာပဲနော်။

မြို့ကွက်လှတဲ့မြို့

အင်္ဂလိပ်ခေတ်က စနစ်တကျမြို့တည်ခဲ့တယ်လို့ ပြောကြတာပဲလေ။ ဝလမ်းကနေ ၁၅လမ်းထိ အရှေ့နဲ့အနောက် A B C D လမ်း တောင်နဲ့မြောက်တန်းနေတဲ့မြို့ပေါ့။ အခုတော့ မြို့ချဲ့လာတာ မြို့ထိပ်တခု တခုရောက်ဖို့ မနည်းသွားနေရတယ်။

“အဝေးရောက်နေသူတွေ သီတင်းကျွတ်တိုင်းလွမ်းရတဲ့မြို့”

သီတင်းကျွတ်လပြည့်နေ့ ကျော် (1)ရက်တိုင်း တာဝတိံသာဘုရားဆင်းပွဲ ရှိတယ်။ အခု သီတင်းကျွတ်ဆို 88ကြိမ်မြောက်ပေါ့။ မော်ကျွန်းသူ မော်ကျွန်းသားတိုင်း ဘုရားဆင်းပွဲ ကိုပြန်ချင်ကြတယ်လေ။

ဘယ်လောက်စည် ကားသလဲဆို မီးတောင်တွေလည်း ဖောက်ပြတယ်။ မြတ်စွာဘုရားရဲ့ လက်ဝဲရံ ရှင်မဟာမောက္ကလန် မဟာထေရ်က မီးတောင်ထဲကနေ လေထဲမှာ စျန်ပျံသွားပြီး မြတ်စွာဘုရားကို နတ်ပြည်ကနေ ပြန်သွားပင့်ပုံကို Steelကြိုး ရစ်လုံးအကူနဲ့ပေါ့။ စျာန်ပျံပြတာလေ။

ပြီး နတ်ပြည်အထပ်ထပ် တထပ်တိုင်းမှာ အသီအဆို အကတွေနဲ့ နတ်သား နတ်သမီးတွေနဲ့ ခြံရံပြီး လူ့ပြည်ကို ပြန်ဆင်းလာပါတယ်။ နောက်ရက် တမြို့လှည့် အပူဇော်ခံပါတယ်။ တာဝတိန်သာမြတ်စွာဘုရားက တရုပ်ကပြားဗုဒ္ဓဘာသာအသင်းကြီးက တည်ထားကိုးကွယ်ခဲ့တဲ့ဘုရားကြီးပါ။

မော်ကျွန်းအပိုင်ရွာသူကြီး 108ဦးပိုင် နှင့် အနီးအနားမြို့များမှ အကုန်လာကြသည်။ မြို့ထဲမှာ ညနေ၆နာရီ ကျော်လာတာနဲ့ လမ်းတွေမှာလူတွေအပြည့် ရာဇူဒိုင်မြစ် နဲ့ တုံးလှဲချောင်း ထဲလှေသင်္ဘော ဆိုက်စရာမကျန်အောင်ပြည့်နေတာ လမ်းတွေ မှာ လမ်း လျှောက်စရာမလိုပဲလူအုပ်ထဲညပ်ပြီးရွေ့နေတာပါ။

သီတင်းကျွတ်မှာ ရေပက်ကစားတဲ့မြို့

တာဝတိံသာကနေ မြတ်စွာဘုရားပြန်ဆင်းတဲ့နေ့မှာပဲ ကရင်ရွာလေးဖြစ်တဲ့ မရမ်းချောင်ရွာလေးမှာ မြစ်ထဲလှေတွေလှော်ရင်း ရေပက်ပွဲကလည်း အလွန်ပျော်စရာကောင်းပါတယ်။ ရိုးသားတဲ့ရွာကလှေတွေ နဲ့ speed boat တွေရောထွေးနေတာပါ။ ရိုးသားတဲ့ ရွာဓလေ့ ရွာသား သူတွေပါ။

