ကျန်းမာရေး နိုင်ငံရေး ဗဟုသုတ

ထမင်းမရောင်းဘူးဆိုတဲ့ ဈေးသည်တစ်ဦးကြောင့် စိတ်မကောင်းဖြစ်နေကြရတဲ့ ပရဟိတ လူငယ်လေးတွေ

ထမင်းမရောင်းဘူးဆိုတဲ့ ဈေးသည်တစ်ဦးကြောင့် စိတ်မကောင်းဖြစ်နေကြရတဲ့ ပရဟိတ လူငယ်လေးတွေ

အသက်နဲ့ရင်းပြီး ကူညီပေးနေပေမယ့်လည်း ထမင်းမရောင်းဘူးဆိုတဲ့ ဈေးသည်တစ်ဦးကြောင့် စိတ်မကောင်းဖြစ်ကြရတဲ့ ပရဟိ တ လူငယ်လေးများ

ဗိုက်ဆာလို့ထမင်းဝယ်တာကို မရောင်းဘူးဆိုပြီး အပြောခံလိုက်ရတဲ့ ကိုယ်တွေ့အဖြစ်အပျက်ကို ရင်ဖွင့်လာတဲ့ ပရဟိတသမားတစ်ဦး

ယခုလက်ရှိ ကိုဗစ်တတိယလှိုင်းမှာတော့ ပြည်သူကပြည်သူကို အပြန်အလှန်ကူညီပြီး ရှေ့ဆက်နေရတာပဲ ဖြစ်ပါတယ်

အိမ်တစ်အိမ်မှာ မိသားစုလိုက် ကိုဗစ်ကူးစက်ခံရပြီဆိုတာနဲ့ အလံထောင်ပြီး အကူအညီတောင်းရုံနဲ့တင် ပြည်သူတွေက လိုအပ်တာတွေပို့ပေးနေကြတာ ဖြစ်ပါတယ်

ထို့အတူ ပရဟိတသမားတွေကလည်း သူတို့ရဲ့အသက်ကိုတောင်ရင်းပြီး ကိုဗစ်ကူးစက်ခံရတဲ့လူနာတွေကို ဖေးမကူညီပေးနေကြတာလည်း ဖြစ်ပါတယ်။

ပဲခူးမြို့ရှိ သကျနွယ် လူမှုကူညီရေးအသင်းက ပရဟိတလူငယ်တစ်ဦးကတော့ သူကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို ရင်ဖွင့်လာခဲ့ပါတယ်။

သူက Positive လူနာသီးသန့်ပို့ဆောင်ရေးအဖွဲ့မှာ တာဝန်ထမ်းဆောင်ပြီး ပြည်သူတွေကို ကူညီနေတာ ဖြစ်ပါတယ်

မနေ့ကတော့ သူတို့အဖွဲ့က ဗိုက်ဆာလို့ ထမင်းဆိုင်ရှေ့မှာကားရပ်ပြီးဆင်းဝယ်တာကို ဆိုင်ရှင်က ကြောက်လို့မရောင်းရဲဘူးဆိုပြီးပြောတာ ခံလိုက်ရတာပဲ ဖြစ်ပါတယ်

ထမင်းရော ဟင်းပါအများကြီးရှိပေမယ့်လည်း သူတို့ကို မရောင်းရဲဘူးပြောတာကြောင့် တစ်ဖွဲ့လုံး ဘာလုပ်ရမှန်းမသိဖြစ်ပြီး အခက်ကြုံခဲ့ရတာပဲ ဖြစ်ပါတယ် ။

ဒါကြောင့် ပါဆယ်လေးတော့ ရောင်းပေးပါဆိုပြီး ဆိုင်ပိုင်ရှင်ကို တောင်းတောင်းပန်ပန်နဲ့ ဝယ်ခဲ့ရပုံကို အဲ့ဒီလူငယ်လေးက ရင်ဖွင့်ပြောပြထားတာ ဖြစ်ပါတယ် ။

သူတို့အနေနဲ့လည်း ကိုယ့်စရိတ်ကိုယ်စားပြီး ပြည်သူတွေကို ကူညီပေးနေတဲ့ ပရဟိတသမားတွေဖြစ်တာကြောင့်

ကျွန်တော်တို့လည်း အသက်အပိုမပါပါဘူးဗျာအသက်တွေရင်းပြီးကူညီပေးနေကြတာပါ

ပြန်ကူညီပေးကြပါလို့ ပြောပါရစေဆိုပြီး တောင်းဆိုထားတာ တွေ့ရပါတယ်။
credit

Zawgyi
အသကနြဲ့ရငြးပှီး ကူညီပေးနပမေယေ့လြညြး ထမငြးမရောငြးဘူးဆိုတဲ့ ဈေးသညတြဈဦးကှောင့ြ စိတမြကောငြးဖှဈကှရတဲ့ ပရဟိ တ လူငယလြေးမွား

ဗိုကဆြာလို့ထမငြးဝယတြာကို မရောငြးဘူးဆိုပှီး အပှောခံလိုကရြတဲ့ ကိုယတြှေ့အဖှဈအပကွကြို ရငဖြှင့လြာတဲ့ ပရဟိတသမားတဈဦး











