ဝက်သားကြော်လုပ်နည်း
ဝက်သားကြော် အတွက် လိုအပ်တာလေးတွေ
1. ဝက်သုံးထပ်သား ၁ ကီလို (၅ လကျမခနျ့အလြား နှငျ့ ၁ လက်မခွဲခန့် အနံ အတုံးများလှီးထားပါ။)
2. သစ်ဂျပိုးခေါက် (cinamon stick) အရှည် ၂ လက်မခွဲခန့် ၂ ချောင်း
3. နာနတ်ပွင့် (star anise) ၅ ပွင့်
4. ပဲငံပြာရည် အပျစ် (sweet soy sauce) ထမင်းစားဇွန်း ၁ ဇွန်း
5. အရသာမှုန့် (chicken powder) လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ
အသားမြုပ်အောင်တည်ထားသည့် ပွက်ပွက်ဆူနေသော ရေနွေးထဲ သစ်ဂျပိုး၊ နာနတ်ပွင့် နှင့် ဝက်သားထည့်ပြီး အိုးအဖုံး အနည်းငယ်ဟကာ အခေါက်ပျော့အောင် မိနစ် ၄၀ ခန့် medium heat ဖြင့်ပြုတ်ပေးပါ။
(ထွက်လာသည့် အမြှုပ်များအားခပ်ထုတ်ပြီး မဝေကျနိူင်တော့မှ အိုးအဖုံးကို လုံအောင်ဖုံးပါ။)
ပြီးလျှင် medium heat ဖြင့်အပူပေးထားသည့် ဟင်းချက်သည့် အိုးစောက်စောက်ထဲမှ (အရမ်းပေါက်တတ်သဖြင့် ဒယ်အိုးကိုမသုံးတာပါ။)
သိပ်မပူသေးသော ဆီထဲ တစ်ဖက်လျှင် ၅ မိနစ်ခန့်ဖြင့် ၁၀ မိနစ်ခန့် ကြော်ပါ။
အရမ်းပေါက်တတ်သဖြင့် လေးသည့်အိုးအဖုံးကို အနည်းငယ်ဟပြီးဖုံး ကာကြော်ပေးပါ။ မီးပိတ်ပြီးမှ နောက်တစ်ဖက်ကိုလှန်ပေးပါ။ လှန်ပြီးမှ မီးကိုပြန်ဖွင့်ပေးပါ။
မီးထပ်ပိတ်ပြီးမှ အသားကို ဆီစစ်ပြီး ဆယ်ထုတ်ပေးပါ။
ပြီးလျှင် ပုံပါအတိုင်းလှီးကာ မိမိကြိုက်နှစ်သက်သလို သုံးဆောင်နိူင်သလို၊ ပန်းပေါက်စီငရုတ်ချဉ်တို့ဖြင့်လည်း တွဲဖက်ပြီး အရသာရွိစြာ သုံးဆောင်နိူင်ပါပြီ။လေးစားလျှက် crd Crd
ဝကသြားကှောလြုပနြညြး
ဝကသြားကှောြ အတှကြ လိုအပတြာလေးတှေ