မြို့နဲ့မမျှအောင် ဘုရားအကြီးကြီးတွေရှိတဲ့မြို့

၁။တာဝတိန်သာမြတ်စွာဘုရား

၂။ကြေးဆင်းတုဘုရား

၃။ ခြင်္သေ ၂ကောင်ဘုရား

၄။ ၃လမ်းဘုရား

၅။ မြို့ဦးစေတီ

ပရဟိတ ပေါင်းစုံရှိတဲ့မြို့

1. အခမဲ့ အောက်စီဂျင်

2. အခမဲ့ သွေးလှူအဖွဲ့

3. အခမဲ့ ဆေးခန်း

4. အခမဲ့ လူနာတင်ယာဉ်

5. နာရေးကူညီ

6. ဇိဝိတ သားသတ်လိုင် စင် အလှူ

7. အခမဲ့ စာသင်ကျောင်း

8. ကိုယ်ထူကိုယ်ထ မီးသတ်အဖွဲ့

9.သက်ကြီးစောင့်ရှောက် ဘိုးဘွားရိပ်သာ (နောင်ရေးစိတ်အေးရအောင် မော်ကျွန်းမြို့မှာ ပြန်နေကြပါ)

အင်မတန်လှပတဲ့ ရေပတ်လည် မြစ်ကြီးများဝိုင်းရံထားတဲ့ ဧရာဝတီတိုင်းက ချစ်စဖွယ်မြို့ငယ်လေး။ ဖော်ရွှေပြီး တမြို့လုံက အမျိုးတွေလိုနေကြတဲ့မြို့လေးပါ။ ကျွန်တော်တို့ငယ်ငယ်ကပြောတာ။ အခုမဟုတ်တော့ဘူး။

လမ်းညွန်

ရန်ကုန်ကနေ နေခြင်းပြန်လည်ပတ်လို့ကောင်းတဲ့အကွာအဝေးပါ။ လှိုင်သာယာကနေ ၃နာရီမောင်းရမည် လမ်းကောင်းသည်။

သီတင်းကျွတ် လပြည့်နေ့ အကြောင်း

၂၀၁၇ ခုနှစ် အောက်တိုဘာလ (၅) ရက်နေ့ဟာ သီတင်းကျွတ်လပြည့် (အဘိဓမ္မာ အခါတော်နေ့) ဖြစ်ပါတယ်။ လမင်းကြီးဟာ နေ နဲ့ ဆန့်ကျင်ဘက် (ကမ္ဘာတဘက်ခြမ်း) မှာ နေအလင်းရောင် ကျရောက်မှုကြောင့် အပြည့်အဝ လင်းလက်လို့ နေမှာဖြစ်ပါတယ်။

သီတင်းကျွတ်လကို ပုဂံခေတ်ကျောက်စာများမှာ “သန္တူလ (အသံထွက်- သန်တူလ)” လို့ ရေးသားကြပါတယ်။ “သန်” ဆိုသည်မှာ “ကောက်ပင်” ဟု အဓိပ္ပါယ်ရပြီး.. “တူ” ဆိုသည်မှာ “ထောင်မတ်သည်၊ ပေါက်ပွားသည်” လို့ အဓိပ္ပါယ်ရပါတယ်။

ကောက်ပင်များ ထောင်မတ်ပေါက်ပွားသောကာလ လို့ အဓိပ္ပါယ်ဖွင့်ဆို နိုင်ပါတယ်။ အင်းဝခေတ် စာပေများတွင် “သီတင်းကျွတ်” လို့ စတင် သုံးစွဲခဲကြပြီး “သီတင်း” ဆိုသည်မှာ “နေထိုင်ခြင်း” လို့ အဓိပ္ပါယ်ရပါတယ်။

