ဗဟုသုတ အစားအစာ

ကိုယ်တိုင်လုပ်စားရုံသာမက စီးပွားဖြစ်ပါ ရောင်းချနိုင်သော မာလာရှမ်းကောအနှစ်ပြုလုပ်နည်း

မာလာရှမ်းကောအနှစ်ပြုလုပ်နည်း

တစ်ပုလင်းစာအတွက်လိုအပ်ပစ္စည်းအခြောက်

1-သစ်ဂျပိုး ၆လက်မအရွယ် ၁ပိုင်း
2-ကရဝေးရွက် ၄ရွက်

3-နာနတ်ပွင့် ၃ပွင့်
4-ဇာတိတ်ဖိုလျဆံ ၁ခု

5-လေးညင်း ၄ပွင့်
6-ရှားကောလုံး ၂လုံး (အထုံအစပ်မကြိုက်လျော့ထည့်ပါ)

7-စီချွမ် ငြုပ်ကောင်း 1tbsp
8-ဇီယာ 1tbsp

9-စမုန္စပါး 1tbsp
10-ငြုပ်သီးခြောက်အတောင့် အတောင့်၂၀ခန့်

11-ဖာလာ ၆ခု
12-ငြုပ်အစိမ်းမှုန့် 1tbsp

အစိုအတွက်

(1)ကြက်သွန်ဖြူ ဗမာဥ ၆ဥ
(2)ဂျင်း ၂လက်မပတ်လည် ၁တက်

(3)ပန်းငြုပ်ပွ အနီ ၂လုံး(အနီမရရင် ငြုပ်ပွခြောက်ကိုရေစိမ်ပီးကြိတ်ပါ)
(4)မိုးမျှော်ငြုပ်သီးအနီ ၅ကျပ်သား

(5)ပဲငပိ အငန် 1tbsp
(6)ပဲငပိ အချဉ် 1tbsp

(7)ဆား (အရသာအတွက်)
(8)ပဲငံပြာရည် အကြည် (အရသာအတွက်)
(9)သကြား(အရသာအတွက်)

အချိုမှုန့်အသားမှုန့် လုံးဝမသုံးပါ

ပထမဆုံး ဒယ်ထဲဆီထည့်ပါ ပူလာရင် အခြောက် ingredients တွေကိုကြော်ပါ ၂မိနစ်ပျော့ပျော့လောက်ကြော်ပီးရင်ဆယ်ထုတ်ပါ ဆုံထဲထည့်ထောင်းပါ

(အမှုန့်ခြောက်တွေဘဲရှိတယ်ဆိုရင် ဒီအဆင့်ကိုကျော်လိုက်ပါ အစိုတွေဆီသတ်ပီးမှ အခြောက်မှုန့်ထည့်ပါ)

အစို 1-4 ထိကို ကြိတ်ပါ မကြိတ်ချင် ထောင်းပါစချက်မယ်နော်

စောစောက ဆီဒယ်အိုးကို ပြန်အပူပေးမယ် ဆီထပ်ထည့်မယ် (၂၅သားခန့်)

ဆီပူရင်1-4 ကြိတ်ထားတာကို ထည့်ဆီသတ်မယ် ကြက်သွန်နွမ်းရင် အခြောက်ကြော်ပီးထောင်းထားတာကိုထည့်မယ် မွှေမယ်

ပဲငပိ ၂မျိုးထည့်မယ် မွှေနေပေးမယ် ပဲငံပြာရည် သကြား ဆားကိုချိန်ညှိထည့်မယ် ဆီနီတွေထွက်လာရင် ဖိုပေါ်ကချ

အအေးခံပီး ပုလင်းထဲထည့် ရေခဲသေတ္တာ အအေးခန်းထဲ ထည့်သိမ်းပါ ၄လခံပါတယ်နော်

မိတ်ဆွေတွေသိအောင် like and share နဲ့ အသိပေးလိုက်ပါနော်

Zawgyi


2-ကရဝေးရွက် ၄ရွက်

3-နာနတ်ပွင့် ၃ပွင့်
4-ဇာတိတ်ဖိုလျဆံ ၁ခု

5-လေးညင်း ၄ပွင့်

8-ဇီယာ 1tbsp

9-စမုန္စပါး 1tbsp

11-ဖာလာ ၆ခု

အစိုအတွက်

(1)ကြက်သွန်ဖြူ ဗမာဥ ၆ဥ


(5)ပဲငပိ အငန် 1tbsp
(6)ပဲငပိ အချဉ် 1tbsp

(7)ဆား (အရသာအတွက်)
(9)သကြား(အရသာအတွက်)








