Cele News

သူငယ်ချင်းရေမွန်အတွက်ရည်စူးပြီး ကောင်းမှုကုသိုလ်တွေကိုယ်တိုင်သွား‌ရောက်ပြုလုပ်ခဲ့တဲ့ သင်ဇာ၀င့်ကျော်

သူငယ်ချင်းရေမွန်အတွက်ရည်စူးပြီး ကောင်းမှုကုသိုလ်တွေကိုယ်တိုင်သွား‌ရောက်ပြုလုပ်ခဲ့တဲ့ သင်ဇာ၀င့်ကျော်

ယမန်နေ့ဇွန်လ (၂၃)ရက်နေ့က မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲ အဆိုတော်တစ်ယောက်ဖြစ်တဲ့ Idiotsအဖွဲ့၀င် ရေမွန်ဟာ ဘ၀တပါးကူးပြောင်းသွားခဲ့ပြီဖြစ်ပါတယ်။ ရေမွန်ဆုံးပါးသွားတဲ့သတင်းကြောင့် အနုပညာအသိုင်းအဝိုင်းကသူတွေသာမက တစ်နိုင်ငံလုံးကပရိသတ်တွေအတော်များများယူကြုံးမရ ၀မ်းနည်းခဲ့ကြရပြီး ရေမွန့်အမှတ်တရတွေနဲ့အတူ RaymondTreeဆိုတဲ့ campaignလေးပြုလုပ်ကာ သစ်ပင်လေးတွေစိုက်ကြတာလည်းတွေ့ရပါတယ်…..။

ရေမွန့်ရဲ့ မိတ်ဆွေတွေနဲ့ ဆွေမျိုးမိဘတွေကလည်း ရေမွန့်ကိုရည်စူးကာကောင်းမှုကုသိုလ်တွေပြုလုပ်ပေးခဲ့ကြပြီး ပရိသတ်တွေကလည်းစုပေါင်းအလှူလေးတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ရေမွန့်ရဲ့သူငယ်ချင်းမိတ်ဆွေဖြစ်တဲ့ သင်ဇာ၀င့်ကျော်ကလည်း ဒီကနေ့လေးမှာကောင်းမှုကုသိုလ်လေးတွေသွားရောက်ပြုလုပ်ခဲ့တာကိုတွေ့ရပါတယ်။ သင်ဇာ၀င့်ကျော်နဲ့ရေမွန်တို့က အရမ်းခင်မင်ရင်းနှီးကြတဲ့သူငယ်ချင်းတွေဖြစ်ကြပြီး ရေမွန့်ဆီက၀ယ်ထားတဲ့သီချင်းလေးတွေတောင် မဆိုဖြစ်ရသေးဘူးလို့သိရပါတယ်။

မကြာသေးမီကသင်ဇာက သူမရဲ့ Facebookစာမျက်နှာမှာ “ဒီနေ့အောင်ဇမ္ဗူကျောင်းမှာ သူငယ်ချင်းတွတ်ပီအတွက်ရည်စူးပြီးနေ့ဆွမ်းအလှူ ရေစက်ချဆရာတော်ငါးပါးအတွက် သင်္ကန်းနှင့်နဝကမ္မ အလှူလေးပြုလုပ်ခဲ့ပါတယ် ။

ဤကုသိုလ်ကောင်းမှုအစုစုတို့ကို သူငယ်ချင်းလေး တွတ်ပီ ရောက်ရာအရပ်ကသာဓုခေါ်နိုင်ပါစေ ….” ဆိုပြီးရေးသားကာ ပုံလေးတွေမျှဝေလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Credit

သရုပ်ဆောင်လောကမှာ ဆယ်စုနှစ်ကျော်တိုင် ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး သင်ဇာဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကို ဝါသနာအရင်းခံကာ ကြိုးစားလုပ်ကိုင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သူမကို တစ်နေ့ထက် တစ်နေ့ ချစ်မဝ ဖြစ်နေကြတာပါ ။

သင်ဇာက ဘာသာရေးလည်း အလွန်ကိုင်းရှိုင်းသူ တစ်ယောက်ဖြစ်ပြီး မကြာခဏ ဆိုသလိုလည်း အလှူအတန်းတွေကို တတ်နိုင်တဲ့ ဘက်ကနေ လှူဒါန်းပေးလေ့ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီနေ့လေးမှာတော့ သင်ဇာက သူမရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ကွယ်လွန်သူ ရေမွန်အတွက် ရည်စူးပြီး ကုသိုလ်ကောင်းမှုများစွာပြုလုပ်ခဲ့ပါတယ် ။ 

သံဃာတော်များကို ဆွမ်း ဆက်ကပ်ခဲ့တဲ့ အပြင် ရေစက်ချဆရာတော် ငါးပါးအတွက် သင်္ကန်းနှင့်နဝကမ္မ အလှူလေးကိုပြုလုပ်ခဲ့ကြောင်းကို ” ဒီနေ့အောင်ဇမ္ဗူကျောင်းမှာ သူငယ်ချင်းတွတ်ပီအတွက်ရည်စူးပြီး

နေ့ဆွမ်းအလှူ  ရေစက်ချဆရာတော်ငါးပါးအတွက် သင်္ကန်းနှင့်နဝကမ္မ အလှူလေးပြုလုပ်ခဲ့ပါတယ် ဤကုသိုလ်ကောင်းမှုအစုစုတို့ကို သူငယ်ချင်းလေး တွတ်ပီ ရောက်ရာအရပ်ကသာဓုခေါ်နိုင်ပါစေ ” ဆိုတဲ့စာလေးနဲ့ အတူ အလှူပုံလေးတွေနဲ့တကွ ဖော်ပြထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Photo – ThinZar Wint Kyaw