ဝါတွင်း ၃ လ ကာလပါတ်လုံး သီတင်းသုံး နေထိုင်ခြင်းမှ ကျွတ်လွတ်သော အချိန်အခါ ဖြစ်ပါတယ်။ ရာသီပန်းမှာ ကြာဖြူပန်း ( Nymphaea Lotus ) ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်များအတွက်ကတော့.. မြတ်စွာဘုရားရှင်ဟာ ဝါတွင်း (၃) လ လုံး တာဝတိံသာ နတ်ပြည်မှာ မယ်တော် သန္တုဿိ နတ်သားအပါအဝင် နတ်၊ ဗြဟ္မာတို့အား အဘိဓမ္မာတရား ဟောကြားပြီး လူ့ပြည်သို့ ပြန်လည် ဆင်းသက်သော အချိန်အခါ ဖြစ်သောကြောင့် “အဘိဓမ္မာ အခါတော်နေ့” လို့ သတ်မှတ်ခေါ်ဆိုကြပြီး မြတ်စွာဘုရားအား ပန်း၊ ဆီမီး၊ ရေချမ်းတို့ဖြင့် ကပ်လှူပူဇော်ကြတဲ့ ဓလေ့ ထုံးစံ ရှိပါတယ်။

အမေရိကန် ရိုးရာမှာတော့ ဒီလမင်းကြီးကို မုဆိုးလမင်း “Full Hunter’s Moon” လို့ ခေါ်ကြပါတယ်။ ဆောင်းဦးရွက်ကြွေချိန်ဖြစ်လို့ ကြွေလွင့်လာသော သစ်ရွက်များနှင့်အတူ သားကောင်ရရှိနိုင်သော (တနည်း) အမဲလိုက်ရန်ကောင်းသော အချိန် ဖြစ်ခို့ပါပဲ။

Full Traveller Moon (ခရီးသွားလ)၊ Blood Moon (ငွေးရောင်လွှမ်းသောလ) လို့လည်း ခေါ်ကြပါတယ်။ သီတင်းကျွတ်လပြည့်နေ့ ညမှာ လမင်းရှိနေမယ့် ကြယ်တာရာကတော့ Cetus လို့ခေါ်တဲ့ ရေ နဂါး ကြယ်တာရာပဲ ဖြစ်ပါတော့တယ်..။

ခရက်ဒစ် စိတ်မဆိုး တိုင်းရင်းဆေး Sein Same

Zawgyi

ထူးျခားတဲ့ ေမာ္ကၽြန္းၿမိဳ႕ ေမာ္လၿမိဳင္ကၽြန္းၿမိဳ႕ ႏြားသတ္ခြင့္မရွိတဲ့ၿမိဳ႕

အမဲလိုင္စင္ကို ၿမိဳ႕ေနလူေတြက ေငြစုၿပီး ႏွစ္တိုင္း ေလလံနိုင္ေအာင္ဆြဲၿပီး ဘယ္သူ႔ကိုမွ သတ္ခြင့္မေပးပဲ သိမ္းထားတာ ႏွစ္ေပါင္းမနည္းေတာ့ဘူး။ အခုေနာက္ပိုင္းေတာ့ အမဲေပၚလို႔ သတင္းေပးရင္ သတင္းေပးတဲ့သူကို ဆုေငြပါေပးတယ္တဲ့။

ႏွစ္ပတ္လည္ အာ႐ုံဆြမ္းေလာင္းတဲ့ၿမိဳ႕ ၿမိဳ႕မွာရွိတဲ့ ေတာေစ်းတန္း (ဟင္းသီးဟင္းရြက္တန္း) ဟင္းခ်က္စရာေတြေရာင္းတဲ့ ေစ်းတန္း ၃ခု ၄ခုေလာက္မွာမွ ၿမိဳ႕လယ္မွာရွိတဲ့ ေတာေစ်းတန္းမွာ အလႉခံမ႑က ႏွစ္ပတ္လည္ရွိပါတယ္။

သူ႔ရက္နဲ႔သူ အလႉခံရတဲ့ေငြကို ေနာက္အပတ္ အဲ့ဒီရက္မွာ အာ႐ုံဆြမ္းခ်က္ေလာင္းပါတယ္။ အလႉခံမ႑က တေနရာထဲ။ ဆြမ္းခ်က္တဲ့ေနရာကလည္း တခုထဲပါပဲ။ ဒါေပမဲ့ အဖြဲ႕ ရဖြဲ႕။

