ကျန်းမာရေး နိုင်ငံရေး

အလံဝါလေးပြန်သိမ်းထားပြီး အဘွားတစ်ယောက်ပြတင်းပေါက်မှာမှီရပ်နေတော့အဆင်ပြေသွားပြီ မှတ်တာ(ချက်ချင်းသိမ်းခိုင်းလို့တဲ့)

အလံဝါလေးပြန်သိမ်းထားပြီး အဘွားတစ်ယောက်ပြတင်းပေါက်မှာမှီရပ်နေတော့အဆင်ပြေသွားပြီ မှတ်တာ(ချက်ချင်းသိမ်းခိုင်းလို့တဲ့)

မနေ့ကတွေ့မိသမျှအလံဝါလေးတွေထောင် ထားတဲ့အိမ်တွေဆီဒီနေ့အထားခံမဲ့စားစရာအခြောက်အခြမ်းလေးတွေသွားပို့ခဲ့ပါတယ်

(သေချာလေး ပြောပြပေးချင်လို့စာလေးတော့ရှည်မှာမို့အဆုံးထိဖတ်ပေးဖို့ မေတ္တာ ရပ်ခံပါရစေနော်)

အလံဝါထောင်ထားတဲ့အိမ်လေးတွေကိုအ များကြီး share ပေးထားကြတော့ကိုယ့်စိတ်ထဲဒီလောက်ဆို အိမ်တံခါးရှေ့ပစ္စည်းတွေပုံနေမှာပဲလို့ထင်လိုက်မိတာတကယ်ရောက်သွားတော့တိတ်တိတ်ဆိတ်ဆိတ်ခြောက်ခြောက်ကပ်ကပ်ပါပဲ

ပထမဆုံးသွားလှူတဲ့နေရာဆိုသွားရဝေးလို့ထင်ပါရဲ့တစ်ယောက်စနှစ်ယောက်စသာလာကြတယ်တဲ့အရင်ဆုံးသွားခဲ့တဲ့အိမ်လေးကအလံဝါလေးပြန်သိမ်းထားပြီးအ ဘွားတစ်ယောက်ပဲစိပ်ပုတီးလေးကိုင်ပြီးပြတင်းပေါက်မှာမီရပ်နေတော့ကိုယ်လည်းဒီအိမ်ပဲ ဖြစ်မှာပါဆိုပြီးမှန်းပြီးတက်သွားလိုက်တာအဘွားကထွက်ကြိုရှာတယ်

အဘိုးကတော့ကွပ်ပျစ်ပေါ်လေးမှာလဲပြီးတော်တော်လေးမောနေရှာတာအောက်စီဂျင်လည်းမရှိ၊ အောက်စီဂျင်တ််ိုင်းဖို့ စက်လည်းမရှိခေါင်းရင်းမှာ ရှားစောင်းပင်လေးတစ်အိုးပဲထားထားတာတွေ့တော့ စိတ်မကောင်းလိုက်တာ😞😞

အဘွားသမီးစားစရာလေးတွေလာကူညီပေးတာပါအလံလေးပြန်သိမ်းထားတော့ ဆေးကုဖို့ ၊စားဖို့ အဆင်ပြေသွားပြီလားအဘွားဆိုတော့ကိုယ့်နားကပ်လာပြီးအသံတိုးတိုးလေးနဲ့မဟုတ်ပါဘူးသမီးရယ်

ရပ်ကွက်အုပ်ချုပ်ရေးမှူးကအလံကိုချက် ချင်းသိမ်းပေးပါဆိုပြီးခေါ်ပြောလို့သိမ်း ထားရတာပါတဲ့အဲ့လိုသိမ်းခိုင်းပြီးသူတို့ကလိုတာကူညီပေးလားဆိုတော့ အလံပဲ သိမ်းခိုင်းတာ ဘာအကူညီမှမပေးပါဘူးတဲ့(ဘယ်သူမှလည်းမပြောရဲဘူးသူတို့ကြောက်လို့ပါတဲ့)

အိမ်နီးနားချင်းတွေဆီကလိုတာလေးတွေအကူညီတောင်းပြီးနေနေရတဲ့အဘိုးနဲ့အဘွားအတွက်ကိုယ်တတ်နိုင်သလောက် စားစရာလေးတွေရယ် ၊ အဘိုးဆေးခန်းသွားဖို့အလှူငွေ၁၅၀၀၀ရယ်ပဲလှူခဲ့ရပါသေးတယ်

