International News နိုင်ငံရေး

မြန်မာ့နွေဦးတော်လှန်ရေး အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုထုတ်လုပ်ထားတဲ့ ဂျပန်နိုင်ငံသားဘီယာ

မြန်မာ့နွေဦးတော်လှန်ရေး အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုထုတ်လုပ်ထားတဲ့ ဂျပန်နိုင်ငံသားဘီယာပညာရှင်ရဲ့ နွေဦးတော်လှန်ရေးဘီယာ

ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက အစပြုခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ ဒီကနေ့ဆိုရင် (၅)လ တိတိပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်

မြန်မာလူငယ်တွေရဲ့ ရဲရင့်ပြတ်သားမှု ဇွဲသတ္တိတွေနဲ့ သွေးမအေး အားမလျော့မှုတွေဟာ ကမ္ဘာ့နိုင်ငံအသီးသီးကို လေးစားအံ့ဩစေခဲ့သလို အမေရိကန်၊ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတွေကတော့ အင်တိုက်အားတိုက်နဲ့ကို တတ်နိုင်တဲ့ဘက်ကနေ ဖေးမကူညီခဲ့တာ ဖြစ်ပါတယ်

​ဂျပန်နိုင်ငံရဲ့ ဘီယာပညာရှင်တစ်ဦးကလည်း မြန်မာ့နွေဦးတော်လှန်ရေး အထိမ်းအမှတ်အဖြစ် ဂျပန်မှာ နွေဦးတော်လှန်ရေးဘီယာ (Craft ဘီယာ) ကို ဂုဏ်ပြုထုတ်လုပ်ခဲ့ပါတယ်

Craft ဘီယာဆိုတာဟာ ဘီယာအနုပညာတစ်မျိုးဖြစ်ပြီး ဘီယာချက်သူ စိတ်ကြိုက် ဖန်တီး ထုတ်လုပ်ကာ အရသာကတော့ ချက်တဲ့သူရဲ့ စိတ်ခံစားချက်ပေါ်မူတည်ပြီး ကွာခြားပါတယ်

စီးပွါးဖြစ်ထုတ်လုပ်တာမျိုး မဟုတ်ဘဲ ကိုယ့်ဆိုင်တစ်ဆိုင်ထဲမှာပဲ ရနိုင်တဲ့ ဘီယာမျိုးဖြစ်ကာ ရာသီဥတုအပေါ်မူတည်ပြီး ပြောင်းလဲထုတ်ဝေလေ့ရှိသလို ရာသီပေါ် သီးနှံတွေနဲ့လည်း ဘီယာရောစပ်ဖောက်လုပ်ကြတယ်လို့ သိရပါတယ်

မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့စဉ်က ဒေသခံတွေနဲ့အတူ ဘီယာသောက်ခဲ့ကြပြီး မြန်မာတို့ရဲ့ နွေးထွေးမှုတွေကို ခံစားခဲ့ရသလို လက်ရှိအခြေအနေတွေမှာ ပြည်သူတွေအတွက် ဘာလုပ်ပေးနိုင်လဲဆိုတာကို စဉ်းစားပြီးနောက် ဘီယာကို ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ ဖန်တီးသူ ဘီယာပညာရှင်က ပြောပြထားပါသေးတယ်

အခုလို မြန်မာ့နွေဦးကို ဂုဏ်ပြုထုတ်ဝေပေးတဲ့အတွက် ကျေးဇူးတင်ဖို့ ကောင်းတာကြောင့် ပြန်လည်အသိအမှတ်ပြု

crd

Zawgyi
ျမန္မာ့ႏြေဦးေတာ္လွန္ေရး အထိမ္းအမွတ္အျဖစ္ ဂုဏ္ျပဳထုတ္လုပ္ထားတဲ့ ဂ်ပန္နိုင္ငံသားဘီယာပညာရွင္ရဲ႕ ႏြေဦးေတာ္လွန္ေရးဘီယာ

ေဖေဖာ္ဝါရီလ(၁)ရက္ေန႕ကတည္းက အစျပဳခဲ့တဲ့ ႏြေဦးေတာ္လွန္ေရးဟာ ဒီကေန႕ဆိုရင္ (၅)လ တိတိျပည့္သြားခဲ့ၿပီ ျဖစ္ပါတယ္

ျမန္မာလူငယ္ေတြရဲ႕ ရဲရင့္ျပတ္သားမႈ ဇြဲသတၱိေတြနဲ႕ ေသြးမေအး အားမေလ်ာ့မႈေတြဟာ ကမၻာ့နိုင္ငံအသီးသီးကို ေလးစားအံ့ဩေစခဲ့သလို အေမရိကန္၊ ဂ်ပန္နဲ႕ ကိုရီးယားနိုင္ငံေတြကေတာ့ အင္တိုက္အားတိုက္နဲ႕ကို တတ္နိုင္တဲ့ဘက္ကေန ေဖးမကူညီခဲ့တာ ျဖစ္ပါတယ္

ဂ်ပန္နိုင္ငံရဲ႕ ဘီယာပညာရွင္တစ္ဦးကလည္း ျမန္မာ့ႏြေဦးေတာ္လွန္ေရး အထိမ္းအမွတ္အျဖစ္ ဂ်ပန္မွာ ႏြေဦးေတာ္လွန္ေရးဘီယာ (Craft ဘီယာ) ကို ဂုဏ္ျပဳထုတ္လုပ္ခဲ့ပါတယ္

Craft ဘီယာဆိုတာဟာ ဘီယာအႏုပညာတစ္မ်ိဳးျဖစ္ၿပီး ဘီယာခ်က္သူ စိတ္ႀကိဳက္ ဖန္တီး ထုတ္လုပ္ကာ အရသာကေတာ့ ခ်က္တဲ့သူရဲ႕ စိတ္ခံစားခ်က္ေပၚမူတည္ၿပီး ကြာျခားပါတယ္

စီးပြါးျဖစ္ထုတ္လုပ္တာမ်ိဳး မဟုတ္ဘဲ ကိုယ့္ဆိုင္တစ္ဆိုင္ထဲမွာပဲ ရနိုင္တဲ့ ဘီယာမ်ိဳးျဖစ္ကာ ရာသီဥတုအေပၚမူတည္ၿပီး ေျပာင္းလဲထုတ္ေဝေလ့ရွိသလို ရာသီေပၚ သီးႏွံေတြနဲ႕လည္း ဘီယာေရာစပ္ေဖာက္လုပ္ၾကတယ္လို႔ သိရပါတယ္

ျမန္မာနိုင္ငံကို လာေရာက္လည္ပတ္ခဲ့စဥ္က ေဒသခံေတြနဲ႕အတူ ဘီယာေသာက္ခဲ့ၾကၿပီး ျမန္မာတို႔ရဲ႕ ႏြေးေထြးမႈေတြကို ခံစားခဲ့ရသလို လက္ရွိအေျခအေနေတြမွာ ျပည္သူေတြအတြက္ ဘာလုပ္ေပးနိုင္လဲဆိုတာကို စဥ္းစားၿပီးေနာက္ ဘီယာကို ထုတ္လုပ္ခဲ့တာျဖစ္တယ္လို႔ ဖန္တီးသူ ဘီယာပညာရွင္က ေျပာျပထားပါေသးတယ္

အခုလို ျမန္မာ့ႏြေဦးကို ဂုဏ္ျပဳထုတ္ေဝေပးတဲ့အတြက္ ေက်းဇူးတင္ဖို႔ ေကာင္းတာေၾကာင့္ ျပန္လည္အသိအမွတ္ျပဳ

crd