မနက္ ၄နာရီေလာက္ဆို ၿမိဳ႕ေပၚေက်ာင္းေပါင္း ၄ဝေက်ာ္က သံဃာေတြက ၿမိဳ႕ပတ္ၿပီး ဆြမ္းတန္းႀကီးေတြက ဟိုဖက္ကလာလိုက္ ဒီဖက္ကလာလိုက္နဲ႔ ထြက္လာၾကတာ တကယ့္ကို ပီတိျဖစ္စရာပါ။

ဆြမ္းတန္း ၂တန္းမ်က္ႏွာျခင္းဆိုင္လည္း သူ႔လမ္းေၾကာင္းနဲ႔သူ ျဖတ္ေနၾကတာပဲေလ။ အဲ့ဒါက ေမာ္ကၽြန္းၿမိဳ႕ေလးကို ကပ္ဆိုးေတြမက်ေရာက္ေစတဲ့ အေၾကာင္းရင္းထင္တာပဲေနာ္။

ၿမိဳ႕ကြက္လွတဲ့ၿမိဳ႕

အဂၤလိပ္ေခတ္က စနစ္တက်ၿမိဳ႕တည္ခဲ့တယ္လို႔ ေျပာၾကတာပဲေလ။ ဝလမ္းကေန ၁၅လမ္းထိ အေရွ႕နဲ႔အေနာက္ A B C D လမ္း ေတာင္နဲ႔ေျမာက္တန္းေနတဲ့ၿမိဳ႕ေပါ့။ အခုေတာ့ ၿမိဳ႕ခ်ဲ႕လာတာ ၿမိဳ႕ထိပ္တခု တခုေရာက္ဖို႔ မနည္းသြားေနရတယ္။

“အေဝးေရာက္ေနသူေတြ သီတင္းကၽြတ္တိုင္းလြမ္းရတဲ့ၿမိဳ႕”

သီတင္းကၽြတ္လျပည့္ေန႔ ေက်ာ္ (1)ရက္တိုင္း တာဝတႎသာဘုရားဆင္းပြဲ ရွိတယ္။ အခု သီတင္းကၽြတ္ဆို 88ႀကိမ္ေျမာက္ေပါ့။ ေမာ္ကၽြန္းသူ ေမာ္ကၽြန္းသားတိုင္း ဘုရားဆင္းပြဲ ကိုျပန္ခ်င္ၾကတယ္ေလ။

ဘယ္ေလာက္စည္ ကားသလဲဆို မီးေတာင္ေတြလည္း ေဖာက္ျပတယ္။ ျမတ္စြာဘုရားရဲ့ လက္ဝဲရံ ရွင္မဟာေမာကၠလန္ မဟာေထရ္က မီးေတာင္ထဲကေန ေလထဲမွာ စ်န္ပ်ံသြားၿပီး ျမတ္စြာဘုရားကို နတ္ျပည္ကေန ျပန္သြားပင့္ပုံကို Steelႀကိဳး ရစ္လုံးအကူနဲ႔ေပါ့။ စ်ာန္ပ်ံျပတာေလ။

ၿပီး နတ္ျပည္အထပ္ထပ္ တထပ္တိုင္းမွာ အသီအဆို အကေတြနဲ႔ နတ္သား နတ္သမီးေတြနဲ႔ ၿခံရံၿပီး လူ႔ျပည္ကို ျပန္ဆင္းလာပါတယ္။ ေနာက္ရက္ တၿမိဳ႕လွည့္ အပူေဇာ္ခံပါတယ္။ တာဝတိန္သာျမတ္စြာဘုရားက တ႐ုပ္ကျပားဗုဒၶဘာသာအသင္းႀကီးက တည္ထားကိုးကြယ္ခဲ့တဲ့ဘုရားႀကီးပါ။