အောက်စီဂျင်တိုင်းတဲ့ စက်လေး သမီးအလှူခံပေးပြီးထပ်လာခဲ့ပါမယ်ဆိုတော့မျည်ရည်လေးတွေဝဲပြီး ကျေးဇူး အထပ်ထပ်တင်ရင်းကျန်နေခဲ့ရှာတာ

ဒုတိယအိမ်လေးကအဘိုးကိုတော့အသက်မမီတော့ဘဲdeadbodyနဲ့ပဲတွေ့ရတယ်မနက်ကလေးတင်ဆုံးသွားတာပါတဲ့လာကူပေးတဲ့ သူတွေပေးတဲ့မုန့်တွေများနေလို့

တစ်ယောက် တည်းကျန်ခဲ့တဲ့ အဘွားကအနီးအနားကလူတွေပဲဝေပေးလိုက်ပါတော့ဆိုလို့အဘွားဆန္ဒအတိုင်းပြန်လှူပေးခဲ့ပါတယ်

နောက်ဆုံးအိမ်ကတော့ တစ်အိမ်သားလုံး Positive မို့တံခါးတွေအကုန်ပိတ်ပြီးအိမ်ရှေ့မှာခုံလေးတစ်လုံးပဲချထားလို့စားစရာလေးတွေခုံပေါ်ပဲတင်ပေးထားခဲ့ပါတယ်

အများကြီးမဟုတ်ပေမဲ့လေစာလေးတွေသေချာရေးပြီးကိုယ်တတ်နိုင်သလောက်ကူပေးခဲ့တဲ့အာဟာရဒါနလေးကြောင့်အားတက်ရ၊တစ်စိတ်တစ်ပိုင်းပျော်ရွှင်ရတယ်ဆိုရင်ပဲပင်ပန်းရကျိုးနပ်ပါပြီ♥

ရောက်ခဲ့တဲ့၃အိမ်လုံးမှာမှပထမဆုံးသွားခဲ့တဲ့အဘိုးအဘွား၂ယောက်တည်းရှိတဲ့အိမ်လေးကတော့တော်တော်လေးချို့တဲ့ပြီးအဆင်မပြေဖြစ်နေလို့အစားအသောက်လေးတွေ ဆေးလေးတွေ ထပ်လှူပေးပါဦးမယ်။

မူးရင်းရေးသားသူ ပိုင်ရှင်အား Credit ပေးပါသည်။

အလံဝါေလးျပန္သိမ္းထားၿပီး အဘြားတစ္ေယာက္ျပတင္းေပါက္မွာမွီရပ္ေနေတာ့အဆင္ေျပသြားၿပီ မွတ္တာ(ခ်က္ခ်င္းသိမ္းခိုင္းလို႔တဲ့)

မေန႔ကေတြ႕မိသမၽွအလံဝါေလးေတြေထာင္ ထားတဲ့အိမ္ေတြဆီဒီေန႔အထားခံမဲ့စားစရာအေျခာက္အျခမ္းေလးေတြသြားပို႔ခဲ့ပါတယ္

(ေသခ်ာေလး ေျပာျပေပးခ်င္လို႔စာေလးေတာ့ရွည္မွာမို႔အဆုံးထိဖတ္ေပးဖို႔ ေမတၱာ ရပ္ခံပါရေစေနာ္)

အလံဝါေထာင္ထားတဲ့အိမ္ေလးေတြကိုအ မ်ားႀကီး share ေပးထားၾကေတာ့ကိုယ့္စိတ္ထဲဒီေလာက္ဆို အိမ္တံခါးေရွ႕ပစၥည္းေတြပုံေနမွာပဲလို႔ထင္လိုက္မိတာတကယ္ေရာက္သြားေတာ့တိတ္တိတ္ဆိတ္ဆိတ္ေျခာက္ေျခာက္ကပ္ကပ္ပါပဲ

ပထမဆုံးသြားလႉတဲ့ေနရာဆိုသြားရေဝးလို႔ထင္ပါရဲ့တစ္ေယာက္စႏွစ္ေယာက္စသာလာၾကတယ္တဲ့အရင္ဆုံးသြားခဲ့တဲ့အိမ္ေလးကအလံဝါေလးျပန္သိမ္းထားၿပီးအ ဘြားတစ္ေယာက္ပဲစိပ္ပုတီးေလးကိုင္ၿပီးျပတင္းေပါက္မွာမီရပ္ေနေတာ့ကိုယ္လည္းဒီအိမ္ပဲ ျဖစ္မွာပါဆိုၿပီးမွန္းၿပီးတက္သြားလိုက္တာအဘြားကထြက္ႀကိဳရွာတယ္

