ကျန်းမာရေး ဗဟုသုတ

ဆံသားနက်ပြီး ဆံပင်ကျွတ်သက်သာစေရန် ရှားစောင်းလပတ်နဲ့ အုန်းဆီကြိုတဲ့နည်း

ဆံသားတွေ ကျန်းမာသန်စွမ်းစေတဲ့ ရှားစောင်းလပတ်နဲ့ အုန်းဆီကြိုတဲ့နည်း

Hair mask ရှားစောင်းလပတ်နဲ့ အုန်းဆီကြိုတဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်နော်။ (လုပ်နည်း မေးထားတဲ့ သူတွေအတွက် ဒီpostမှာ အသေးစိတ်လေး ရေးပေးထားပါတယ်နော်)

ခေါင်းမလျော်ခင် ရှားစောင်းလပတ်နဲ့ အုန်းဆီ ကြိုထားတဲ့ဆီကို ဦးရေပြားရော ဆံသားမှာပါ နှံ့နေအောင်လိမ်းပါ။ 3 / 4 နာရီနဲ့ အထက်ထားပြီး Shower cap နဲ့ ပေါင်းပြီး မှ လျှော်ပါ။

ကြာကြာမှတခါ လုပ်တာထက် ခေါင်းလျှော်ခါနီးတိုင်း လုပ်ပေးရင် ပိုကောင်းပါတယ် ပိုသိသာပါတယ်။ ဆံသားနက်ပြီး အကျွတ်သက်သာသလို ဆံသားမငြိတော့ဘူး အရှည်မြန်တယ်။

ရှားစောင်းလပတ်နဲ့ အုန်းဆီကြိုတဲ့နည်းကို ပုံထဲမှာ ရေးပေးထားပါတယ်နော်။ (အမြဲတမ်း သုံးလို့ရအောင် တခါတည်း ကြိုထားလို့ ရပါတယ်နော်။)

ရှားစောင်းလပတ်နဲ့ အုန်းဆီကြိုထားတဲ့ဆီအပြင် လျှော်ခါနီး ဒါလေးတွေထပ်ရင် ပိုကောင်းပါတယ်။ (မအားတဲ့ အခါတွေဆို မထည့်လည်းရပါတယ်။ အပေါ်က ရှားစောင်းလပတ်ဆီနဲ့တင်ကို တော်တော်လေး ဆံပင်ကိုကောင်းစေပါတယ်)

သံလွင်ဆီ (ဆံသားကို ပျော့စေတယ်)

ကြက်သွန်နီ ထောင်းထားတဲ့ အရည် (ဆံသားကို နက်မှောင် သန်စွမ်းစေတယ်၊ ကျွတ်တာ သက်သက်စေတယ်၊ အရှည် မြန်စေတယ်။)

Edited: အနံ့မခံနိုင်ရင် လျှော်ပြီးလည်း အနံ မပြောင်ဘဲ အနံ့ဆွဲနေတယ်လို့ ထင်ရင် မထည့်ချင်လည်း ရပါတယ်။

အနံ့ မကျန်အောင် ရေနိုင်နိုင်ဆေးဖို့ လိုသလို အနံ့က မဆိုစလောက်လေး ကျန်နေရင်လည်း အနံ့ခံနိုင်မှ ထည့်ပါနော်။ အနံ့ဆူးပေမယ့် ကြက်သွန်နီ အာနိသင်က အံ့မခန်းပါ)

လက်ဖက်ခြောက် သို့ အချိုခြောက်မှုန့် ကြိုထားတဲ့အရည် (ဆံသားနက်မှောင်စေပြီး အရှည်မြန်တယ်)

ပျားရည် (ဆံသားကို တောက်ပြောင်စေတယ်) အမြဲမဟုတ်တောင် တပတ်ခြားတခါလောက် လုပ်ပေးမယ်ဆိုရင် ဆံပင်အကျွတ်သက်သာမယ်။ (ဆံပင်တိုတိုရှည်ရှည် မိန်းကလေးတွေ အဓိကကြုံရတဲ့ ပြဿနာက ဆံပင်အရမ်းကျွတ်တာ…)

ဆံပင်ငြိတာ သက်သာမယ်။ ဆံပင်အရှည် မြန်တယ်။ ဆံသား မခြောက်တော့ဘူး။ ဆံသား ပျော့ပျောင်းတယ်။ ဆံသား တောက်တယ်။

ဆံပင်အကျွတ်သက်သာပြီး ကျန်းမာလှပတဲ့ ဆံနွယ်တွေ ပိုင်ဆိုင်ကြပါစေ။ ဆံပင်မတိုအရှည် သုံးမယ် လူဦးရေပေါ်လိုက်ပြီး ရှားစောင်းလပတ် အပင်ရယ်၊ အုန်းဆီရယ်ကို အတိုးအလျော့ လုပ်လို့ရပါတယ်။