ေမာ္ကၽြန္းအပိုင္ရြာသူႀကီး 108ဦးပိုင္ ႏွင့္ အနီးအနားၿမိဳ႕မ်ားမွ အကုန္လာၾကသည္။ ၿမိဳ႕ထဲမွာ ညေန၆နာရီ ေက်ာ္လာတာနဲ႔ လမ္းေတြမွာလူေတြအျပည့္ ရာဇူဒိုင္ျမစ္ နဲ႔ တုံးလွဲေခ်ာင္း ထဲေလွသေဘၤာ ဆိုက္စရာမက်န္ေအာင္ျပည့္ေနတာ လမ္းေတြ မွာ လမ္း ေလၽွာက္စရာမလိုပဲလူအုပ္ထဲညပ္ၿပီးေရြ႕ေနတာပါ။

သီတင္းကၽြတ္မွာ ေရပက္ကစားတဲ့ၿမိဳ႕

တာဝတႎသာကေန ျမတ္စြာဘုရားျပန္ဆင္းတဲ့ေန႔မွာပဲ ကရင္ရြာေလးျဖစ္တဲ့ မရမ္းေခ်ာင္ရြာေလးမွာ ျမစ္ထဲေလွေတြေလွာ္ရင္း ေရပက္ပြဲကလည္း အလြန္ေပ်ာ္စရာေကာင္းပါတယ္။ ရိုးသားတဲ့ရြာကေလွေတြ နဲ႔ speed boat ေတြေရာေထြးေနတာပါ။ ရိုးသားတဲ့ ရြာဓေလ့ ရြာသား သူေတြပါ။

ၿမိဳ႕နဲ႔မမၽွေအာင္ ဘုရားအႀကီးႀကီးေတြရွိတဲ့ၿမိဳ႕

၁။တာဝတိန္သာျမတ္စြာဘုရား

၂။ေၾကးဆင္းတုဘုရား

၃။ ျခေသၤ ၂ေကာင္ဘုရား

၄။ ၃လမ္းဘုရား

၅။ ၿမိဳ႕ဦးေစတီ

ပရဟိတ ေပါင္းစုံရွိတဲ့ၿမိဳ႕

1. အခမဲ့ ေအာက္စီဂ်င္

2. အခမဲ့ ေသြးလႉအဖြဲ႕

3. အခမဲ့ ေဆးခန္း

4. အခမဲ့ လူနာတင္ယာဥ္

5. နာေရးကူညီ

6. ဇိဝိတ သားသတ္လိုင္ စင္ အလႉ

7. အခမဲ့ စာသင္ေက်ာင္း

8. ကိုယ္ထူကိုယ္ထ မီးသတ္အဖြဲ႕

9.သက္ႀကီးေစာင့္ေရွာက္ ဘိုးဘြားရိပ္သာ (ေနာင္ေရးစိတ္ေအးရေအာင္ ေမာ္ကၽြန္းၿမိဳ႕မွာ ျပန္ေနၾကပါ)

အင္မတန္လွပတဲ့ ေရပတ္လည္ ျမစ္ႀကီးမ်ားဝိုင္းရံထားတဲ့ ဧရာဝတီတိုင္းက ခ်စ္စဖြယ္ၿမိဳ႕ငယ္ေလး။ ေဖာ္ေရႊၿပီး တၿမိဳ႕လုံက အမ်ိဳးေတြလိုေနၾကတဲ့ၿမိဳ႕ေလးပါ။ ကၽြန္ေတာ္တို႔ငယ္ငယ္ကေျပာတာ။ အခုမဟုတ္ေတာ့ဘူး။

လမ္းညြန္

ရန္ကုန္ကေန ေနျခင္းျပန္လည္ပတ္လို႔ေကာင္းတဲ့အကြာအေဝးပါ။ လွိုင္သာယာကေန ၃နာရီေမာင္းရမည္ လမ္းေကာင္းသည္။

သီတင္းကၽြတ္ လျပည့္ေန႔ အေၾကာင္း

၂၀၁၇ ခုႏွစ္ ေအာက္တိုဘာလ (၅) ရက္ေန႔ဟာ သီတင္းကၽြတ္လျပည့္ (အဘိဓမၼာ အခါေတာ္ေန႔) ျဖစ္ပါတယ္။ လမင္းႀကီးဟာ ေန နဲ႔ ဆန႔္က်င္ဘက္ (ကမၻာတဘက္ျခမ္း) မွာ ေနအလင္းေရာင္ က်ေရာက္မႈေၾကာင့္ အျပည့္အဝ လင္းလက္လို႔ ေနမွာျဖစ္ပါတယ္။