အဘိုးကေတာ့ကြပ္ပ်စ္ေပၚေလးမွာလဲၿပီးေတာ္ေတာ္ေလးေမာေနရွာတာေအာက္စီဂ်င္လည္းမရွိ၊ ေအာက္စီဂ်င္တ္္ိုင္းဖို႔ စက္လည္းမရွိေခါင္းရင္းမွာ ရွားေစာင္းပင္ေလးတစ္အိုးပဲထားထားတာေတြ႕ေတာ့ စိတ္မေကာင္းလိုက္တာ😞😞

အဘြားသမီးစားစရာေလးေတြလာကူညီေပးတာပါအလံေလးျပန္သိမ္းထားေတာ့ ေဆးကုဖို႔ ၊စားဖို႔ အဆင္ေျပသြားၿပီလားအဘြားဆိုေတာ့ကိုယ့္နားကပ္လာၿပီးအသံတိုးတိုးေလးနဲ႔မဟုတ္ပါဘူးသမီးရယ္

ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးကအလံကိုခ်က္ ခ်င္းသိမ္းေပးပါဆိုၿပီးေခၚေျပာလို႔သိမ္း ထားရတာပါတဲ့အဲ့လိုသိမ္းခိုင္းၿပီးသူတို႔ကလိုတာကူညီေပးလားဆိုေတာ့ အလံပဲ သိမ္းခိုင္းတာ ဘာအကူညီမွမေပးပါဘူးတဲ့(ဘယ္သူမွလည္းမေျပာရဲဘူးသူတို႔ေၾကာက္လို႔ပါတဲ့)

အိမ္နီးနားခ်င္းေတြဆီကလိုတာေလးေတြအကူညီေတာင္းၿပီးေနေနရတဲ့အဘိုးနဲ႔အဘြားအတြက္ကိုယ္တတ္နိုင္သေလာက္ စားစရာေလးေတြရယ္ ၊ အဘိုးေဆးခန္းသြားဖို႔အလႉေငြ၁၅၀၀၀ရယ္ပဲလႉခဲ့ရပါေသးတယ္

ေအာက္စီဂ်င္တိုင္းတဲ့ စက္ေလး သမီးအလႉခံေပးၿပီးထပ္လာခဲ့ပါမယ္ဆိုေတာ့မ်ည္ရည္ေလးေတြဝဲၿပီး ေက်းဇူး အထပ္ထပ္တင္ရင္းက်န္ေနခဲ့ရွာတာ

ဒုတိယအိမ္ေလးကအဘိုးကိုေတာ့အသက္မမီေတာ့ဘဲdeadbodyနဲ႔ပဲေတြ႕ရတယ္မနက္ကေလးတင္ဆုံးသြားတာပါတဲ့လာကူေပးတဲ့ သူေတြေပးတဲ့မုန႔္ေတြမ်ားေနလို႔

တစ္ေယာက္ တည္းက်န္ခဲ့တဲ့ အဘြားကအနီးအနားကလူေတြပဲေဝေပးလိုက္ပါေတာ့ဆိုလို႔အဘြားဆႏၵအတိုင္းျပန္လႉေပးခဲ့ပါတယ္

ေနာက္ဆုံးအိမ္ကေတာ့ တစ္အိမ္သားလုံး Positive မို႔တံခါးေတြအကုန္ပိတ္ၿပီးအိမ္ေရွ႕မွာခုံေလးတစ္လုံးပဲခ်ထားလို႔စားစရာေလးေတြခုံေပၚပဲတင္ေပးထားခဲ့ပါတယ္

အမ်ားႀကီးမဟုတ္ေပမဲ့ေလစာေလးေတြေသခ်ာေရးၿပီးကိုယ္တတ္နိုင္သေလာက္ကူေပးခဲ့တဲ့အာဟာရဒါနေလးေၾကာင့္အားတက္ရ၊တစ္စိတ္တစ္ပိုင္းေပ်ာ္ရႊင္ရတယ္ဆိုရင္ပဲပင္ပန္းရက်ိဳးနပ္ပါၿပီ♥

ေရာက္ခဲ့တဲ့၃အိမ္လုံးမွာမွပထမဆုံးသြားခဲ့တဲ့အဘိုးအဘြား၂ေယာက္တည္းရွိတဲ့အိမ္ေလးကေတာ့ေတာ္ေတာ္ေလးခ်ိဳ႕တဲ့ၿပီးအဆင္မေျပျဖစ္ေနလို႔အစားအေသာက္ေလးေတြ ေဆးေလးေတြ ထပ္လႉေပးပါဦးမယ္။

မူးရင္းေရးသားသူ ပိုင္ရွင္အား Credit ေပးပါသည္။