ဗဟုသုတ
သူ့ရဲ့ဝေယျာဝေစ္စတွေကို ကူညီပေးခဲ့တဲ့ အခန်းဖော်တွေက ပြန်လွတ်လာတာကြောင့် ထောင်ထဲမှာ တစ်ယောက်တည်း ဒုက္ခပင်လယ်ဝေ နေတဲ့ ကိုလျှံဖြိုးအောင်
သူ့ရဲ့ဝေယျာဝေစ္စတွေကို ကူညီပေးခဲ့တဲ့ အခန်းဖော်တွေက ပြန်လွတ်လာတာကြောင့် ထောင်ထဲမှာ တစ်ယောက်တည်း ဒုက္ခပင်လယ်ဝေ နေတဲ့ ကိုလျှံဖြိုးအောင်
မဂ်လာပါ ပရိတ်သတ်ကြီးရေ
သူ့ရဲ့ဝေယျာဝေစ္စတွေကို ကူညီပေးခဲ့တဲ့ အခန်းဖော်တွေက ပြန်လွတ်လာတာ ကြောင့် ထောင်ထဲမှာ တစ်ယောက်တည်း ဒုက္ခပင်လယ်ဝေ နေတဲ့ ကိုလျှံဖြိုးအောင်
ကိုလျှံဖြိုးအောင်ဟာ မတ်လ ၂၇ ရက်က ပြုလုပ်တဲ့ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲမှာ ပါဝင်ရင်း ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုလျှံဖြိုးအောင်ဟာ မျက်လုံးတစ်ဖက် ဆုံးရှုံး၊ ညာဘက်လက်ပြ၊ ဘယ်ဘက်လက်ကျိုးခဲ့တဲ့အပြင် လမ်းကောင်းကောင်းမလျှောက်နိုင်ဘဲ ဆေးကုသမှုတွေအမြန်လိုအပ်နေသူဖြစ်ပါတယ်။
ဇွန်လ ၃၀ ရက်နေ့မှာ ထောင်ကပြန်လွတ်လာသူတွေထဲ ကိုလျှံဖြိုးအောင်တစ်ယောက်မပါဝင်တာကြောင့် ပြည်သူတွေက စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။
ကိုလျှံဖြိုးအောင်ဟာ အကျဉ်းထောင်ထဲမှာ အခန်းဖော် ၂ ယောက်နဲ့အတူနေထိုင်နေတာဖြစ်ပါတယ်။ ယခုမှာတော့ အပေါ့အပါးသွားတာ အဝတ်လျှေ ာ်တာကအစ ကူညီပေးခဲ့တဲ့ အခန်းဖော် ၂ ယောက်က ပြန်လွတ်လာတာကြောင့် ကိုလျှံဖြိုးအောင်တစ်ယောက် အကျဉ်းထောင်ထဲမှာ တစ်ယောက်တည်းနေထိုင်နေရပြီး ဒုက္ခပိုရောက်သွားခဲ့ရပါတယ်။
မနေ့ကလည်း ပြန်လွတ်မယ်ထင်ပြီး အထုတ်ကလေးတွေပြင်ကာ ထိုင်စောင့်ခဲ့ပေမယ့် ပြန်မလွတ်လာတဲ့အကြောင်း ကိုလျှံဖြိုးအောင်နဲ့အတူ နေထိုင်ခဲ့တဲ့ အခန်းဖော်တွေရဲ့ ပြောပြချက်အရသိရပါတယ်။
ကိုလျှံဖြိုးအောင်ရဲ့ မိဘတွေကလည်း သားဖြစ်သူပြန်လွတ်လာမယ်အထင်နဲ့ ည ၉ နာရီအထိ ထိုင်စောင့်ခဲ့ပေမယ့် ပြန်မလွတ်လာတာကြောင့် စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။
ကိုလျှံဖြိုးအောင် ရဲ့အစ်ကိုက ၁ ၇ ၂၀၂၁ ယနေ့မောင်လျှံဖြိုးအောင်ရုံးချိန်းတွင် ကျန်းမာရေး အာမခံလျောက်ထားမှု့ လက်ခံသင့် လက်မခံသင့် ဆုံးဖြတ်ချက်အား ၈ ၇ ၂၀၂၁ နေ့ထပ်မံချိန်းဆို ၃၀ ၆ ၂၀၂၁ မနေ့ကလွတ်မြောက်လာတဲ့ပြည်သူတွေထဲကမောင်လျှံဖြိုးအောင်နှင့်အတူနေအခန်းဖော် ၃ ဦးထဲမှ ၂ ဦးလွတ်မြောက်လာပါသည်