သီတင္းကၽြတ္လကို ပုဂံေခတ္ေက်ာက္စာမ်ားမွာ “သႏၲဴလ (အသံထြက္- သန္တူလ)” လို႔ ေရးသားၾကပါတယ္။ “သန္” ဆိုသည္မွာ “ေကာက္ပင္” ဟု အဓိပၸါယ္ရၿပီး.. “တူ” ဆိုသည္မွာ “ေထာင္မတ္သည္၊ ေပါက္ပြားသည္” လို႔ အဓိပၸါယ္ရပါတယ္။

ေကာက္ပင္မ်ား ေထာင္မတ္ေပါက္ပြားေသာကာလ လို႔ အဓိပၸါယ္ဖြင့္ဆို နိုင္ပါတယ္။ အင္းဝေခတ္ စာေပမ်ားတြင္ “သီတင္းကၽြတ္” လို႔ စတင္ သုံးစြဲခဲၾကၿပီး “သီတင္း” ဆိုသည္မွာ “ေနထိုင္ျခင္း” လို႔ အဓိပၸါယ္ရပါတယ္။

ဝါတြင္း ၃ လ ကာလပါတ္လုံး သီတင္းသုံး ေနထိုင္ျခင္းမွ ကၽြတ္လြတ္ေသာ အခ်ိန္အခါ ျဖစ္ပါတယ္။ ရာသီပန္းမွာ ၾကာျဖဴပန္း ( Nymphaea Lotus ) ျဖစ္ပါတယ္။

ဗုဒၶဘာသာဝင္မ်ားအတြက္ကေတာ့.. ျမတ္စြာဘုရားရွင္ဟာ ဝါတြင္း (၃) လ လုံး တာဝတႎသာ နတ္ျပည္မွာ မယ္ေတာ္ သႏၲဳႆိ နတ္သားအပါအဝင္ နတ္၊ ျဗဟၼာတို႔အား အဘိဓမၼာတရား ေဟာၾကားၿပီး လူ႔ျပည္သို႔ ျပန္လည္ ဆင္းသက္ေသာ အခ်ိန္အခါ ျဖစ္ေသာေၾကာင့္ “အဘိဓမၼာ အခါေတာ္ေန႔” လို႔ သတ္မွတ္ေခၚဆိုၾကၿပီး ျမတ္စြာဘုရားအား ပန္း၊ ဆီမီး၊ ေရခ်မ္းတို႔ျဖင့္ ကပ္လႉပူေဇာ္ၾကတဲ့ ဓေလ့ ထုံးစံ ရွိပါတယ္။

အေမရိကန္ ရိုးရာမွာေတာ့ ဒီလမင္းႀကီးကို မုဆိုးလမင္း “Full Hunter’s Moon” လို႔ ေခၚၾကပါတယ္။ ေဆာင္းဦးရြက္ေႂကြခ်ိန္ျဖစ္လို႔ ေႂကြလြင့္လာေသာ သစ္ရြက္မ်ားႏွင့္အတူ သားေကာင္ရရွိနိုင္ေသာ (တနည္း) အမဲလိုက္ရန္ေကာင္းေသာ အခ်ိန္ ျဖစ္ခို႔ပါပဲ။

Full Traveller Moon (ခရီးသြားလ)၊ Blood Moon (ေငြးေရာင္လႊမ္းေသာလ) လို႔လည္း ေခၚၾကပါတယ္။ သီတင္းကၽြတ္လျပည့္ေန႔ ညမွာ လမင္းရွိေနမယ့္ ၾကယ္တာရာကေတာ့ Cetus လို႔ေခၚတဲ့ ေရ နဂါး ၾကယ္တာရာပဲ ျဖစ္ပါေတာ့တယ္..။

ခရက္ဒစ္ စိတ္မဆိုး တိုင္းရင္းေဆး Sein Same