ဗဟုသုတ

အမေက ရေကူးကန် မခေါ်သွားလို့ဆိုပြီး ကျောင်းနားက ရေအိုင်မှာရေကူးနေခဲ့လို့ မိဘခေါ်ခံလိုက်ရတဲ့ ကလေးငယ်ရဲ့အဖြစ်

အမေက ရေကူးကန် မခေါ်သွားလို့ဆိုပြီး ကျောင်းနားက ရေအိုင်မှာရေကူးနေခဲ့လို့ မိဘခေါ်ခံလိုက်ရတဲ့ ကလေးငယ်ရဲ့အဖြစ်

မိုးအရမ်းရွာနေတဲ့နေ့မှာ ကျောင်းသားတွေအတော်များများက ရေမစိုအောင်ဂရုစိုက်ပြီးသွားလာနေကြပေမဲ့ ၊

ကျောင်းသားတစ်ဦးကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ပျော်ပျော်ပါးပါးကျောင်းဝန်းနားက ရေအိုင်လေးမှာ ရေဆင်းကူးနေခဲ့ပါတယ် ။

Rozita Abdul Razak အမည်ရှိတဲ့ အမျိုးသမီးက ကျောင်းမှတာဝန်ရှိသူတွေ သူမကိုလှမ်းခေါ်လိုက်လို့ သွားရောက်ကြည့်ရှုခဲ့စဉ်မှ သူမရဲ့သားလေးဟာ ရေအိုင်လေးမှာ တစ်ကယ့်ကို ပျော်ပျော်ပါးပါးရေကူးနေခဲ့တာပါ ။

Rozita ကိုမြင်တော့ သားဖြစ်သူက မအံ့သြတဲ့အပြင် ‘ အမေက ကျွန်တော့်ကိုတစ်ခါးမှ ရေကူးကန်ကို မခေါ်သွားဖူးတာ ‘ ဆိုပြီး ပြန်ပြောလိုက်ပါသေးတယ် ။

ဒါ့အပြင် သူမရဲ့သားကြီးဖြစ်သူမှာတော့ သားငယ်လေးကို ရေအိုင်ကနေ ထွက်လာအောင် လိုက်ဖမ်းနေခဲ့ရတာပါ ။ အခြားအတန်းဖော်ကျောင်းသားတွေကတော့ သူတို့ရဲ့အဖြစ်က ဘေးကနေသာ ငေးကြည့်နေခဲ့ကြပါတယ် ။

အဆိုပါအဖြစ်အပျက်ဟာ social media မှာ အတော်လေးကို ရေပန်းစားသွားခဲ့ပြီး အချို့က ငယ်ရွယ်တဲ့အချိန်ကို အပျော်ရွှင်ဆုံးဖြတ်သန်းသင့်တယ်ဆိုပြီး မှတ်ချက်ရေးသားခဲ့ကြသလို ၊ အချို့ကျတော့လည်း ရေအိုင်ထဲမှာ ဘာအကောင်တွေရှိမှန်းမသိနိုင်လို့ အခုလို မဆော့ကစားသင့်ကြောင်း မျိုးစုံမှတ်ချက်ပေးရေးသားခဲ့ကြပါတယ် ။

Credit-Jasmine (Mckzone Daily)

Zawgyi

မိခင်ဖြစ်သူက ရေကူးကန်မခေါ်သွားလို့ဆိုပြီး ကျောင်းနားက ရေအိုင်မှာရေကူးနေခဲ့လို့ မိဘခေါ်ခံလိုက်ရတဲ့ ကလေးငယ်

မိုးအရမ်းရွာနေတဲ့နေ့မှာ ကျောင်းသားတွေအတော်များများက ရေမစိုအောင်ဂရုစိုက်ပြီးသွားလာနေကြပေမဲ့ ၊ ကျောင်းသားတစ်ဦးကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ ပျော်ပျော်ပါးပါးကျောင်းဝန်းနားက ရေအိုင်လေးမှာ ရေဆင်းကူးနေခဲ့ပါတယ် ။

Rozita Abdul Razak အမည်ရှိတဲ့ အမျိုးသမီးက ကျောင်းမှတာဝန်ရှိသူတွေ သူမကိုလှမ်းခေါ်လိုက်လို့ သွားရောက်ကြည့်ရှုခဲ့စဉ်မှ သူမရဲ့သားလေးဟာ ရေအိုင်လေးမှာ တစ်ကယ့်ကို ပျော်ပျော်ပါးပါးရေကူးနေခဲ့တာပါ ။ Rozita ကိုမြင်တော့ သားဖြစ်သူက မအံ့သြတဲ့အပြင် ‘ အမေက ကျွန်တော့်ကိုတစ်ခါးမှ ရေကူးကန်ကို မခေါ်သွားဖူးတာ ‘ ဆိုပြီး ပြန်ပြောလိုက်ပါသေးတယ် ။

ဒါ့အပြင် သူမရဲ့သားကြီးဖြစ်သူမှာတော့ သားငယ်လေးကို ရေအိုင်ကနေ ထွက်လာအောင် လိုက်ဖမ်းနေခဲ့ရတာပါ ။

အခြားအတန်းဖော်ကျောင်းသားတွေကတော့ သူတို့ရဲ့အဖြစ်က ဘေးကနေသာ ငေးကြည့်နေခဲ့ကြပါတယ် ။

အဆိုပါအဖြစ်အပျက်ဟာ social media မှာ အတော်လေးကို ရေပန်းစားသွားခဲ့ပြီး အချို့က ငယ်ရွယ်တဲ့အချိန်ကို အပျော်ရွှင်ဆုံးဖြတ်သန်းသင့်တယ်ဆိုပြီး မှတ်ချက်ရေးသားခဲ့ကြသလို ၊

အချို့ကျတော့လည်း ရေအိုင်ထဲမှာ ဘာအကောင်တွေရှိမှန်းမသိနိုင်လို့ အခုလို မဆော့ကစားသင့်ကြောင်း မျိုးစုံမှတ်ချက်ပေးရေးသားခဲ့ကြပါတယ် ။

Crd