လွတ်မြောက်လာတဲ့ညီလေးနှစ်ဦးရဲ့ပြောကြားချက်အရ ၎င်းတို့နှစ်ဦးနှင့်အတူကို လျှံဖြိုးအောင်တို့ ၃ ယောက်တစ်ခန်းထည်းနေရကြောင်း၊ကိုလျှံဖြိုးအောင်ရဲ့အပေါ့အပါးကမှအစ အဝတ်အစားတွေလည်းလျှော်ဖွတ် ပေးကြောင်း ထောင်တွင်းဆေးခန်းသွားပြလျှင်လည်းထောင် ဝန်ထမ်းတွေနှင့် အတူတွဲပို့ပေးကြောင်း အစအစအရာအရာကူညီပေးကြောင်း။
ကိုလျှံဖြိုးအောင် ကစိတ်ဓါတ်အရမ်းမာ သူဖြစ်ကြောင်းပြောကြားပါသည်။ ယခုမနက်တွင်ကိုလျှံဖြိုးအောင်သတင်းကြားရလို့အရမ်းစိတ်မကောင်းဖြစ်သွားသည် အဘယ်ကြောင့် ဆိုသော်ကိုလျှံဖြိုးအောင်မနေ့ကလွတ်မြောက်မည်ဟုယူဆထားသည်။
မနေ့ကလွတ်မြောက် သူများအား၎င်းတို့နေထိုင်ရာအခန်းအသီ းသီး သို့နာမည်နှင့် တကွ လာခေါ်သည် ညီလေးနှစ်ဦး နာမည်လာခေါ်ချိန်တွင်သူတို့ ၃ ဦးစလုံးအထုပ် ကလေးတွေပြင်ထားကြသည်၊ကိုလျှံဖြိုးအောင်အထုပ်လည်းပြင်ပေးခဲ့သည်။
ကိုလျှံဖြိုးအောင် ကမင်းတို့အရင်သွားလိုက် ငါကဒုက္ခိတဆိုတော့ နောက်မှသူတို့အစီအစဉ်နဲ့လာခေါ်မယ်နဲ့တူတယ်အပြင်မှာအဖေတို့အမေတို့တွေရင် ပြောလိုက်ငါလည်း လွတ်တယ်ခဏစောင့်နေလို့ပြောလိုက်တယ် ဟုလွတ်မြောက် လာတဲ့ ညီလေးနှစ်ဦးကပြောသည်။
မနေ့ကကျွန်တော်တို့မိသားစု ညီလေးလွတ်မြောက် မယ်အထင်နဲ့ည ၉ ၀၀ နာရီအထိစောင့်မျှော်နေမိပါတယ်။ အတူနေအခန်းဖော် ၃ ဦးထည်းကမှကျန် ၂ ဦးကလွတ်မြောက် လာပြီးသူတစ်ပါးရဲ့အကူညီ နှင့်ရပ်တည်နေရသော ညီလေးကအခုထိမလွတ် မြောက်သေးပါ အရမ်းစိတ်ဓါတ်မာ ပါတဲ့ဆိုတဲ့ညီလေးမနေ့ကအဖြစ်အပျက်ကြောင့်ဘယ်လောက်ခံစားရမလည်းဆိုတာနှလုံးသားရှိသူတိုင်းခံစားရပါတယ်
၃ ယောက်တည်း နေရတဲ့အခန်းမှာ ၂ ယောက် ကျန်ခဲ့ရင်တောင်အဖော်ရပါသေးတယ် အခုဟာက စိတ်ဓါတ်ကို ပါရိုက်ချိုးသလိုပါပဲအခုပြောပြနေ တဲ့ဆိုလိုရင်းက ၁၀ ယောက် ရှိတဲ့အခန်း ၇ ယောက်လွတ်ရင်ဘာမှမဖြစ်ပါဘူး။
အခုဟာကသူ တစ်ပါးရဲ့အကူအညီနဲ့ရပ်တည်နေရတဲ့သူကိုမှတစ်ယောက်တည်း ထားခဲ့ရက်တယ်ဆို တော့စဉ်းစားသာကြည့်ကြပါတော့ခင်ဗျာ ဆိုပြီး ရေးသားထားခဲ့ပါတယ်။
အခုလို ဝင်ရောက် ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ် တစ် ယောက် ခြင်းစီတိုင်း ကျန်းမာ ပျော်ရွှင် သော နေ့ရက် များပိုင် ဆိုင်နိုင်ကြပါ စေလို့ဆုတောင်းပေး လိုက်ပါတယ်။ မူရင်း crd
Zawgyi