Cele News ဗဟုသုတ

သူငယ်ချင်းဖြစ်သူ ရေမွန်အတွက် သင်ဇာ၀င့်ကျော်ရဲ့ ရင်ဖွင့်စကား

သူငယ်ချင်းဖြစ်သူ ရေမွန် ကွယ်လွန်တာ အခုအချိန်အထိ မယုံနိုင်သေးဘူးဆိုတဲ့ သင်ဇာဝင့်ကျော်

သူငယ်ချင်းဖြစ်သူ ရေမွန် ကွယ်လွန်တာ အခုအချိန်အထိမယုံနိုင်သေးဘူးလို့ သင်ဇာဝင့်ကျော်က ဒီကနေ့မှာသူ့ရဲ့လူမူကွန်ယက်ဖေ့ဘွတ်စ်မှာရေးသားခဲ့ပါတယ်။

“အခုချိန်ထိမယုံနိုင်သေးဘူးသူငယ်ချင်းရယ် … နင့်ဆီကဝယ်ထားတဲ့သီချင်း နှစ်ပုဒ်ကိုတောင်ငါမဆိုရသေးဘူးလေ… photo လေးတွေပြန်ရှာရင်းငါတို့သောင်းကျန်းခဲ့ကြတဲ့ အချိန်လေးတွေကိုတောင်ပြန်သွားချင်မိပါတယ် …

နင်နဲ့ပတ်သက်ခဲ့တဲ့အမှတ်တရလေးတွေကို ဒီ မှာလာသိမ်းရင်း ငါ့ရဲ့စိတ်ထားအရမ်းကောင်းပြီးအရည်အချင်းရှိတဲ့သူငယ်ချင်းလေး ရောက်လေရာဘဝတိုင်းမှာ ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ပြီး နင့်ရဲ့ အနုပညာအရည်အသွေးတွေကို အပြည့်အဝ ချပြနိုင်တဲ့ သူဖြစ်ပါစေလို့ ငါဆုတောင်းပေးပါတယ် …

နောက်ဘဝဆိုတာရှိခဲ့ရင်လဲ ခုလိုနင့်ရဲ့သူငယ်ချင်းဖြစ်ချင်ပါတယ် … နင်မရှိတော့ပေမဲ့လဲ နင့်နာမည်နဲ့နင့်သီချင်းတွေကို ငါအမြဲတမ်းအမှတ်ရနေမှာပါ …

ငါ့သူငယ်ချင်းလေးကစိတ်ထားကောင်းလို့ ကောင်းရာမွန်ရာရောက်မယ်ဆိုတာ ငါယုံတယ် . ကောင်းကောင်းအနားယူပါတော့ .”ဟု သင်ဇာဝင့်ကျော်ကရေးသားထားပါတယ်။

Source&Photo-Thin Zar Wint Kyaw Fb Acc

Zawgyi