မိုးက ဆံပင်ရှည်တာရယ် နောက်ထပ်ဆံပင်အရှည် ၂ယောက်စာရယ် လုပ်တာမို့ ရှားစောင်းလပတ် ၃ပင် Parachute အုန်ဆီးသုံးရင် ဘူးကြီး 270 ml တဘူးဆို တပင်နှုန်းနဲ့ ကြိုလို့ရပါတယ်။

ခုက 270 mlဘူး မရှိလို့ 180ml ဘူးနဲ့ ကြိုထားတာပါ.. ဈေးထဲက အုန်းဆီ စစ်စစ်နဲ့လည်း ရပါတယ်နော်။

ပြီးရင် ခုံးတဲ့ဘက်ကို အခွံခွာမယ်။ အခွံမခွာဘဲ အတုံလေးတွေ အပြား ပါးပါးလေးတွေ လုပ်ချင်လည်း ရပါတယ်.. ဒါပေမယ့် အညိုရောင်သန်းလို့ ရလာတဲ့အခါကျရင် အဲ့ဒီအတွင်းထဲက ဂျယ်လီထဲ ဆီတွေ အများကြီး ဝင်နေတတ်လို့.. ဆီတွေ ညစ်ချတဲ့အခါကျ အပြင်ခွံက လက်ကို ဆူးတတ်လို့ပါ…

ခွာထားတဲ့နေရာက ဂျယ်လီကို ဇွန်းနဲ့ ခြစ်မယ်။ ရှားစောင်းလပတ်ကို ဒီတိုင်းထည့်လို့ မရဘူးလားလို့ မေးနေကြလို့… အခွံမခွာဘဲ ထည့်လည်း ရပါတယ်။

အညိုရောင်သန်းလို့ ရသွားတဲ့အခါကျ အခွံကြားက ဂျယ်လီထဲမှာ ဆီတွေ ဝင်နေတတ်လို့ ဆီစစ်ပြီးတဲ့အခါ ပြန်ညစ်ရတာက အခွံမပါတာနဲ့က ပိုပြေပါတယ်။ ရှားစောင်းလပတ်က နည်းနည်းကြွပ်သွားရင် ညစ်တဲ့အခါ လက်ဆူးမှာစိုးလို့ပါ။

ပြီးရင် ရှားစောင်းလပတ်ဂျယ်လီတွေနဲ့ အုန်းဆီကို ရောထည့်မယ်။ အပူပေးမယ်.. မီးမနည်းလွန်း မများလွန်း အနေတော်နဲ့ ကြိုမယ်… ကြာကြာတခါ မွှေပေးလို့ လိုပါတယ်။

မမမွှေရင် အကျက်မညီလို့ပါ…ရှားစောင်းလပတ် ညိုတဲ့အထိ ကြာကြာ တည်ပေးရပါမည်။ ဒါက အိုအခံက မည်းနေတာရယ် မကြည့်လိုက်မိတာ အတည်လွန်ပြီး နည်းနည်းလေး အရောင်ရင့်သွားပါတယ်။ တကယ်က အညိုရောင်ကို သန်းရင် ရပြီနော်။

ဆီထဲက ရှားစောင်းလပတ် အဖတ်တွေကို စစ်ပြီး ဆီကိုဘဲ သိမ်းထားလိုက်ရုံပါဘဲ… ဒါက မနှစ်က မေလမှာ ကြိုတဲ့ဆီ.. တခါလောက်အလုပ်ရှုပ်ခံပြီး ကြိုထားရင် အများကြီးရပြီး အကြာကြီး အသုံးခံပါတယ်နော်

ဒါက ရှာစောင်းလပတ်နဲ့ အုန်းဆီကြိုထားတဲ့ ဆီရယ်၊ ကြက်သွန်နီအရည်၊ လက်ဖက်ရည်၊ ပျားရည်၊ သံလွင်ဆီ ရောထားပြီး ဆံပင်နဲ့ ဦးရေမှာထည့်ပါတယ်။ တခြားအကျိုးရလဒ်ထက် ဆံပင်အကျွတ်သက်သာတာက အသက်ပါဘဲ..

Edited: အနံ့မခံနိုင်ရင် လျှော်ပြီးလည်း အနံ မပြောင်ဘဲ အနံ့ဆွဲနေတယ်လို့ ထင်ရင် မထည့်ချင်လည်း ရပါတယ်။ အနံ့ မကျန်အောင် ရေနိုင်နိုင်ဆေးဖို့ လိုသလို အနံ့က မဆိုစလောက်လေး ကျန်နေရင်လည်း အနံ့ခံနိုင်မှ ထည့်ပါနော်။ အနံ့ဆူးပေမယ့် ကြက်သွန်နီအာနိသင်က အံ့မခန်းပါ

မေတ္တာမွန်စွာဖြင့်….

Credit

Zawgyi